စံုတြဲေတြ လမ္းခြဲၾကျခင္းရဲ႕ အဓိကအေၾကာင္းအရင္း (၁၀) ခ်က္

0
26

လူတစ္ေယာက္ရဲ႕စိတ္ကို တစ္ေယာက္ကပိုင္ဆိုင္ဖို႔ဆိုတာ ခက္ခဲတဲ့အရာျဖစ္သလိုပဲ စိတ္ႏွစ္ခုကိုအျပန္အလွန္ညွိယူရျခင္းဟာလည္း လြယ္ကူတဲ့အရာေတာ့ မဟုတ္ပါဘူး။ဘယ္လိုပဲျဖစ္ျဖစ္ relationship တိုင္းကေတာ့ ခက္ခဲတဲ့အရာေတြကို ေက်ာ္ျဖတ္ရမွာျဖစ္ၿပီး ထာ၀ရစိတ္ရွည္သည္းခံႏိုင္ေအာင္ ႏွစ္ဦးစလံုးႀကိဳးစားရမယ့္ အရာတစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္ စံုတြဲေတြဘာေၾကာင့္ လမ္းခြဲၾကရတယ္ဆိုတဲ့ အဓိကအေၾကာင္းအရင္း (၁၀) ခ်က္ကို Lifestyle Myanmar Couple ေတြအတြက္ သိရွိႏိုင္ေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

-Advertisement-

၁။ ယံုၾကည္မႈမရွိေတာ့ျခင္း
စံုတြဲေတြဘာေၾကာင့္ လမ္းခြဲရတယ္ဆိုတာနဲ႕ပတ္သတ္ၿပီး လူတိုင္းကေဖာက္ျပန္ျခင္းေၾကာင့္ ျဖစ္တယ္ဆိုတာကို အေျခခံအေၾကာင္းအရင္းအျဖစ္ ယူဆၾကပါလိမ့္မယ္။ ဒါေပမယ့္ ေဖာက္ျပန္ျခင္းဟာ Relationship တစ္ခုရဲ႕ အဆံုးသတ္လမ္းခြဲျခင္း အတြက္ အဓိကက်တဲ့အခ်က္မဟုတ္ပါဘူး။ အဓိကအေနနဲ႔ကေတာ့  မိမိတို႔ရဲ႕ RS မွာ အျခားတစ္ေယာက္၀င္လာတာနဲ႔ ေရွ႕ဆက္လက္တြဲဖို႔ ယံုၾကည္မႈေပ်ာက္ဆံုးရျခင္းေၾကာင့္ျဖစ္ၿပီး အရင္လိုျပန္လည္တည္ၿငိမ္ဖို႔မလြယ္ကူေတာ့တာေၾကာင့္ ျဖစ္ပါတယ္။

၂။ တန္ဖိုးမထားျခင္း
ဘယ္လိုအခ်စ္ေရး၊ အိမ္ေထာင္ေရးမွာျဖစ္ျဖစ္ ကိုယ့္ရဲ႕လက္တြဲေဖာ္ကို အထင္ေသးၿပီး တန္ဖိုးမထားတတ္တာဟာ ေနာက္ဆံုးလမ္းခြဲၾကရတဲ့ အေျခအေနနဲ႔ အဆံုးသတ္ရပါလိမ့္မယ္။ တကယ္လို႔သက္ဆံုးတိုင္လမ္းမခြဲပဲ ေပါင္းသင္းေနထိုင္မယ္ဆိုရင္ေတာင္မွာ ဘယ္လိုမွေပ်ာ္စရာမိသားစုကို ပိုင္ဆိုင္ၾကရမွာမဟုတ္ပဲ ျပႆနာေတြပဲၾကံဳေတြ႕ႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ္လက္တြဲေဖာ္ရဲ႕ ကိုယ္ပိုင္တန္ဖိုးေတြကို ေလးစားရမွာျဖစ္သလို မိမိကိုယ္ကိုယ္လည္း တန္ဖိုးထားေလးစားမွသာ လမ္းခြဲၾကရတဲ့အေျခအေနကို ေက်ာ္လႊားႏိုင္ပါလိမ့္မယ္။

