29 C
Yangon
May 23, 2018
  • Home
  • News
  • Politics
  • တူရကီႏွင့္ မြန္ဂုိလီးယားကုိ အာဆီယံအဖြဲ႕၀င္အျဖစ္ လက္ခံလုိေသာ ဒူတာတီကုိ ေဒၚေအာင္ဆန္းစုၾကည္ ေမးခြန္းထုတ္
Politics

တူရကီႏွင့္ မြန္ဂုိလီးယားကုိ အာဆီယံအဖြဲ႕၀င္အျဖစ္ လက္ခံလုိေသာ ဒူတာတီကုိ ေဒၚေအာင္ဆန္းစုၾကည္ ေမးခြန္းထုတ္

ေဒၚေအာင္ဆန္းစုၾကည္

ဖိလစ္ပိုင္သမၼတ ဒူတာတီ၏ ျမန္မာႏိုင္ငံခရီးစဥ္တြင္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ ဒူတာတီတို႔ကို ေနျပည္ေတာ္၌ ညစာစားပြဲမတိုင္မီ ေတြ႕ရစဥ္ (ဓာတ္ပံု − ဟိန္းထက္ / အီးပီေအ)
တူရကီႏွင့္ မြန္ဂုိလီး ယားႏုိင္ငံတုိ႔ကုိ အေရွ႕ေတာင္အာ ရွႏုိင္ငံမ်ားအသင္း (အာဆီယံ) အဖြဲ႕၀င္အျဖစ္ လက္ခံရန္ သ ေဘာတူေသာ ဖိလစ္ပုိင္သမၼတ ဒူတာတီကုိ ေဒၚေအာင္ဆန္းစု ၾကည္က ေမးခြန္းထုတ္ခဲ့ေၾကာင္း ေအအက္ဖ္ပီသတင္းဌာနက အစီ ရင္ခံသည္။

ျမန္မာ့ေခါင္းေဆာင္ ေဒၚ ေအာင္ဆန္းစုၾကည္ ေမးခြန္း ထုတ္ခဲ့ျခင္းႏွင့္ ပတ္သက္၍ ဖိ လစ္ပုိင္တြင္ ေမလ ၁၆ ရက္က ဖိလစ္ပုိင္သမၼတက သတင္း ေထာက္မ်ားအား ျပန္လည္ေျပာ ျပသည္။

‘‘တူရကီႏွင့္ မြန္ဂုိလီးယားက အာဆီယံေဒသ အစိတ္အပုိင္း ဟုတ္လား၊ မဟုတ္ဘူးလားဆုိ တာ ပထ၀ီအေနအထားေကာ ရွင္ထည့္သြင္းစဥ္းစားမိရဲ႕လား လုိ႔ သူ(ေဒၚေအာင္ဆန္းစုၾကည္)ကေမးတယ္’’ ဟု ဒူတာတီက ေျပာသည္။

အာဆီယံအဖြဲ႕၏ ယခုႏွစ္ အလွည့္က်ဥကၠ႒ျဖစ္ေသာ ဖိလစ္ ပုိင္သမၼတက ‘‘ဟုတ္တာေပါ့။ သူ တို႔ႏွစ္ႏုိင္ငံစလုံးက အာဆီယံအ စိတ္အပုိင္းေတြလုိ႔ ကြၽန္ေတာ္က ေတာ့ ေျပာမွာပဲ’’ ဟု ဆုိသည္။

ေဘဂ်င္းၿမိဳ႕တြင္ ေမလ ၁၄ ႏွင့္ ၁၅ ရက္က ႏွစ္ရက္ၾကာ ျပဳ လုပ္ခဲ့ေသာ ရပ္၀န္းတစ္ခု၊ လမ္း ေၾကာင္းတစ္ခု ပုိးလမ္းမသစ္စီမံ ကိန္း ထိပ္သီးအစည္းအေ၀း၌ တူရကီသမၼတႏွင့္ မြန္ဂုိလီးယား ၀န္ႀကီးခ်ဳပ္တုိ႔က ၎ႏွင့္သီးသန္႔ ေတြ႕ဆုံစဥ္ အာဆီယံအဖြဲ႕အ တြင္းသုိ႔ ၎တုိ႔ ႏွစ္ႏုိင္ငံ၀င္ေရာက္ ရန္ ဆႏၵရွိေၾကာင္း ေျပာၾကားခဲ့ သည္ဟု မစၥတာဒူတာတီက ေျပာ ၾကားသည္။

