ဆံေကသာကို တန္ဖိုးထားသူတိုင္း မျပဳလုပ္သင့္တဲ့ အမွားမ်ား

0
41

လူတိုင္း ကိုယ့္ရဲ႕ ဆံပင္ကို တန္ဖုိးထားျမတ္ႏိုးၾကတဲ့သူေတြခ်ည္းပါပဲ။ ဒါေပမဲ့ တခါတေလမွာ ကိုယ္က တန္ဖိုးထားေပမဲ့ ဆံပင္မ်ားပ်က္စီးျခင္း၊ ကၽြတ္ျခင္း၊ အဖ်ား႐ွဴးျခင္း စတဲ့ျပႆနာေတြကို ႏွေျမာေပမဲ့ ညႇပ္လိုက္ရတာမ်ိဳးေတြရွိပါတယ္။ ဒါ့ေၾကာင့္ အခုဆံပင္နဲ႔ ပတ္သတ္ၿပီး ဘယ္လိုထိန္းသိမ္းရမလဲဆိုတာ Lifestyle_Myanmar ပရိတ္သတ္ႀကီးအတြက္ မွ်ေဝေပးလိုက္တယ္ေနာ္။

-Advertisement-

ေခါင္းေလွ်ာ္ရည္ေပါင္းစုံသုံးျခင္း/ ေရြးခ်ယ္မႈမွားျခင္း


ေခါင္းေလွ်ာ္ရည္က သင့္ဆံပင္ကို ပ်က္စီးဖို႔အတြက္ မ်ားစြာ အခြင့္အေရးေတြရွိပါတယ္။ ဒါ့ေၾကာင့္ သင့္ဆံပင္ေတြ အပ်က္အစီးမျဖစ္ရေအာင္ သင့္ရဲ႕ ဆံပင္အမ်ိဳးအစားနဲ႔ ကိုက္ညီမဲ့ ေခါင္းေလွ်ာ္ရည္မ်ိဳးကိုသာ အသုံးျပဳသင့္ပါတယ္။ တစ္ခါေလွ်ာ္တစ္မ်ိဳးနဲ႔ ေခါင္းေလွ်ာ္ရည္အမ်ိဳးမ်ိဳးသုံးျခင္းထက္ တစ္မ်ိဳးကိုသာ စြဲစြဲၿမဲၿမဲသုံးေစခ်င္ပါတယ္။

 

ဘယ္ႏွစ္ႀကိမ္ေလွ်ာ္သင့္သလဲ


ေခါင္းေလွ်ာ္တဲ့အခါ သင့္ရဲ႕ ဆံပင္အမ်ိဳးအစားေပၚမူတည္ၿပီး ေလွ်ာ္ရသလို ေတြ႕ကရာ ေရနဲ႔လည္း ေလွ်ာ္လို႔မရပါဘူး။ သင့္ရဲ႕ ဆံပင္က အဆီျပန္သလို ကပ္ေစးၿပီး ဘီးၿဖီးတိုင္း ဆံပင္ေတြၿငိၿပီး ကၽြတ္သလိုျဖစ္ရင္ေတာ့ ေခါင္းကို ၁ရက္ ၁ ႀကိမ္ သို႔မဟုတ္ ၂ရက္ ၁ ႀကိမ္ ေခါင္းေလွ်ာ္သင့္ပါတယ္။ သင့္ရဲ႕ က်န္းမာေရးအေျခအေန၊ ရာသီဥတုအေျခအေန၊ အခ်ိန္အခါကိုၾကည့္ၿပီး ေလွ်ာ္သင့္မေလွ်ာင္သင့္ေတာ့ သင္ကိုယ္တုိင္ဆုံးျဖတ္ဖို႔လိုအပ္ပါလိမ့္မယ္။