၃။ စ႐ိုက္ဆိုးမ်ားေၾကာင့္
စံုတြဲေတြတိုင္း ခ်စ္သူျဖစ္ကာစမွာ တစ္ေယာက္ကိုတစ္ေယာက္ မိုးမျမင္ေလမျမင္ အရမ္းကိုခ်စ္ၾကၿပီး ဘယ္လိုအက်င့္ဆိုးေတြကိုပဲျဖစ္ျဖစ္ မျမင္ႏိုင္ေတာ့ပဲ အခ်စ္ေတြနဲ႔ဖံုးေနပါလိမ့္မယ္။ ဒါေပမယ့္ အခ်ိန္ၾကာလာတာနဲ႔အမွ် အဆိုပါအက်င္ဆိုးေတြကို ေပ်ာက္ေအာင္အခ်င္းခ်င္းတိုက္တြန္းၾကေပမယ့္ မေဖ်ာက္ႏိုင္တဲ့အခါမွာ လမ္းခြဲၾကရတဲ့အေျခအေနထိ ျဖစ္ႏိုင္ၾကပါတယ္။ မေကာင္းတဲ့အက်င့္ဆိုးဆိုတာဟာ အရက္ေသာက္ျခင္း၊ မူးယစ္ေဆးသံုးျခင္း၊ လိမ္လည္ျခင္း၊ ပရမ္းပတာေနျခင္း စတဲ့မေကာင္းတဲ့အရာေတြျဖစ္ၿပီး စံုတြဲတိုင္းေရွာင္ရွားရမယ့္ ကိစၥရပ္ေတြျဖစ္ပါတယ္။

၄။ အားရေက်နပ္မႈ မရွိျခင္း
Relationship ေတြပ်က္စီးရျခင္းရဲ႕ ေနာက္ထပ္အေၾကာင္းတစ္ခုကေတာ့ ကိုယ့္ရဲ႕ခ်စ္သူရဲ႕ စ႐ိုက္၊ အျပဳအမူ၊ အေနအထိုင္ ေတြနဲ႔ ဆက္ဆံေရးကို အားမရျခင္းေၾကာင့္လည္း ေနာက္ဆံုးမွာလမ္းခြဲၾကတဲ့အေျခအေနေတြ ျဖစ္ပြားတတ္ပါတယ္။ တစ္ခါတစ္ေလမွာ အရမ္းကိုမတုန္မလႈပ္နဲ႔ Romantic မဆန္ျခင္းေၾကာင့္လမ္းခြဲရႏိုင္ၿပီး ႏွစ္ေယာက္အနာဂတ္အတြက္ မႀကိဳးစားပဲလံု႔လမရွိျခင္းေၾကာင့္လည္း လမ္းခြဲၾကရပါတယ္။

၅။ အလြန္အမင္းထိန္းခ်ဳပ္လြန္းျခင္း
တစ္ခါတစ္ေလမွာ အလြန္အမင္းထိန္းခ်ဳပ္တတ္တာကို အရမ္းကိုခ်စ္လို႔လို႔ ဆင္ေျခေပးတတ္ၾကပါတယ္။ ဒါေပမယ့္ ကိုယ့္အေပၚမွာအာဏာေတြ၊ အမိန္႔ေတြနဲ႕ဆက္ဆံခံရျခင္းကို ကေလးေတာင္မွ မႏွစ္ၿမိဳတတ္ပါဘူး။ လူ႔စိတ္ရဲ႕သေဘာက ဖိလြန္းရင္ ၾကြတတ္ပါတယ္။ ဒါေၾကာင့္လည္း ဘယ္သြားသြား၊ ဘယ္လာလာ အရမ္းကို control ေပးတတ္တဲ့ခ်စ္သူကို လမ္းခြဲၾကတာေၾကာင့္ အဆိုပါမေကာင္းတဲ့အက်င့္ဆိုးကို ေရွာင္ရွားသင့္ပါတယ္။

၆။ သေဘာထားကြဲလြဲျခင္းမ်ား
တစ္ေယာက္နဲ႔တစ္ေယာက္ သေဘာထားကြဲလြဲရင္လည္း ညွိႏႈိင္းမရတဲ့အဆံုး လက္ျပႏႈတ္ဆက္ရတဲ့ အေျခအေနထိေရာက္ႏိုင္ပါတယ္။ ဥပမာအေနနဲ႔ ဘာသာမတူလည္းအခ်စ္သာအေရးႀကီးဆံုးလို႔ သတ္မွတ္တာၾကာင့္ လက္ထပ္ၾကၿပီး ကေလးေတြရလာတဲ့အခါ ဘာသာႏွစ္ခုအားၿပိဳင္မႈေတြ၊ မတူညီတဲ့သေဘာထားေတြေၾကာင့္ ျပႆနာေတြတက္ၾကရတဲ့ သာဓကေတြရွိပါတယ္။ ဒါေၾကာင့္ ဘယ္လိုျပႆနာပဲျဖစ္ျဖစ္ တစ္ေယာက္ကိုတစ္ေယာက္ စိတ္ရွင္းတဲ့အခ်ိန္ထိ အခ်ိန္ယူညွိႏႈိင္းေဆာင္ရြက္သင့္ပါတယ္။

