25 C
Yangon
May 25, 2018
  • Home
  • News
  • International News
  • တူတူပုန်းတမ်းကစားရင်း အ၀တ်လျှော်စက်ထဲ ပိတ်မိနေလို့ မီးသတ်သမားတွေ ထုတ်ပေးခဲ့ရတဲ့ ၇နှစ်အရွယ်ကောင်လေး
International News

တူတူပုန်းတမ်းကစားရင်း အ၀တ်လျှော်စက်ထဲ ပိတ်မိနေလို့ မီးသတ်သမားတွေ ထုတ်ပေးခဲ့ရတဲ့ ၇နှစ်အရွယ်ကောင်လေး

၇နှစ်အရွယ်ကောင်လေး

ယူကရိန်းက ဒီ၇နှစ်အရွယ်ကောင်လေးက ကစားရင်း ဘယ်သူမှမသိနိုင်တဲ့နေရာ အ၀တ်လျှော်စက်ထဲမှာ ပုန်းဖို့ ထူးထူးဆန်းဆန်း စိတ်ကူးရ
ခဲ့ပေမယ့် မကြာမီမှာ ခက်ခဲတဲ့ အခြေအနေတစ်ခုကို သူကိုယ်တိုင်ကြုံတွေ့ခဲ့ရပါတယ်။ ထိုကောင်လေးသည် အိမ်ကအ၀တ်လျှော်စက်ထဲမှာ
ညပ်မိနေခဲ့ပြီး အော်ဟစ်အကူအညီတောင်းခဲ့ပါတယ်။ မိသားစုက ကောင်လေးကို ဆွဲထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့တာကြောင့် အရေးပေါ်
ဝန်ဆောင်မှုများကို ခေါ်ခဲ့ရပါတယ်။

မီးသတ်သမား ၄ဦးရောက်ရှိလာတဲ့အခါ သူတို့အတွေ့အကြုံများနှင့်အတူ နေကြာဆီနဲ့ သူကိုလောင်းပြီး ထုတ်ဖို့ စိတ်ကူးရခဲ့ပါတယ်။ သူ့ကို
ဆီထဲမှာ လိမ်းကျံခဲ့ပြီး မကြာခင်မှာ စက်အပြင်ကို ထုတ်ခဲ့ရပါတယ်။ အဆိုပါကယ်ဆယ်ရေးသမားတွေက ထိုကောင်လေးအား ဒဏ်ရာ ရမရ
စစ်ဆေးပေးခဲ့ရပါတယ်။ ထိုကယ်ဆယ်ရေးလုပ်ငန်းက မိနစ်၂၀ကြာခဲ့တယ်လို့ မီးသတ်သမားများက အွန်လိုင်းမှာ ဖော်ပြခဲ့ပါတယ်။
#TB_Nandar
Souce- ntd.tv

Related posts

မန်ချက်စတာတိုက်ခိုက်မှု ကျူးလွန်သူ အကြမ်းဖက်ကွန်ရက်တခုနှင့် ချိတ်ဆက်နေဟု ဗြိတိန်ရဲတပ်ဖွဲ့ ပြော

Nandar Lwin

ငယ်ငယ်ကသူမရဲ့ဘဝကို ထုတ်ဖော်ပြခဲ့တဲ့ အမေရိကန် ကျောင်းသူလေး

Naung Naung

တောင်ကိုရီးယားရှိ THAAD ဒုံးခွင်းဒုံးစနစ် ကနဦးအဆင့် စတင်သက်ဝင်လာ

Nandar Lwin

Leave a Comment