စနစ္တက် ေခါင္းေလွ်ာ္ျခင္း


ေခါင္ေလွ်ာ္ေတာ့မယ္ဆိုလွ်င္ အရင္ဦးဆုံး သင့္ရဲ႕ ေခါင္းကို ဘီးအရင္ၿဖီးထားေပးပါ။ ေခါင္းေလွ်ာ္ရည္သုံးစြဲတဲ့အခါမွာလည္း သင့္ဆံပင္ေပၚမူတည္ၿပီး အလြန္အကၽြံအသုံးမျပဳဖို႔ အေရးႀကီးပါတယ္။ ေခါင္ေလွ်ာ္ရည္ကို ေခါင္းေပၚသို႔ မတင္ခင္အရင္ဦးဆုံး သင့္လက္ဖဝါးထဲမွာအျမႇဳပ္ထတဲ့အထိပြတ္ေပးပါ။ ၿပီးမွ ထိုအျမႇဳပ္ကို သင္ေခါင္းေပၚသို႔ တင္ေပးပါ။ ေခါင္းေလွ်ာ္တဲ့အခါ ဆံေကသာအျမစ္ထိေရာက္ေအာင္ ေခါင္ေလွ်ာ္ရည္ကို အသုံးျပဳေပးပါ။ ေခါင္းကို ဘရတ္သို႔မဟုတ္ လက္သည္းနဲ႔ ျခစ္ျခင္းကို ေရွာင္ၾကဥ္ရန္လိုအပ္ပါတယ္။ သင့္လက္ထိပ္ေလးနဲ႔ပဲ ဦးေရျပားကို ထိေအာင္ႏွိပ္ျခင္း တြန္းျခင္းျပဳလုပ္ေပးပါ။ လက္သည္းျဖင့္ ကုတ္ျခစ္ျခင္းက ဦးေရအတြက္ အနာလဲျဖစ္သလို ဆံပင္ပ်က္စီးဖို႔အတြက္ ျဖစ္ႏိုင္ေျခအမ်ားႀကီးရွိပါတယ္။

ေရေႏြးျဖင့္ ေခါင္းေလွ်ာ္ျခင္းမျပဳသင့္


ေခါင္းေလွ်ာ္တဲ့အခါမွာ ေရေႏြးကို အသုံးျပဳၿပီးေခါင္းေလွ်ာ္ျခင္းမ်ိဳးကို ေရွာင္ၾကဥ္သင့္ပါတယ္။ ေရေႏြးျဖင့္ ေခါင္းေလွ်ာ္တာဟာ သင့္ဆံေကသာကိုပ်က္စီးေစတဲ့အျပင္ ဆံပင္ကၽြတ္ျခင္းကိုလည္း ျဖစ္ေပၚေစပါတယ္။ ဒါ့ေၾကာင့္ ေခါင္ေလွ်ာ္တဲ့အခါ ေရေအးကိုပဲအသုံးျပဳတာ အေကာင္းဆုံးျဖစ္ပါတယ္။

ေခါင္းအေျခာက္ခံတဲ့အခါ


ေတာ္ေတာ္မ်ားမ်ားကေတာ့ ေခါင္ေလွ်ာ္ၿပီးရင္ အျမန္ေျခာက္ေစခ်င္တဲ့အတြက္ ေလမႈတ္စက္ကို အသုံးျပဳၾကပါတယ္။ ေလမႈတ္စက္ကို အသံုးျပဳျခင္းဟာ သင့္ရဲ႕ ဆံသားကိုပ်က္စီးေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင့္ဆံပင္ကို အေျခာက္ခံဖို႔ လိုအပ္ပါက ဝါဂြမ္းထည့္ ဒါမွမဟုတ္T ရွပ္အက်ၤ ီျဖင့္ သုတ္ေပးျခင္းကိုျပဳလုပ္ေပးပါ။ ေရမေျခာက္ခင္ ဆံပင္စည္းျခင္းကုိလည္း ေရွာင္ၾကဥ္ပါ။