ေလ့လာမႈေတြအရ ဥာဏ္ရည္ထက္ျမက္တဲ့ အမ်ိဳးသမီးေတြအမ်ားစု Single ျဖစ္ေနရတဲ့အေၾကာင္းရင္း

၇။အထီးက်န္ျခင္း(အေနေ၀းျခင္း)
ဘယ္လိုစံုတြဲပဲျဖစ္ျဖစ္ တစ္ေယာက္အနားမွာတစ္ေယာက္ေနၿပီး အခ်ိန္ေတြကုန္ဆံုးခ်င္ၾကသလို အနားမွာမရွိရင္ေတာင္မွ ဂ႐ုစိုက္တဲ့ဆက္သြယ္မႈေလးေတြေတာ့ လိုခ်င္ၾကတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အေနေ၀းလာတဲ့အခါ အခ်စ္ေတြေပါ့သြားတတ္ၿပီး ေနာက္ဆံုးလမ္းခြဲၾကတဲ့ အေျခအေနထိျဖစ္ႏိုင္တာေၾကာင့္ ဘယ္ေလာက္နီးနီးေ၀းေ၀း ခ်စ္သူအတြက္ေတာ့ အခ်ိန္ေပးႏိုင္ေအာင္ႀကိဳးစားသင့္ပါတယ္။

၈။ အႏိုင္က်င့္ျခင္း
႐ုပ္ပိုင္းဆိုင္ရာ အႏိုင္က်င္ေစာ္ကားခံရျခင္းဟာ သိသာထင္ရွားေသာ္လည္း စိတ္ပိုင္းဆိုင္ရာအႏိုင္က်င့္ခံရျခင္း ကေတာ့မသိမသာနဲ႔ စိတ္ဒုကၡေရာက္ၾကရပါတယ္။ စိတ္ပိုင္းဆိုင္ရာအႏိုင္က်င့္ခံရျခင္းဟာ မလံုျခံဳျခင္း၊ ယံုၾကည္မႈေပ်ာက္ဆံုးျခင္း၊ အ႐ံႈးေပးရျခင္းစတဲ့ ခံစားခ်က္ေတြျဖစ္ေစၿပီး တစ္ေယာက္ကိုတစ္ေယာက္ ဘယ္လိုအႏိုင္က်င့္မႈမ်ိဳးကိုမဆို ေရွာင္ရွားသင့္ပါတယ္။

၉။ ေငြေရးေၾကးေရး
စံုတြဲေတြမွာေငြေရးေၾကးေရးေၾကာင့္လည္းျပႆနာတတ္ႏိုင္ပါတယ္။ တစ္ေယာက္ကေငြမက္တတ္ရင္ပဲျဖစ္ျဖစ္၊ ဘယ္ေနရာမွာသူဘယ္ေလာက္ရွင္းခဲ့ရတာ စသျဖင့္ကပ္တြက္တတ္ရင္ပဲျဖစ္ျဖစ္ ဒါမွမဟုတ္ အသံုးအျဖဳန္းႀကီးျခင္း၊ ေလာင္းကစားျပဳလုပ္ျခင္း၊ အေၾကြးထူျခင္းတို႔ကလည္း ရင္ခုန္စရာအခ်စ္ေရးအတြက္ ႀကီးမားတဲ့အေႏွာက္အယွက္ေတြျဖစ္တာေၾကာင့္ တစ္ေယာက္ကိုတစ္ေယာက္ လမ္းခြဲၾကတဲ့အထိျဖစ္ႏိုင္ပါတယ္။