‘‘သူတို႔က အာဆီယံထဲ၀င္ ခ်င္ၾကတယ္။ အခုကြၽန္ေတာ္က ဥကၠ႒တာ၀န္ယူထားေတာ့၊ ဖိ လစ္ပုိင္ကဥကၠ႒ျဖစ္ေနေတာ့ သူ တို႔အဖြဲ႕၀င္ျဖစ္ေရးအတြက္ ကြၽန္ ေတာ္ကပံ့ပုိးစီစဥ္ေထာက္ခံေပး ဖုိ႔ သူတို႔က ဆႏၵရွိတယ္။ ကြၽန္ ေတာ္ကလည္း ရတာေပါ့။ ဘာ လုိ႔ မရရမွာလဲလုိ႔ ေျပာခဲ့တယ္’’ ဟု ဒူတာတီက သတင္းေထာက္ မ်ားအား ေျပာၾကားသည္။

တူရကီသည္ အာရွတုိက္ႏွင့္ ဥေရာပတိုက္ႏွစ္တုိက္ၾကား ခြ လ်က္တည္ရွိၿပီး အေရွ႕အလယ္ ပုိင္းေဒသႏွင့္ နယ္နိမိတ္ခ်င္းထိ စပ္ေနေသာ ေနတုိးအဖြဲ႕၀င္ႏုိင္ငံ ျဖစ္သည္။ ဥေရာပသမဂၢအဖြဲ႕၀င္ ျဖစ္ေရး တူရကီ၏ေလွ်ာက္ထားမႈ ႏွစ္ေပါင္းမ်ားစြာ ၾကာသည့္တိုင္ အေၾကာင္းမထူးဘဲ ဟန္႔တားခံ ထားရသည္။ မြန္ဂုိလီးယားႏုိင္ငံ သည္ တ႐ုတ္ႏွင့္ ႐ုရွားႏုိင္ငံၾကား ညပ္ေနေသာ ကုန္းတြင္းပိတ္ႏုိင္ငံ ျဖစ္သည္။

အာဆီယံအဖြဲ႕၀င္ျဖစ္မႈအ တြက္ ပထမဆုံးစံသတ္မွတ္ခ်က္ မွတ္ေက်ာက္မွာ ပထ၀ီ၀င္တည္ ေနရာအေနအထားျဖစ္ၿပီး အဖြဲ႕ ၀င္သစ္လက္ခံရန္ က်န္အဖြဲဲ႕၀င္ ႏုိင္ငံမ်ားအားလုံး၏ အသိအမွတ္ ျပဳမႈလည္း လုိအပ္သည္။ အေရွ႕ ေတာင္အာရွႏုိင္ငံမ်ားအသင္း၏ အဖြဲ႕၀င္ ၁၀ ႏုိင္ငံသည္ ဘ႐ူႏုိင္း၊ ကေမၻာဒီးယား၊ အင္ဒုိနီးရွား၊ လာ အုိ၊ မေလးရွား၊ ျမန္မာ၊ ဖိလစ္ ပုိင္၊ စင္ကာပူ၊ ထုိင္းႏွင့္ ဗီယက္ နမ္ႏုိင္ငံတုိ႔ ျဖစ္သည္။

အေရွ႕ေတာင္အာရွေဒသ တြင္ပင္ တည္ရွိၿပီး အင္ဒုိနီးရွား ႏုိင္ငံအနီးရွိ တီေမာလက္စေတ ႏုိင္ငံသည္ အာဆီယံအဖြဲ႕၀င္ျဖစ္ ရန္ ႏွစ္ေပါင္းမ်ားစြာႀကိဳးပမ္း ခဲ့ေသာ္လည္း ယခုအခ်ိန္ထိ ေလ့ လာသူအဆင့္သာ ရွိေသးသည္။ မြန္ဂုိလီးယားႏွင့္ တူရကီထက္စာ လွ်င္ အာဆီယံေဒသႏွင့္ မ်ားစြာ ပုိနီးကပ္စြာ တည္ရွိေနၿပီး အိႏိၵယ ႏိုင္ငံေတာင္ပုိင္းတြင္ရွိေသာ သီရိ လကၤာႏိုင္ငံကုိပင္ လြန္ခဲ့သည့္ ဆယ္စုႏွစ္ေလးခုအၾကာ အာဆီ ယံအဖြဲ႕တည္ေထာင္ခ်ိန္က အဖြဲ႕ ၀င္အျဖစ္ လက္မခံဘဲ ျငင္းပယ္ ခဲ့သည္။