ေခါင္းအၾကမ္းၿဖီးျခင္း

တစ္ခါတေလေခါင္းၿဖီးတဲ့အခါ ဆံပင္ေတြၿငိျခင္းေၾကာင့္ စိတ္႐ႈပ္ရပါတယ္။ ၿဖီးရင္ အဆင္မေျပတဲ့အခါ စိတ္တိုၿပီး အၾကမ္းဖီးျခင္း၊ ေစာက္ဆြဲျခင္းမ်ိဳးျပဳလုပ္တတ္ပါတယ္။ ဒါက သင့္ဆံသားကို ျပက္ထြက္ျခင္း၊ ကၽြတ္ျခင္းျဖစ္ေပၚေစပါတယ္။ ဒါ့ေၾကာင့္ ေခါင္းေလွ်ာ္ၿပီးရင္ မေျခာက္ေသးဘဲ ေခါင္းၿဖီးျခင္း မျပဳပါနဲ႔။ အရင္ဦးဆုံး သင့္ရဲ႕ ဆံပင္ကို လက္ေခ်ာင္းငါးေခ်ာင္းျဖင့္ အရင္ဖြဖြေလးၿဖီးေပးပါ။ ေခါင္းကို စစၿပီးတဲ့အခါ အသြားစိပ္တဲ့ ဘီးကို အသုံးမျပဳဘဲ အသြားက်ဲတဲ့ ဘီးကို အရင္အသုံးျပဳပါ။ ေခါင္းစၿဖီးတဲ့အခါ ဆံဖ်ားကေနအရင္ၿဖီးၿပီးမွ တစ္ေျဖးေျဖးဆံရင္းထိေရာက္ေအာင္ စိတ္ရွည္ရွည္နဲ႔ၿဖီးေပးဖို႔လည္း လိုအပ္ပါတယ္။

ပုံစံမၾကာခဏခ်ိန္းျခင္း


ဆံပင္ပုံစံကို အမ်ိဳးမ်ိဳးပုံစံေျပာင္းတဲ့အခါ အျခားလွ်ပ္စစ္ျဖင့္အသုံးျပဳရတဲ့ ပစၥည္းေတြပါဝင္လာပါတယ္။ ဒါေတြက အပူရွိန္ကိုအသုံးျပဳၿပီး သင့္ရဲ႕ ဆံပင္ကို ပုံသြင္းေပးတာျဖစ္ပါတယ္။ ဒါက သင့္ဆံပင္ကို ေျခာက္ေသြ႕ပ်က္စီးေစပါတယ္။ ဒါ့ေၾကာင့္ဆံပင္ပုံသြင္းေတာ့မယ္ဆိုလွ်င္အရင္ဦးဆုံးသင့္ဆံပင္အျပင္လုံး Spray ျဖန္းဖို႔လိုအပ္ပါတယ္။ ဆံပင္လြယ္လြယ္ကူကူပုံသြင္းဖို႔အတြက္ Spray ကအမ်ားႀကီး အေထာက္အပံ့ျဖစ္ေစပါတယ္။

သင့္ခႏၶာကိုယ္က ေျပာျပတတ္တဲ့ သင့္ရဲ႕က်န္းမာေရး

#Lifestyle_Myanmar

#Thar_Nage


Unicode

ဆံကေသာကို တန်ဖိုးထားသူတိုင်း မပြုလုပ်သင့်တဲ့ အမှားများ
လူတိုင်း ကိုယ့်ရဲ့ ဆံပင်ကို တန်ဖိုးထားမြတ်နိုးကြတဲ့သူတွေချည်းပါပဲ။ ဒါပေမဲ့ တခါတလေမှာ ကိုယ်က တန်ဖိုးထားပေမဲ့ ဆံပင်များပျက်စီးခြင်း၊ ကျွတ်ခြင်း၊ အဖျားရှူးခြင်း စတဲ့ပြဿနာတွေကို နှမြောပေမဲ့ ညှပ်လိုက်ရတာမျိုးတွေရှိပါတယ်။ ဒါ့ကြောင့် အခုဆံပင်နဲ့ ပတ်သတ်ပြီး ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ Lifestyle_Myanmar ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်တယ်နော်။

