34 C
Yangon
May 22, 2018
  • Home
  • News
  • Business News
  • တရုတ်နိုင်ငံမှချေးငွေများသည် ပြည်ပကြွေးမြီ စုစုပေါင်း၏ ၄၄ ရာခိုင်နှုန်းရှိနေပြီး တရုတ်ချေးငွေနှင့် ပတ်သက်သည့် စာချုပ်စာတမ်းများ ပြန်လည်ဆန်းစစ်ခြင်းနှင့် လျှော့ပေါ့နိုင်သည့် အခွင့်အရေးများ ရှိပါက နည်းလမ်းရှာ စဉ်းစားသင့်ကြောင်း ….
Business News

တရုတ်နိုင်ငံမှချေးငွေများသည် ပြည်ပကြွေးမြီ စုစုပေါင်း၏ ၄၄ ရာခိုင်နှုန်းရှိနေပြီး တရုတ်ချေးငွေနှင့် ပတ်သက်သည့် စာချုပ်စာတမ်းများ ပြန်လည်ဆန်းစစ်ခြင်းနှင့် လျှော့ပေါ့နိုင်သည့် အခွင့်အရေးများ ရှိပါက နည်းလမ်းရှာ စဉ်းစားသင့်ကြောင်း ….

တရုတ်ချေးငွေနှင့်
တရုတ်နိုင်ငံမှချေးငွေများသည် ပြည်ပကြွေးမြီ စုစုပေါင်း၏ ၄၄ ရာခိုင်နှုန်းရှိနေပြီး တရုတ်ချေးငွေနှင့် ပတ်သက်သည့် စာချုပ်စာတမ်းများ ပြန်လည်ဆန်းစစ်ခြင်းနှင့် လျှော့ပေါ့နိုင်သည့် အခွင့်အရေးများ ရှိပါက နည်းလမ်းရှာ စဉ်းစားသင့်ကြောင်း ….
ဇွန် ၂၈ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဓာတ်ပုံ – မျိုးမင်းထက်)

တရုတ်နိုင်ငံမှချေးငွေများသည် ပြည်ပကြွေးမြီ စုစုပေါင်း၏ ၄၄ ရာခိုင်နှုန်းရှိနေပြီး တရုတ်ချေးငွေနှင့် ပတ်သက်သည့် စာချုပ်စာတမ်းများ ပြန်လည်ဆန်းစစ်ခြင်းနှင့် လျှော့ပေါ့နိုင်သည့် အခွင့်အရေးများ ရှိပါက နည်းလမ်းရှာ စဉ်းစားသင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ပြောကြား

ဇွန် ၂၈ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၇ ခုနှစ် ကာလလတ် ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာ ထုတ်ပြန်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးစဉ် ဒေါ်ခင်စန်းလှိုင်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ၏ စုစုပေါင်းကြွေးမြီ အမေရိကန်ဒေါ်လာ ကိုးဘီလျံရှိသည့်အနက် တရုတ်နိုင်ငံမှ ချေးယူထားသည့် ချေးငွေပမာဏမှာ ဒေါ်လာလေးဘီလျံနီးပါးရှိပြီး စုစုပေါင်းကြွေးမြီ၏ ၄၄ ရာခိုင်နှုန်းရှိနေကာ ချေးငွေအများစုမှာ လည်း ၄ ဒသမ ၅ ရာခိုင်နှုန်းရှိနေသောကြောင့် အခြားချေးငွေများက အတိုးနှုန်းသက်သာသည့်တိုင် နိုင်ငံမှထမ်းဆောင်နေရသည့် ပျမ်းမျှအတိုးနှုန်းမှာ မသက်သာလှကြောင်း ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

