30 C
Yangon
May 21, 2018
  • Home
  • Technology
  • စမတ်ဖုန်း ချစ်သူတွေအတွက် အရည်အသွေးမြင့် စမတ်ဖုန်းအသစ် Galaxy Note Fan Edition
Mobile Phone Review Technology

စမတ်ဖုန်း ချစ်သူတွေအတွက် အရည်အသွေးမြင့် စမတ်ဖုန်းအသစ် Galaxy Note Fan Edition

လူတစ်ယောက်ရဲ့ Lifestyle နဲ့ စမတ်ကျမှုဟာ မိမိတို့သုံးစွဲနေတဲ့ အသုံးအဆောင်တွေက ပိုမိုခမ်းနားစေတယ်ဆိုတာ ယုံကြည်ပါရဲ့လား။ ဒါဆိုရင်တော့ လုံခြုံစိတ်ချရတဲ့ 8-point Battery Safety Check စနစ်အသုံးပြုထားပြီး စမတ်ကျကျအသုံးပြုနိုင်ရုံသာမကပဲ အကောင်းဆုံး Note အသုံးပြုမှုအတွေ့အကြုံကို ပေးစွမ်းနိုင်တဲ့ စမတ်ဖုန်းအသစ်တစ်လုံးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Note Fan တွေအမြဲဂုဏ်ယူတတ်တဲ့ S Pen လိုလုပ်ဆောင်ချက် အလန်းဇယားတွေကို ယခု Note Fan Edition မှာ ပိုမိုတိကျပြီး လွယ်ကူစွာအသုံးပြုနိုင်အောင် ဖန်တီးထားပေးပါတယ်။ ဘာသာစကားတွေကိုပြောင်းလဲအသုံးပြုဖို့ ဆိုရင်တော့ Magnify နဲ့ Translate လိုလုပ်ဆောင်ချက်တွေအပြင် Smart Select နဲ့ GIF Animation တွေကိုစိတ်ကြိုက် ဖန်တီးနိုင်ဖို့ Air Commands အကူအညီနဲ့ S Pen ကအကောင်းဆုံးလုပ်ဆောင်ပေးမှာပါ။ နောက်ထပ် S Pen ရဲ့ Amazing လုပ်ဆောင်ချက်တွေရှိပါသေးတယ်။ စာရွက်ပေါ်မှာ ဘောပင်နဲ့ရေးခြစ်နေရသလို ခံစားချက်အတွက် S Pen ကတာဝန်ယူတဲ့အပြင် Screen လော့ခ့်ဖြည်စရာမလိုပဲနဲ့လည်း မှတ်ချင်တာအလွယ်တကူမှတ်ဖို့ Screen Off Memo ကို Always On Display လုပ်ထားလိုက်ရုံပါပဲ။ Movie နဲ့ Game ခရေဇီတွေအတွက်ကတော့ ရုပ်ရှင်ရုံထဲရောက်နေသလို ခံစားမှုမျိုးပေးမယ့် QHD AMOLED သုံး 5.7″ ရှိတဲ့ မျက်နှာပြင်နဲ့အတူ ကာလာအရောင်အသွေး ပိုမိုတောက်ပပြီး တိကျပြတ်သားစွာ ဖော်ပြပေးမယ့် HDR Streaming လုပ်ဆောင်ချက်ပါဝင်ပါတယ်။

Samsung က ၁၂သိန်းခွဲဝန်းကျင်ရှိတဲ့ Galaxy Note 8 ကို တရားဝင်ကြေညာ

Note Fan Edition ဟာ ဖျော်ဖြေရေးနဲ့ လုပ်ငန်းသုံးအတွက် သွက်လက်မြန်ဆန်စွာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတာကြောင့် Memory ကို 4 GB RAM(LDDR4) နဲ့ Storage ကို 64 GB ထည့်သွင်းထားပါတယ်။ နောက်ထပ် Feature အလန်းတစ်ခုက Fast Charging on wired လိုအားသွင်းမြန်စေတဲ့စနစ်အပြင် ကြိုးမဲ့အားသွင်းစနစ် Wireless Charging လိုလည်းနှစ်မျိုးသုံးနိုင်တာကြောင့် အားမြန်မြန်ပြည့်လို့ စိတ်ချမ်းသာပြီး ကြိုးမဲ့အားသွင်းစနစ်နဲ့ စမတ်ကျစေမှာပါ။ ဒီဇိုင်းအနေအထားမှာလည်း မျက်နှာပြင်ခုံးဒီဇိုင်းနဲ့အတူ ရေစိုခံနိုင်မယ့် IP68 အဆင့်ရှိကိုယ်ထည်နဲ့ ဖန်တီးထားလို့ စမတ်ဖုန်းချစ်သူတွေကို ဖမ်းစားထားနိုင်တဲ့အပြင် လုံခြုံရေးပိုင်းကိုလည်း မြှင့်တင်ထားပါသေးတယ်။ Note Fan Edition မှာ Samsung ရဲ့ကိုယ်ပိုင် ထိပ်တန်းအဆင့်မြင့်လုံခြုံရေးစနစ်အမျိုးမျိုး ထောက်ပံ့ပေးထားပြီး ကမ္ဘာ့ထိပ်တန်းလုံခြုံရေးပလက်ဖောင်း World Samsung Knox ကိုတပ်ဆင်ထားသလို iris recognition နည်းပညာနှင့် လက်ဗွေစနစ်ကိုသုံးထားလို့ လုံခြုံရေးကိုတော့ အထူးညွှန်းနေစရာ မလိုတော့ပါဘူး။