၁၀။ စကားမ်ားရန္ျဖစ္လြန္းျခင္း
စိတ္ေကာက္ျခင္း၊ ရန္ျဖစ္ျခင္းဟာ အခ်စ္ေတြေအးခဲမွာစိုးလို႔ ျပဳလုပ္သင့္တဲ့အရာအျဖစ္ တခ်ိဳ႕ကထင္ၾကေပမယ့္လည္း စိတ္ပညာရွင္ေတြရဲ႕ေလ့လာမႈအရ ကြာရွင္းမႈေတြရဲ႕ ၆၅% ဟာကေတာက္ကဆအျမဲျဖစ္တတ္ျခင္းေၾကာင့္လို႔ ဆုိၾကပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ ရန္ျဖစ္တာမဟုတ္ပဲ ဂ႐ုမစိုက္တတ္တာေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ရန္ျဖစ္လိုက္၊ ျပန္ခ်စ္လိုက္ဆိုတာ စံုတြဲေတြတိုင္းအတြက္ ျပႆနာမဟုတ္ေသာ္လည္း ခဏခဏရန္ျဖစ္ေနၿပီး အဆင္မေျပရင္လည္းမေကာင္းသလို ရန္မျဖစ္ပဲ ခံစားခ်က္ေတြကိုလစ္လ်ဴ႐ႈတတ္တာလည္း မေကာင္းေၾကာင္း အၾကံျပဳလိုပါတယ္။

#LM_Naung_Naung
Ref- couplescounselingchicago
#Lifestyle_Myanmar

Unicode Version

စုံတွဲတွေ လမ်းခွဲရခြင်းရဲ့ အဓိကအကြောင်းအရင်း (၁၀) ချက်

လူတစ်ယောက်ရဲ့စိတ်ကို တစ်ယောက်ကပိုင်ဆိုင်ဖို့ဆိုတာ ခက်ခဲတဲ့အရာဖြစ်သလိုပဲ စိတ်နှစ်ခုကိုအပြန်အလှန်ညှိယူရခြင်းဟာလည်း လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ဘယ်လိုပဲဖြစ်ဖြစ် relationship တိုင်းကတော့ ခက်ခဲတဲ့အရာတွေကို ကျော်ဖြတ်ရမှာဖြစ်ပြီး ထာဝရစိတ်ရှည်သည်းခံနိုင်အောင် နှစ်ဦးစလုံးကြိုးစားရမယ့် အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် စုံတွဲတွေဘာကြောင့် လမ်းခွဲကြရတယ်ဆိုတဲ့ အဓိကအကြောင်းအရင်း (၁၀) ချက်ကို Lifestyle Myanmar Couple တွေအတွက် သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ ယုံကြည်မှုမရှိတော့ခြင်း
စုံတွဲတွေဘာကြောင့် လမ်းခွဲရတယ်ဆိုတာနဲ့ပတ်သတ်ပြီး လူတိုင်းကဖောက်ပြန်ခြင်းကြောင့် ဖြစ်တယ်ဆိုတာကို အခြေခံအကြောင်းအရင်းအဖြစ် ယူဆကြပါလိမ့်မယ်။ ဒါပေမယ့် ဖောက်ပြန်ခြင်းဟာ Relationship တစ်ခုရဲ့ အဆုံးသတ်လမ်းခွဲခြင်း အတွက် အဓိကကျတဲ့အချက်မဟုတ်ပါဘူး။ အဓိကအနေနဲ့ကတော့  မိမိတို့ရဲ့ RS မှာ အခြားတစ်ယောက်ဝင်လာတာနဲ့ ရှေ့ဆက်လက်တွဲဖို့ ယုံကြည်မှုပျောက်ဆုံးရခြင်းကြောင့်ဖြစ်ပြီး အရင်လိုပြန်လည်တည်ငြိမ်ဖို့မလွယ်ကူတော့တာကြောင့် ဖြစ်ပါတယ်။

၂။ တန်ဖိုးမထားခြင်း
ဘယ်လိုအချစ်ရေး၊ အိမ်ထောင်ရေးမှာဖြစ်ဖြစ် ကိုယ့်ရဲ့လက်တွဲဖော်ကို အထင်သေးပြီး တန်ဖိုးမထားတတ်တာဟာ နောက်ဆုံးလမ်းခွဲကြရတဲ့ အခြေအနေနဲ့ အဆုံးသတ်ရပါလိမ့်မယ်။ တကယ်လို့သက်ဆုံးတိုင်လမ်းမခွဲပဲ ပေါင်းသင်းနေထိုင်မယ်ဆိုရင်တောင်မှာ ဘယ်လိုမှပျော်စရာမိသာားစုကို ပိုင်ဆိုင်ကြရမှာမဟုတ်ပဲ ပြဿနာတွေပဲကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့် ကိုယ်လက်တွဲဖော်ရဲ့ ကိုယ်ပိုင်တန်ဖိုးတွေကို လေးစားရမှာဖြစ်သလို မိမိကိုယ်ကိုယ်လည်း တန်ဖိုးထားလေးစားမှသာ လမ်းခွဲကြရတဲ့အခြေအနေကို ကျော်လွှားနိုင်ပါလိမ့်မယ်။

