29 C
Yangon
May 23, 2018
  • Home
  • News
  • Sports News
  • တိုက်စစ်မှူး အောင်သူ၏ သွင်းဂိုး ၂ ဂိုးဖြင့် မြန်မာက စင်ကာပူကို အနိုင်ယူ
Sports News

တိုက်စစ်မှူး အောင်သူ၏ သွင်းဂိုး ၂ ဂိုးဖြင့် မြန်မာက စင်ကာပူကို အနိုင်ယူ

မြန်မာ

မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ ၂၉ ကြိမ်မြောက် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် မြန်မာနဲ့ စင်ကာပူတို့ ဒီနေ့ မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီခွဲက စတင်ယှဉ်ပြိုင်ရာ မြန်မာအသင်းက တိုက်စစ်မှူး အောင်သူရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

မြန်မာအသင်းဟာ ဂိုးသမားနေရာမှာ ဆန်းဆက်နိုင်ကို အသုံးပြုပြီး နောက်တန်းမှာ သီဟထက်အောင်၊ ထိုက်ထိုက်အောင်၊ ဟိန်းသီဟဇော်၊ နန်းဝေမင်း၊ အလယ်တန်း ရန်နိုင်ဦး၊ လှိုင်းဘိုဘို၊ မောင်မောင်လွင်၊ စည်သူအောင်၊ ရှေ့တန်း အောင်သူနဲ့ အောင်ကောင်းမာန် စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။

မြန်မာအသင်းဟာ ပွဲစကတည်းက တောက်လျှောက် တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲအစ ဆယ်မိနစ်ဝန်းကျင်မှာပဲ ထောင့်ကန်ဘော အကြိမ်ကြိမ် ရခဲ့ပါတယ်။

ပွဲအစ ၆ မိနစ်မှာ မြန်မာအလယ်တန်းလူ မောင်မောင်လွင် ဂိုးဧရိယာထဲက အပိုင်ခေါင်းတိုက်ချက် စင်ကာပူ ဂိုးသမား ဖမ်းမိခဲ့ပါတယ်။

စင်ကာပူအသင်းမှာ ပထမပိုင်းမှာ မြန်မာအသင်းဘက်ကို ထိရောက်တဲ့တိုက်စစ်ဆင်မှု အနည်းငယ်သာ လုပ်နိုင်ခဲ့ပါတယ်။

မြန်မာအတွက် အဖွင့်ဂိုးကို ပွဲချိန် ၄၅ မိနစ် ပထမပိုင်းပြီးခါနီးမှာ ရရှိခဲ့ပြီး တိုက်စစ်မှူး အောင်သူက အနီးကပ် သွင်းယူခဲ့ပြီး ပထမပိုင်းအပြီးမှာ မြန်မာအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ပါတယ်။

ဒုတိယပိုင်း ပွဲစတာနဲ့ စင်ကာပူအသင်းက ထိုးဖောက်တိုက်စစ်ဆင် ကစားပြီး ဂိုးသွင်းဖို့ ကြိုးစားခဲ့ပါတယ်။

မြန်မာ ယူ၁၈ နဲ့အင်တာမီလန်ယူ၁၈ တစ်ဖက်၂ဂိုးစီ သရေကျ

 ဒါပေမယ့်လည်း ဦးဆောင်ဂိုးကိုတော့ မြန်မာအသင်းကပဲ ထပ်မံရရှိသွားပြီး ပွဲချိန် ၆၁ မိနစ်မှာ မောင်မောင်လွင်ရဲ့ ပေးပို့မှုကို တိုက်စစ်မှူး အောင်သူကပဲ အနီးကပ်ပိတ်သွင်းပြီး ရယူပေးခဲ့တာပါ။

ဒီ့နောက် မြန်မာအသင်းဟာ ကွင်းလယ်ကစားသမား ရန်နိုင်ဦးအစား ရဲရင့်ထွန်း၊ တိုက်စစ်မှူး အောင်ကောင်းမာန်အစား သန်းပိုင်နဲ့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ လှိုင်းဘိုဘိုအစား မောင်မောင်စိုးတို့ကို လူစားလဲကစားခဲ့ပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာ စင်ကာပူ တိုက်စစ်မှူးတဦး မြန်မာဂိုးဧရိယာထဲက အနီးကပ်ပိတ်သွင်းဖို့ ကြိုးခဲ့ပေမယ့် လွဲချော်ခဲ့လို့ နစ်နာခဲ့ရပါတယ်။

ဒီ့နောက် တဘက်နဲ့တဘက် ဂိုးထပ်မသွင်းနိုင်တော့ဘဲ ပွဲအပြီးမှာ မြန်မာအသင်းက စင်ကာပူကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ၃ မှတ် စယူနိုင်ခဲ့ပါတယ်။

၂၀၁၇ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ အုပ်စု က မှာ မြန်မာအသင်းဟာ အိမ်ရှင်မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်း၊ လာအိုအသင်းတို့နဲ့ တအုပ်စုတည်း ကျနေပြီး အုပ်စု ဒုတိယပွဲစဉ်အဖြစ် လာမယ့် သြဂုတ် ၁၆ ရက်နေ့မှာ လာအိုအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Ref-DVB

Related posts

မြန်မာယူ-၂၂ အသင်း မလေးရှားယူ-၂၂ ကို ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့် (ဓာတ်ပုံ)

Kyaw Htike Aung

ယူရိုပါလိဂ်နောက်ဆုံး (၁၆) သင်းအဆင့်သို့ အင်္ဂလန် သုံးသင်းနှင့် စပိန်လေးသင်းတက်ရောက်

OMCTC

လူကြိုက်မများတဲ့ တိုက်စစ်မှူး ဒီယေဂိုကော်စတာ

OMCTC

Leave a Comment