34 C
Yangon
May 22, 2018
  • Home
  • News
  • Breaking News
  • ဂျပန်နိုင်ငံမှ သီလဝါအထူးစီးပွားရေးဇုန်တွင် အာဂျီနိုမိုတို အချိုမှုန့်စက်ရုံဖွင့်လှစ်
Breaking News

ဂျပန်နိုင်ငံမှ သီလဝါအထူးစီးပွားရေးဇုန်တွင် အာဂျီနိုမိုတို အချိုမှုန့်စက်ရုံဖွင့်လှစ်

အာဂျီနိုမိုတို

စက်တင်ဘာလ ၁၉ရက်နေ့တွင် သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံ အာဂျီနိုမိုတိုကုမ္ပဏီမှ အာဂျီနိုမိုတိုအချိုမှုန့်၊ ဟင်းခတ်အရသာမှုန့်စက်ရုံကို ကို တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီလီမိတက်ဟာ ၁၉၀၉ ခုနှစ်ထဲက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးအခွင့်အလမ်းပွင့်လင်းလာခဲ့တာကြောင့် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံမှာ ပြင်ဆင်မှုများစတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ဈေးကွက်အတွင်းမှာပျံ့နှံ့နေတဲ့ အာဂျီနိုမိုတို ဟင်းခတ်မှုန့်အတုများကို ပြည်သူများသတိထားကြရန်နှင့် မြန်မာနိုင်ငံအတွက် အဓိက အားအထားရဆုံးစားသောက်ကုန်အဖြစ် ရပ်တည်သွားမှာဖြစ်တယ်လို့ အာဂျီနိုမိုတိုကုမ္ပဏီလီမိတက်ရဲ့ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ် မစ္စတာတာကာအေကီ နီရှီအီက ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံ စားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တရားဝင်ခွင့်ပြုချက်ရရှိထားတာဖြစ်ပြီး ဘေးထွက်ဆိုးကျိုးမရှိဘဲ သဘာဝကုန်ကြမ်းများဖြစ်တဲ့ကြံနှင့် ပီလောပီနံတို့မှ ထုတ်လုပ်ထားတာဖြစ်ကြောင်းသိရပါတယ်။

အာဂျီနိုမိုတို အချိုမှုန့်များကို အလေးချိန် ၅၀ ဂရမ်၊ ၂၅၀ ဂရမ်၊ ၅၀၀ ဂရမ် စသဖြင့် အထုတ်များထုတ်လုပ်ထားပြီး သြဂုတ်လမှစတင်ကာ ဈေးကွက်အတွင်းသို့ တိုက်ရိုက်ရောင်းချပေးနေတာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၂၂သန်းခန့်ရင်းနှီးမြှပ်နှံထားတဲ့ Birdy 3 in 1 ကော်ဖီနှင့် လက်ဖက်ရည်၊ Ros Dee ဟင်းခတ်မှုန့်ကို ထုတ်လုပ်ဖို့အတွက်လည်း လိုအပ်တဲ့စက်ပစ္စည်းများတပ်ဆင်နေပြီး လာမည့် ၂၀၁၈ ဧပြီလမှာ ဈေးကွက်သို့ တင်ပို့ရောင်းချဖို့အတွက် အရှိန်မြှင့်တင်ဆောင်ရွက်လျှက်ရှိကြောင်းသိရပါတယ်။

အာဂျီနိုမိုတို

အာဂျီနိုမိုတို

အာဂျီနိုမိုတို
အာဂျီနိုမိုတို
အာဂျီနိုမိုတို
အာဂျီနိုမိုတို

 

အာဂျီနိုမိုတို
အာဂျီနိုမိုတို

#Thar_Nage
#Lifestyle_Myanmar

 

 

 

Related posts

ကောလင်းတွင် ရွှေကြောတစ်ခုတွေ့

Nandar Lwin

မတ်လ (၃၁) ရက်နေ့ ငွေလဲနှုန်း နှင့် ရွှေဈေး

Nandar Lwin

ရိုးရိုးနှာခေါင်းစည်းများ H1N1 ကို လုံလောက်အောင် မကာကွယ်နိုင်၊ N95 နှာခေါင်းစည်းမှသာ အကာအကွယ်ပေးနိုင်

Nandar Lwin

Leave a Comment