ခေါင်းလျှော်ရည်ပေါင်းစုံသုံးခြင်း/ ရွေးချယ်မှုမှားခြင်း
ခေါင်းလျှော်ရည်က သင့်ဆံပင်ကို ပျက်စီးဖို့အတွက် များစွာ အခွင့်အရေးတွေရှိပါတယ်။ ဒါ့ကြောင့် သင့်ဆံပင်တွေ အပျက်အစီးမဖြစ်ရအောင် သင့်ရဲ့ ဆံပင်အမျိုးအစားနဲ့ ကိုက်ညီမဲ့ ခေါင်းလျှော်ရည်မျိုးကိုသာ အသုံးပြုသင့်ပါတယ်။ တစ်ခါလျှော်တစ်မျိုးနဲ့ ခေါင်းလျှော်ရည်အမျိုးမျိုးသုံးခြင်းထက် တစ်မျိုးကိုသာ စွဲစွဲမြဲမြဲသုံးစေချင်ပါတယ်။

ဘယ်နှစ်ကြိမ်လျှော်သင့်သလဲ
ခေါင်းလျှော်တဲ့အခါ သင့်ရဲ့ ဆံပင်အမျိုးအစားပေါ်မူတည်ပြီး လျှော်ရသလို တွေ့ကရာ ရေနဲ့လည်း လျှော်လို့မရပါဘူး။ သင့်ရဲ့ ဆံပင်က အဆီပြန်သလို ကပ်စေးပြီး ဘီးဖြီးတိုင်း ဆံပင်တွေငြိပြီး ကျွတ်သလိုဖြစ်ရင်တော့ ခေါင်းကို ၁ရက် ၁ ကြိမ် သို့မဟုတ် ၂ရက် ၁ ကြိမ် ခေါင်းလျှော်သင့်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေ၊ ရာသီဥတုအခြေအနေ၊ အချိန်အခါကိုကြည့်ပြီး လျှော်သင့်မလျှောင်သင့်တော့ သင်ကိုယ်တိုင်ဆုံးဖြတ်ဖို့လိုအပ်ပါလိမ့်မယ်။

စနစ်တကျ ခေါင်းလျှော်ခြင်း
ခေါင်လျှော်တော့မယ်ဆိုလျှင် အရင်ဦးဆုံး သင့်ရဲ့ ခေါင်းကို ဘီးအရင်ဖြီးထားပေးပါ။ ခေါင်းလျှော်ရည်သုံးစွဲတဲ့အခါမှာလည်း သင့်ဆံပင်ပေါ်မူတည်ပြီး အလွန်အကျွံအသုံးမပြုဖို့ အရေးကြီးပါတယ်။ ခေါင်လျှော်ရည်ကို ခေါင်းပေါ်သို့ မတင်ခင်အရင်ဦးဆုံး သင့်လက်ဖဝါးထဲမှာအမြှုပ်ထတဲ့အထိပွတ်ပေးပါ။ ပြီးမှ ထိုအမြှုပ်ကို သင်ခေါင်းပေါ်သို့ တင်ပေးပါ။ ခေါင်းလျှော်တဲ့အခါ ဆံကေသာအမြစ်ထိရောက်အောင် ခေါင်လျှော်ရည်ကို အသုံးပြုပေးပါ။ ခေါင်းကို ဘရတ်သို့မဟုတ် လက်သည်းနဲ့ ခြစ်ခြင်းကို ရှောင်ကြဉ်ရန်လိုအပ်ပါတယ်။ သင့်လက်ထိပ်လေးနဲ့ပဲ ဦးရေပြားကို ထိအောင်နှိပ်ခြင်း တွန်းခြင်းပြုလုပ်ပေးပါ။ လက်သည်းဖြင့် ကုတ်ခြစ်ခြင်းက ဦးရေအတွက် အနာလဲဖြစ်သလို ဆံပင်ပျက်စီးဖို့အတွက် ဖြစ်နိုင်ခြေအများကြီးရှိပါတယ်။