၃။ စရိုက်ဆိုးများကြောင့်
စုံတွဲတွေတိုင်း ချစ်သူဖြစ်ကာစမှာ တစ်ယောက်ကိုတစ်ယောက် မိုးမမြင်လေမမြင် အရမ်းကိုချစ်ကြပြီး ဘယ်လိုအကျင့်ဆိုးတွေကိုပဲဖြစ်ဖြစ် မမြင်နိုင်တော့ပဲ အချစ်တွေနဲ့ဖုံးနေပါလိမ့်မယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အဆိုပါအကျင်ဆိုးတွေကို ပျောက်အောင်အချင်းချင်းတိုက်တွန်းကြပေမယ့် မဖျောက်နိုင်တဲ့အခါမှာ လမ်းခွဲကြရတဲ့အခြေအနေထိ ဖြစ်နိုင်ကြပါတယ်။ မကောင်းတဲ့အကျင့်ဆိုးဆိုတာဟာ အရက်သောက်ခြင်း၊ မူးယစ်ဆေးသုံးခြင်း၊ လိမ်လည်ခြင်း၊ ပရမ်းပတာနေခြင်း စတဲ့မကောင်းတဲ့အရာတွေဖြစ်ပြီး စုံတွဲတိုင်းရှောင်ရှားရမယ့် ကိစ္စရပ်တွေဖြစ်ပါတယ်။

၄။ အားရကျေနပ်မှု မရှိခြင်း
Relationship တွေပျက်စီးရခြင်းရဲ့ နောက်ထပ်အကြောင်းတစ်ခုကတော့ ကိုယ့်ရဲ့ချစ်သူရဲ့ စရိုက်၊ အပြုအမူ၊ အနေအထိုင် တွေနဲ့ ဆက်ဆံရေးကို အားမရခြင်းကြောင့်လည်း နောက်ဆုံးမှာလမ်းခွဲကြတဲ့အခြေအနေတွေ ဖြစ်ပွားတတ်ပါတယ်။ တစ်ခါတစ်လေမှာ အရမ်းကိုမတုန်မလှုပ်နဲ့ Romantic မဆန်ခြင်းကြောင့်လမ်းခွဲရနိုင်ပြီး နှစ်ယောက်အနာဂတ်အတွက် မကြိုးစားပဲလုံ့လမရှိခြင်းကြောင့်လည်း လမ်းခွဲကြရပါတယ်။

၅။ အလွန်အမင်းထိန်းချုပ်လွန်းခြင်း
တစ်ခါတစ်လေမှာ အလွန်အမင်းထိန်းချုပ်တတ်တာကို အရမ်းကိုချစ်လို့လို့ ဆင်ခြေပေးတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်အပေါ်မှာအာဏာတွေ၊ အမိန့်တွေနဲ့ဆက်ဆံခံရခြင်းကို ကလေးတောင်မှ မနှစ်မြိုတတ်ပါဘူး။ လူ့စိတ်ရဲ့သဘောက ဖိလွန်းရင် ကြွတတ်ပါတယ်။ ဒါကြောင့်လည်း ဘယ်သွားသွား၊ ဘယ်လာလာ အရမ်းကို control ပေးတတ်တဲ့ချစ်သူကို လမ်းခွဲကြတာကြောင့် အဆိုပါမကောင်းတဲ့အကျင့်ဆိုးကို ရှောင်ရှားသင့်ပါတယ်။

၆။ သဘောထားကွဲလွဲခြင်းများ
တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲရင်လည်း ညှိနှိုင်းမရတဲ့အဆုံး လက်ပြနှုတ်ဆက်ရတဲ့ အခြေအနေထိရောက်နိုင်ပါတယ်။ ဥပမာအနေနဲ့ ဘာသာမတူလည်းအချစ်သာအရေးကြီးဆုံးလို့ သတ်မှတ်တာကြာင့် လက်ထပ်ကြပြီး ကလေးတွေရလာတဲ့အခါ ဘာသာနှစ်ခုအားပြိုင်မှုတွေ၊ မတူညီတဲ့သဘောထားတွေကြောင့် ပြဿနာတွေတက်ကြရတဲ့ သာဓကတွေရှိပါတယ်။ ဒါကြောင့် ဘယ်လိုပြဿနာပဲဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက် စိတ်ရှင်းတဲ့အချိန်ထိ အချိန်ယူညှိနှိုင်းဆောင်ရွက်သင့်ပါတယ်။