တူရကီႏွင့္ မြန္ဂုိလီးယားကုိ အာဆီယံအဖြဲ႕၀င္အျဖစ္ သေဘာ တူူေသာ မစၥတာဒူတာတီ၏ မွတ္ ခ်က္ႏွင့္ ပတ္သက္၍ အာဆီယံ အတြင္း၀န္႐ုံးသုိ႔ ဆက္သြယ္ေမး ျမန္းရာ ထုိႏွစ္ႏုိင္ငံအေနျဖင့္ အာ ဆီယံအဖြဲ႕၀င္အျဖစ္ ေလွ်ာက္ ထားျခင္းမရွိဟု အေၾကာင္းျပန္ ေျဖၾကားခဲ့သည္။ ဒူတာတီကမူ ထုိႏွစ္ႏိုင္ငံ အာဆီယံံအဖြဲ႕၀င္ ျဖစ္ေရး ေတာင္းဆုိမည္ဟုဆုိ သည္။
Ref:7day

တူရကီႏွင့္ မြန္ဂုိလီးယားကုိ အာဆီယံအဖြဲ႕၀င္အျဖစ္ လက္ခံလုိေသာ ဒူတာတီကုိ ေဒၚေအာင္ဆန္းစုၾကည္ ေမးခြန္းထုတ္


Unicode

တူရကီနှင့် မွန်ဂိုလီးယားကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံလိုသော ဒူတာတီကို ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်

ဖိလစ်ပိုင်သမ္မတ ဒူတာတီ၏ မြန်မာနိုင်ငံခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒူတာတီတို့ကို နေပြည်တော်၌ ညစာစားပွဲမတိုင်မီ တွေ့ရစဉ် (ဓာတ်ပုံ − ဟိန်းထက် / အီးပီအေ)
တူရကီနှင့် မွန်ဂိုလီး ယားနိုင်ငံတို့ကို အရှေ့တောင်အာ ရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်အဖြစ် လက်ခံရန် သ ဘောတူသော ဖိလစ်ပိုင်သမ္မတ ဒူတာတီကို ဒေါ်အောင်ဆန်းစု ကြည်က မေးခွန်းထုတ်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနက အစီ ရင်ခံသည်။

မြန်မာ့ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် မေးခွန်း ထုတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဖိ လစ်ပိုင်တွင် မေလ ၁၆ ရက်က ဖိလစ်ပိုင်သမ္မတက သတင်း ထောက်များအား ပြန်လည်ပြော ပြသည်။

‘‘တူရကီနှင့် မွန်ဂိုလီးယားက အာဆီယံဒေသ အစိတ်အပိုင်း ဟုတ်လား၊ မဟုတ်ဘူးလားဆို တာ ပထဝီအနေအထားကော ရှင်ထည့်သွင်းစဉ်းစားမိရဲ့လား လို့ သူ(ဒေါ်အောင်ဆန်းစုကြည်)ကမေးတယ်’’ ဟု ဒူတာတီက ပြောသည်။

အာဆီယံအဖွဲ့၏ ယခုနှစ် အလှည့်ကျဥက္ကဋ္ဌဖြစ်သော ဖိလစ် ပိုင်သမ္မတက ‘‘ဟုတ်တာပေါ့။ သူ တို့နှစ်နိုင်ငံစလုံးက အာဆီယံအ စိတ်အပိုင်းတွေလို့ ကျွန်တော်က တော့ ပြောမှာပဲ’’ ဟု ဆိုသည်။

ဘေဂျင်းမြို့တွင် မေလ ၁၄ နှင့် ၁၅ ရက်က နှစ်ရက်ကြာ ပြု လုပ်ခဲ့သော ရပ်ဝန်းတစ်ခု၊ လမ်း ကြောင်းတစ်ခု ပိုးလမ်းမသစ်စီမံ ကိန်း ထိပ်သီးအစည်းအဝေး၌ တူရကီသမ္မတနှင့် မွန်ဂိုလီးယား ၀န်ကြီးချုပ်တို့က ၎င်းနှင့်သီးသန့် တွေ့ဆုံစဉ် အာဆီယံအဖွဲ့အ တွင်းသို့ ၎င်းတို့ နှစ်နိုင်ငံဝင်ရောက် ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ သည်ဟု မစ္စတာဒူတာတီက ပြော ကြားသည်။

‘‘သူတို့က အာဆီယံထဲဝင် ချင်ကြတယ်။ အခုကျွန်တော်က ဥက္ကဋ္ဌတာဝန်ယူထားတော့၊ ဖိ လစ်ပိုင်ကဥက္ကဋ္ဌဖြစ်နေတော့ သူ တို့အဖွဲ့ဝင်ဖြစ်ရေးအတွက် ကျွန် တော်ကပံ့ပိုးစီစဉ်ထောက်ခံပေး ဖို့ သူတို့က ဆန္ဒရှိတယ်။ ကျွန် တော်ကလည်း ရတာပေါ့။ ဘာ လို့ မရရမှာလဲလို့ ပြောခဲ့တယ်’’ ဟု ဒူတာတီက သတင်းထောက် များအား ပြောကြားသည်။