ရေနွေးဖြင့် ခေါင်းလျှော်ခြင်းမပြုသင့်
ခေါင်းလျှော်တဲ့အခါမှာ ရေနွေးကို အသုံးပြုပြီးခေါင်းလျှော်ခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ရေနွေးဖြင့် ခေါင်းလျှော်တာဟာ သင့်ဆံကေသာကိုပျက်စီးစေတဲ့အပြင် ဆံပင်ကျွတ်ခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ခေါင်လျှော်တဲ့အခါ ရေအေးကိုပဲအသုံးပြုတာ အကောင်းဆုံးဖြစ်ပါတယ်။

ခေါင်းအခြောက်ခံတဲ့အခါ
တော်တော်များများကတော့ ခေါင်လျှော်ပြီးရင် အမြန်ခြောက်စေချင်တဲ့အတွက် လေမှုတ်စက်ကို အသုံးပြုကြပါတယ်။ လေမှုတ်စက်ကို အသုံးပြုခြင်းဟာ သင့်ရဲ့ ဆံသားကိုပျက်စီးစေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆံပင်ကို အခြောက်ခံဖို့ လိုအပ်ပါက ဝါဂွမ်းထည့် ဒါမှမဟုတ်T ရှပ်အကျင်္ ီဖြင့် သုတ်ပေးခြင်းကိုပြုလုပ်ပေးပါ။ ရေမခြောက်ခင် ဆံပင်စည်းခြင်းကိုလည်း ရှောင်ကြဉ်ပါ။

ခေါင်းအကြမ်းဖြီးခြင်း
တစ်ခါတလေခေါင်းဖြီးတဲ့အခါ ဆံပင်တွေငြိခြင်းကြောင့် စိတ်ရှုပ်ရပါတယ်။ ဖြီးရင် အဆင်မပြေတဲ့အခါ စိတ်တိုပြီး အကြမ်းဖီးခြင်း၊ စောက်ဆွဲခြင်းမျိုးပြုလုပ်တတ်ပါတယ်။ ဒါက သင့်ဆံသားကို ပြက်ထွက်ခြင်း၊ ကျွတ်ခြင်းဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ခေါင်းလျှော်ပြီးရင် မခြောက်သေးဘဲ ခေါင်းဖြီးခြင်း မပြုပါနဲ့။ အရင်ဦးဆုံး သင့်ရဲ့ ဆံပင်ကို လက်ချောင်းငါးချောင်းဖြင့် အရင်ဖွဖွလေးဖြီးပေးပါ။ ခေါင်းကို စစပြီးတဲ့အခါ အသွားစိပ်တဲ့ ဘီးကို အသုံးမပြုဘဲ အသွားကျဲတဲ့ ဘီးကို အရင်အသုံးပြုပါ။ ခေါင်းစဖြီးတဲ့အခါ ဆံဖျားကနေအရင်ဖြီးပြီးမှ တစ်ဖြေးဖြေးဆံရင်းထိရောက်အောင် စိတ်ရှည်ရှည်နဲ့ဖြီးပေးဖို့လည်း လိုအပ်ပါတယ်။

ပုံစံမကြာခဏချိန်းခြင်း
ဆံပင်ပုံစံကို အမျိုးမျိုးပုံစံပြောင်းတဲ့အခါ အခြားလျှပ်စစ်ဖြင့်အသုံးပြုရတဲ့ ပစ္စည်းတွေပါဝင်လာပါတယ်။ ဒါတွေက အပူရှိန်ကိုအသုံးပြုပြီး သင့်ရဲ့ ဆံပင်ကို ပုံသွင်းပေးတာဖြစ်ပါတယ်။ ဒါက သင့်ဆံပင်ကို ခြောက်သွေ့ပျက်စီးစေပါတယ်။ ဒါ့ကြောင့်ဆံပင်ပုံသွင်းတော့မယ်ဆိုလျှင်အရင်ဦးဆုံးသင့်ဆံပင်အပြင်လုံး Spray ဖြန်းဖို့လိုအပ်ပါတယ်။ ဆံပင်လွယ်လွယ်ကူကူပုံသွင်းဖို့အတွက် Spray ကအများကြီး အထောက်အပံ့ဖြစ်စေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here