“ပြည်ပချေးငွေများ၏ ပျမ်းမျှအတိုးနှုန်းမှာ ၁ ဒသမ ၈၅ ရာခိုင်နှုန်းဖြစ်ပြီး အတိုးနှုန်း သုညမှ ၄ ဒသမ ၅ ရာခိုင်နှုန်းအတွင်း ရှိပါသည်လို့ ဖော်ပြထားချက်ကိုကြည့်ရင် ကျွန်မတို့နိုင်ငံ ခံစားနေရတဲ့ ပျမ်းမျှအတိုးနှုန်းဟာ အတန်အသင့်ကြီးမြင့်နေကြောင်း ထင်ရှားပေါ်လွင်နေပါတယ်။ ဆိုလိုတာက တရုတ်နိုင်ငံရဲ့ ချေးငွေပမာဏနဲ့ အတိုးနှုန်းဟာ ကျွန်မတို့နိုင်ငံရဲ့ ကြွေးမြီဝန်ထုပ်ဝန်ပိုးမှာ အဓိက အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်” ဟု ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် နှစ်နိုင်ငံအစိုးရအကြား ရယူထားသည့် ပြည်ပချေးငွေအများစုမှာ ဆိုင်းငံ့ကာလ အပါအ၀င် ၁၀ နှစ်မှ နှစ် ၄၀ အထိ ဖော်ပြထားရာ ပြည်ပချေးငွေအများစု၏ ဆိုင်းငံ့ကာလမှာ အများဆုံး ၁၀ နှစ်အထိဆိုသည်မှာ မှန်ကန်သော်လည်း တရုတ်နိုင်ငံ၏ ချေးငွေအများစုမှာ ဆိုင်းငံ့ကာလ ငါးနှစ်ဝန်းကျင်သာရှိကြောင်း၊ ဇွန် ၁ ရက်က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်လည်း အတိုးနှုန်းကြီးမြင့်သည့် ကြွေးမြီဆိုင်ရာ စာချုပ်များကို ပြန်လည်ဆန်းစစ်ရန်၊ စာချုပ်ပါ အချက်အလက်များအရ သက်သာရာ သက်သာကြောင်း အခွင့်အလမ်းများရှိပါက နှစ်နိုင်ငံအစိုးရများ ပြန်လည်ညှိနှိုင်းကြရန်၊ အကျိုးအပြစ်များ ချင့်ချိန်တွက်ဆပြီး Development Policy Operation – DPO loan များ ရရှိလာပါက ပြန်လည်ဆပ်ခွင့်ရှိလျှင် ပြန်ဆပ်ရန် ဆွေးနွေးခဲ့ကြောင်းလည်း ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

“ကျွန်မအနေနဲ့အခုလည်း ကြွေးမြီဝန်ထုပ်ဝန်ပိုးကြီးမြင့်စေတဲ့ တရုတ်နိုင်ငံ ချေးငွေများနဲ့ပတ်သက်ပြီး စာချုပ်စာတမ်းတွေကို ပြန်လည်ဆန်းစစ်ခြင်း၊ လျှော့ပေါ့နိုင်တဲ့ အခွင့်အလမ်းတွေရှိခဲ့ရင် နည်းလမ်းရှာပြီး နှစ်နိုင်ငံ အစိုးရများအကြား ပြန်လည်ညှိနှိုင်းခြင်း စတာတွေကို နိုင်ငံတော်နဲ့ နိုင်ငံသားတို့အကျိုး စီးပွားကိုရှေးရှုပြီး အခုကာလလတ် ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာမှာ ထည့်သွင်းစဉ်းစားသင့်ပါကြောင်း အကြံပြုတင်ပြပါတယ်”ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

Ref:Eleven Media

Related posts

မုန်တိုင်း နှင့်ပါလာသည့်မိုးကြောင့် ကြက်သွန်ခင်းများရေမြုပ်ပျက်စီး

Nandar Lwin

အရောင်းထွက်နည်း စိတ်ပညာလှည့်ကွက်များ

OMCTC

အလုပ်လုပ်တယ်ဆိုတာ ပညာရှာခြင်း တစ်မျိုးပဲ

OMCTC

Leave a Comment