တူရကီသည် အာရှတိုက်နှင့် ဥရောပတိုက်နှစ်တိုက်ကြား ခွ လျက်တည်ရှိပြီး အရှေ့အလယ် ပိုင်းဒေသနှင့် နယ်နိမိတ်ချင်းထိ စပ်နေသော နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။ ဥရောပသမဂ္ဂအဖွဲ့ဝင် ဖြစ်ရေး တူရကီ၏လျှောက်ထားမှု နှစ်ပေါင်းများစွာ ကြာသည့်တိုင် အကြောင်းမထူးဘဲ ဟန့်တားခံ ထားရသည်။ မွန်ဂိုလီးယားနိုင်ငံ သည် တရုတ်နှင့် ရုရှားနိုင်ငံကြား ညပ်နေသော ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သည်။

အာဆီယံအဖွဲ့ဝင်ဖြစ်မှုအ တွက် ပထမဆုံးစံသတ်မှတ်ချက် မှတ်ကျောက်မှာ ပထဝီဝင်တည် နေရာအနေအထားဖြစ်ပြီး အဖွဲ့ ၀င်သစ်လက်ခံရန် ကျန်အဖွဲဲ့ဝင် နိုင်ငံများအားလုံး၏ အသိအမှတ် ပြုမှုလည်း လိုအပ်သည်။ အရှေ့ တောင်အာရှနိုင်ငံများအသင်း၏ အဖွဲ့ဝင် ၁၀ နိုင်ငံသည် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာ အို၊ မလေးရှား၊ မြန်မာ၊ ဖိလစ် ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက် နမ်နိုင်ငံတို့ ဖြစ်သည်။

အရှေ့တောင်အာရှဒေသ တွင်ပင် တည်ရှိပြီး အင်ဒိုနီးရှား နိုင်ငံအနီးရှိ တီမောလက်စတေ နိုင်ငံသည် အာဆီယံအဖွဲ့ဝင်ဖြစ် ရန် နှစ်ပေါင်းများစွာကြိုးပမ်း ခဲ့သော်လည်း ယခုအချိန်ထိ လေ့ လာသူအဆင့်သာ ရှိသေးသည်။ မွန်ဂိုလီးယားနှင့် တူရကီထက်စာ လျှင် အာဆီယံဒေသနှင့် များစွာ ပိုနီးကပ်စွာ တည်ရှိနေပြီး အိန္ဒိယ နိုင်ငံတောင်ပိုင်းတွင်ရှိသော သီရိ လင်္ကာနိုင်ငံကိုပင် လွန်ခဲ့သည့် ဆယ်စုနှစ်လေးခုအကြာ အာဆီ ယံအဖွဲ့တည်ထောင်ချိန်က အဖွဲ့ ၀င်အဖြစ် လက်မခံဘဲ ငြင်းပယ် ခဲ့သည်။

တူရကီနှင့် မွန်ဂိုလီးယားကို အာဆီယံအဖွဲ့ဝင်အဖြစ် သဘော တူူသော မစ္စတာဒူတာတီ၏ မှတ် ချက်နှင့် ပတ်သက်၍ အာဆီယံ အတွင်းဝန်ရုံးသို့ ဆက်သွယ်မေး မြန်းရာ ထိုနှစ်နိုင်ငံအနေဖြင့် အာ ဆီယံအဖွဲ့ဝင်အဖြစ် လျှောက် ထားခြင်းမရှိဟု အကြောင်းပြန် ဖြေကြားခဲ့သည်။ ဒူတာတီကမူ ထိုနှစ်နိုင်ငံ အာဆီယံံအဖွဲ့ဝင် ဖြစ်ရေး တောင်းဆိုမည်ဟုဆို သည်။
Ref:7day

Related posts

တူရကီဂ်က္တိုက္ေလယာဥ္မ်ားႏွင့္ ဒ႐ုန္းေလယာဥ္မ်ား အီရတ္ေျမာက္ပိုင္းကို ဗုံးႀကဲ

OMCTC

မႏၲေလးၿမိဳ႕ လွ်ပ္စစ္အင္ဂ်င္နီယာ ၀န္ထမ္းရိပ္သာတြင္ အမ်ိဳးသမီးႀကီး တစ္ဦးအား လူသတ္ပစၥည္း ယူသြားေသာ ျဖစ္စဥ္မွာ ႏွစ္ႏွစ္ေက်ာ္ၿပီ ျဖစ္ေသာ္လည္း က်ဴးလြန္သူကုိ ေဖာ္ထုတ္ႏုိင္ျခင္း မရွိေသး

OMCTC

အင္န္အယ္လ္ဒီနဲ႔ မီဒီယာဆက္ဆံေရး

OMCTC

Leave a Comment