29 C
Yangon
May 23, 2018
  • Home
  • News
  • Sports News
  • စပိန်လာလီဂါ အဖွင့်ပွဲစဉ်တွင် ဘာစီလိုနာနှင့် ရီးရဲလ်တို့ အနိုင်ရ (ရုပ်သံဟိုက်လိုက်)
Sports News

စပိန်လာလီဂါ အဖွင့်ပွဲစဉ်တွင် ဘာစီလိုနာနှင့် ရီးရဲလ်တို့ အနိုင်ရ (ရုပ်သံဟိုက်လိုက်)

စပိန်လာလီဂါ

https://youtu.be/a_cDQumOHdE

မနေ့ညက စတင်ယှဉ်ပြိုင်တဲ့ စပိန်လာလီဂါ ပွဲစဉ်တွေမှာ နာမည်ကြီးတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် ၂ သင်းစလုံး အနိုင်ရသွားပါတယ်။
ဘာစီလိုနာက အိမ်ကွင်းမှာ ရီးရဲလ်ဘီတစ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားတာပါ။
အခုပွဲစဉ်ကို ဘာစီလိုနာမြို့ထဲမှာ အကြမ်းဖက် တိုက်ခိုက်ခံရပြီး ရက်ပိုင်းအတွင်း ယှဉ်ပြိုင်တာဖြစ်လို့ သေဆုံးသွားသူတွေအတွက် တမိနစ်ငြိမ်သက် ဂုဏ်ပြုခဲ့ပါတယ်။
ဒီပွဲမှာ ဘာကာအတွက် ဦးဆောင်ဂိုးကို ၃၆ မိနစ်မှာ တဘက်ကစားသမား ကိုယ့်ဂိုးကိုယ် သွင်းရာကနေ ရသွားတာပါ။
ဘာစီလိုနာကပဲ တဘက်သတ် ထိန်းချုပ်ကစားသွားပြီး ဒုတိယဂိုးကို ဆာဂျီက ၃၉ မိနစ်မှာ သွင်းယူပြီး အနိုင်ရသွားပါတယ်။

https://youtu.be/CJ-jvfXo-1Q

ရီးရဲလ်မက်ဒရစ်အသင်းကလည်း အဝေးကွင်းမှာ ဒီဗို့တီဗိုအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ ပွဲပယ်ခံထားရတဲ့ တိုက်စစ်မှူး ရော်နယ်ဒို ပါဝင်ခြင်း မရှိပါဘူး။

ဆီးဂိမ်းဖွင့်ပွဲတွင် အင်ဒိုနီးရှားအလံကို ဇောက်ထိုးဖော်ပြမိတဲ့အတွက် မလေးရှားတောင်းပန်

 ရီးရဲလ်အတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူး ဘေးလ်၊ ကာဆီမီယိုနဲ့ ကာရူးစ်တို့က အသီးသီးသွင်းယူပါတယ်။
ဒီပွဲမှာ ဒီပို့တီဗိုအသင်းဟာ အပြန်အလှန် ထိုးဖောက်ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲနိုင်တဲ့ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်း ပွဲဦးထွက်မှာပဲ ၃ မှတ် ရသွားပါတယ်။

 

Ref-DVB

Related posts

ဘင်နီတက်ဇ် ထုတ်ပယ်ခံရ

OMCTC

မန်ယူ အက်ဖ်အေဖလားကွာတားတက်၊ စီးရီးအေတွင် အေစီမီလန်နှင့်နာပိုလီ သရေကျ

OMCTC

လက်​ကာဇက်​တီိ အာဆင်​နယ် ​မှာ​အောင်​မြင်​မှုရရှိမယ်​လို့​ထောက်​ခံလိုက်​တဲ့အွန်​နရီ

Kyaw Htike Aung

Leave a Comment