အဆိုပါ Galaxy Note Fan Edition ကို မြန်မာနိုင်ငံမှာ တန်ဖိုး ၇၉၉,၀၀၀ ကျပ်နဲ့နိုဝင်ဘာလ ပထမပတ်မှာ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး အပြာရောင် (blue coral) နဲ့ အနက်ရောင် (black onyx) ဆိုပြီး အရောင်နှစ်မျိုးနဲ့ လူကြီးမင်းတို့စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်သလို မေတ္တာတုံ့ပြန်တဲ့အနေနဲ့ Note FE ၀ယ်သူတိုင်းကို Original Flip Cover တစ်ခုစီပေးသွားမှာပါ။ ဒါ့အပြင် KBZ ဘဏ်နဲ့ချိတ်ဆက်ပြီး အတိုးမဲ့ခြောက်လ အရစ်ကျစနစ်နဲ့ ၀ယ်ယူနိုင်တဲ့အပြင် Aeon ကနေတဆင့် အရစ်ကျစနစ်နဲ့ ၀ယ်ယူနိုင်လို့ လူတန်းစားမရွေး အဆင်ပြေစွာ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ နောက်ထပ် အလန်းစားအစီအစဉ်တစ်ခုက ဖုန်းငွေဖြည့်ကဒ် ၁၀,၀၀၀ ဖြည့်တိုင်း အင်တာနက်လက်ဆောင် 1 GB ကို  သုံးလဆက်တိုက်ရရှိမယ့် အခွင့်အရေးကိုလည်း Ooredo Myanmar နဲ့ပူးပေါင်းဆောင်ရွက်ထားလို့ အတိုးမဲ့အရစ်ကျ ၀ယ်ယူပြီး အင်တာနက်တွေ ဖောဖောသီသီသုံးစွဲ နိုင်မှာဖြစ်ပါတယ်။

Samsung Note Fan Edition စမတ်ဖုန်းရောင်းချမှုရငွေထဲမှာ အမြတ်ငွေအချို့ကို WWF(World Widelife Fund) ရဲ့အရှေ့တောင်အာရှ တောရိုင်းတိရိစ္ဆာန်နဲ့သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ဟာ တောရိုင်းတိရိစ္ဆာန်လေးတွေရဲ့ ရှင်သန်ရာဖြစ်သလိုပဲ ကျွန်တော်တို့ရဲ့ ကမ္ဘာ့ပတ်ဝန်းကျင်အတွက် များစွာအထောက်အကူပြုနေတာကြောင့် Note Fan Edition စမတ်ဖုန်းကို ၀ယ်ယူရင်း Samsung နဲ့အတူ တောရိုင်းတိရိစ္ဆာန်လေးတွေနဲ့ ကျွန်တော်တို့ရဲ့ကမ္ဘာကြီးကို ကယ်တင်ကြရအောင်လားဗျာ။

Samsung ရဲ့နောက်ဆုံးထွက်သတင်းတွေ၊ နည်းပညာထုတ်ကုန်တွေ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးတွေကို ပိုမိုသိရှိစေရန်အတွက်  http://news.samsung.com နဲ့ http://www.samsung.com/mm/ မှာ ၀င်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

#Samsung_Galaxy_Note_Fan_Edition

#NoteFE

#Save_The_Nature

#Lifestyle_Myanmar

Related posts

ကိုယ့်ရဲ့စမတ်ဖုန်း ပြုတ်ကျမှာ စိုးရိမ်နေတဲ့သူတွေအတွက် လက်စွပ်ပုံစံဖုန်းကာဗာ

OMCTC

Galaxy S8 နဲ့ S8 Plus ထုတ်လုပ်ပြီးတဲ့နော် Galaxy S8 Mini Device အသစ်ကို မိတ်ဆက်ရန်ရှိ

Kyaw Htike Aung

စွမ်းဆောင်ရည်လဲမြင့်ပြီး ဖုန်းသေးသေးလေးတွေမှ ကိုင်ချင်သူတွေအတွက် ကမ္ဘာ့အသေးဆုံး Jelly 4G စမတ်ဖုန်း

Kyaw Htike Aung

Leave a Comment