၇။အထီးကျန်ခြင်း(အနေဝေးခြင်း)
ဘယ်လိုစုံတွဲပဲဖြစ်ဖြစ် တစ်ယောက်အနားမှာတစ်ယောက်နေပြီး အချိန်တွေကုန်ဆုံးချင်ကြသလို အနားမှာမရှိရင်တောင်မှ ဂရုစိုက်တဲ့ဆက်သွယ်မှုလေးတွေတော့ လိုချင်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အနေဝေးလာတဲ့အခါ အချစ်တွေပေါ့သွားတတ်ပြီး နောက်ဆုံးလမ်းခွဲကြတဲ့ အခြေအနေထိဖြစ်နိုင်တာကြောင့် ဘယ်လောက်နီးနီးဝေးဝေး ချစ်သူအတွက်တော့ အချိန်ပေးနိုင်အောင်ကြိုးစားသင့်ပါတယ်။

၈။ အနိုင်ကျင့်ခြင်း
ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင်စော်ကားခံရခြင်းဟာ သိသာထင်ရှားသော်လည်း စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရခြင်း ကတော့မသိမသာနဲ့ စိတ်ဒုက္ခရောက်ကြရပါတယ်။ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရခြင်းဟာ မလုံခြံုခြင်း၊ ယုံကြည်မှုပျောက်ဆုံးခြင်း၊ အရှုံးပေးရခြင်းစတဲ့ ခံစားချက်တွေဖြစ်စေပြီး တစ်ယောက်ကိုတစ်ယောက် ဘယ်လိုအနိုင်ကျင့်မှုမျိုးကိုမဆို ရှောင်ရှားသင့်ပါတယ်။

၉။ ငွေရေးကြေးရေး
စုံတွဲတွေမှာငွေရေးကြေးရေးကြောင့်လည်းပြဿနာတတ်နိုင်ပါတယ်။ တစ်ယောက်ကငွေမက်တတ်ရင်ပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာသူဘယ်လောက်ရှင်းခဲ့ရတာ စသဖြင့်ကပ်တွက်တတ်ရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် အသုံးအဖြုန်းကြီးခြင်း၊ လောင်းကစားပြုလုပ်ခြင်း၊ အကြွေးထူခြင်းတို့ကလည်း ရင်ခုန်စရာအချစ်ရေးအတွက် ကြီးမားတဲ့အနှောက်အယှက်တွေဖြစ်တာကြောင့် တစ်ယောက်ကိုတစ်ယောက် လမ်းခွဲကြတဲ့အထိဖြစ်နိုင်ပါတယ်။

၁၀။ စကားများရန်ဖြစ်လွန်းခြင်း
စိတ်ကောက်ခြင်း၊ ရန်ဖြစ်ခြင်းဟာ အချစ်တွေအေးခဲမှာစိုးလို့ ပြုလုပ်သင့်တဲ့အရာအဖြစ် တချို့ကထင်ကြပေမယ့်လည်း စိတ်ပညာရှင်တွေရဲ့လေ့လာမှုအရ ကွာရှင်းမှုတွေရဲ့ ၆၅% ဟာကတောက်ကဆအမြဲဖြစ်တတ်ခြင်းကြောင့်လို့ ဆိုကြပါတယ်။ နောက်တစ်ချက်ကတော့ ရန်ဖြစ်တာမဟုတ်ပဲ ဂရုမစိုက်တတ်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ဆိုတာ စုံတွဲတွေတိုင်းအတွက် ပြဿနာမဟုတ်သော်လည်း ခဏခဏရန်ဖြစ်နေပြီး အဆင်မပြေရင်လည်းမကောင်းသလို ရန်မဖြစ်ပဲ ခံစားချက်တွေကိုလစ်လျူရှုတတ်တာလည်း မကောင်းကြောင်း အကြံပြုလိုပါတယ်။

#LM_Naung_Naung
Ref- couplescounselingchicago
#Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here