25 C
Yangon
June 22, 2018
  • Home
  • Lifestyle
  • Health & Beauty
Health & Beauty


ဆံကေသာ



















ဝက်ခြံ/အမာရွတ်တွေကို ဖယ်ရှားပေးပြီး အသားအရေကိုချောမွေ့စေမဲ့နည်းလမ်းအချို့

#Lifestyle_Myanmar
#Thar_Nage


Unicode

ဆံကေသာကို ဖြောင့်စင်းပြီး ပျော့ပျောင်းစေမဲ့ သဘာဝခေါင်းလျှော်နည်းအချို့

အုန်းနို့ဖြင့် ခေါင်းလျှော်ခြင်း
အုန်းနို့ဟာ ဆံကေသာကို ဖြောင်းစင်းစေခြင်း၊ ဘက်တီးရီးယားများကို ဆန့်ကျင်စေပြီး ဦးရေပြားမှ ကူးစက်နိုင်တဲ့ ရောဂါများကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ဦးရေပြားကို အေးမြစေပြီးဆံကေသာကိုလည်း သန်စွမ်းစေပါတယ်။ ခေါင်းလျှော်တဲ့အခါမှာ ဆံကေသာကို အုန်းနို့ဖြင့် ၁၀မိနစ်ခန့် ပေါင်းထားပြီးမှ ခေါင်းကို လျှော်ပါ။

ဘီယာဖြင့် ခေါင်းလျှော်ခြင်း
ဘီယာဟာ ထိပ်တန်းအိမ်းသုံးဆေးတစ်လက်ဖြစ်ပြီး ဆံကေသာအတွက် အရမ်းကို အသုံးဝင်တဲ့ ဆေးနည်းလေးပဲဖြစ်ပါတယ်။ ဆံကေသာကို ဖြောင်းစင်းပြီး နက်မှောင်စေတဲ့ ဗီတာမင်နဲ့ Antioxidants ဓာတ်များကြွယ်ဝစွာပါဝင်ပါတယ်။ ခေါင်းမလျှော်ခင် ဘီယာဖြင့် အရင်ပေါင်းတင်ပြီးမှ သက်နှစ်သက်ရာ Shampoo ဖြင့် ခေါင်းကို လျှော်ပေးပါ။

ရှားစောင်းလက်ပတ်ဖြင့်ခေါင်းလျှော်ခြင်း
ရှားစောင်းလက်ပတ်ဟာ ကျန်းမာရေးအတွက် ဘက်စုံသုံးဆေးကောင်းတစ်လက်ဖြစ်သလို ဆံပင်အတွက်လည်း အရမ်းကိုကောင်းမွန်စေပါတယ်။ ရှားစောင်းလက်ပတ်ထဲက အသားကို ခြစ်ထုတ်ပြီးဆံပင်ပေါ်တွင် မိနစ် ၃၀ခန့် ပေါင်းထားပေးပါ။ အချိန်တိုအတွင်း ရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

နို့နဲ့ ပျားရည်ရောစပ်ပြီး ခေါင်းလျှော်ခြင်း
ပျားရည် စားပွဲတင်ဇွန်း ၁ဇွန်း (15ml) နဲ့ နို့ (240 ml) တစ်ခွက် ကို ရောစပ်ပြီး ခေါင်းလျှော်ပေးပါ။ ပျားရည်ရဲ့ သန့်စင်နဲ့ ဂုဏ်သတ္တိနဲ့ နို့တွင်ပါဝင်တဲ့ ဗီတာမင်ဟာ သင့်ဆံပင်ကို ဖြောင့်စင်းပျော့ပျောင်းစေပြီးတောက်ပမှုကို ဖြစ်ပေါ်စေပါတယ်။

ငှက်ပျောသီးဖြင့် ခေါင်းလျှော်ခြင်း
ငှက်ပျောသီးဟာ ဆံကေသာကို ကျန်းမာသန်စွမ်းစေတဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်။ ငှက်ပျောသီးအမှည့်နှစ်လုံးကို ခရင်မ် အနေအထားရောက်အောင် ချေပေးပါ။ ပြီးလျှင် သင့်ဆံပင်ပေါ်တွင် မိနစ်အနည်းငယ်ကြာအောင် သုတ်လိမ်းထားပေးပြီးမှ ခေါင်းကို လျှော်ပါ။ ဆံပင်ကို ဖြောင့်စင်းစေပြီး တောက်ပမှုကို ပေးစွမ်းနိုင်ပါတယ်။ အသုံးပြုတဲ့အခါ ပိုမှည့်ပျော်သော ငှက်ပျောသီးကို အသုံးပြုခြင်းက ပိုကောင်းပါတယ်။

တရုတ်နံနံပင်ဖြင့် ခေါင်းလျှော်ခြင်း
တရုတ်နံနံပင်ဟာ အိမ်သုံးသဘာဝဆေးကောင်းတစ်လက်ဖြစ်ပြီး သင့်ဆံပင် ကြီးထွားမှုနှုန်းကိုလည်း ပိုမိုမြန်ဆန်စေပါတယ်။ ခေါင်းလျှော်တဲ့အခါမှာ ရေထဲတွင် အဆိုပါ တရုတ်နံနံပင်ကို ချေထည့်ပြီး ထိုရည်ဖြင့်ခေါင်းလျှော်ပေးပါ။

Related posts

နှင်းဆီရည်ကိုအလှအပအတွက်အိမ်မှာကိုယ်တိုင်ပြုလုပ်ကြမယ်။

OMCTC

သင့်အစားအသောက်တွေ မကောင်းတဲ့ဘက်ပြောင်းနေပြီဆိုတဲ့ လက္ခဏာလေးတွေ

Nandar Lwin

ဝိုင်နီသောက်ခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများ

OMCTC

Leave a Comment