25 C
Yangon
June 22, 2018
  • Home
  • Lifestyle
  • Relationship
  • ခ်စ္သူ/ လင္မယားႏွစ္ဦးရဲ႕ ဆက္ဆံေရးကို ပ်က္ျပားေစတဲ့ လကၡဏာရပ္အခ်ိဳ႕
Relationship

ခ်စ္သူ/ လင္မယားႏွစ္ဦးရဲ႕ ဆက္ဆံေရးကို ပ်က္ျပားေစတဲ့ လကၡဏာရပ္အခ်ိဳ႕

ဆက္ဆံေရး

ယုံၾကည္မႈကို အလြဲသုံးစားမလုပ္ပါနဲ႔။
ကိုယ့္ကို ယုံၾကည္လို႔ အားလုံးလုပ္ပိုင္ခြင့္ေပးထားတဲ့အခါမွာ သင့္ဘက္က ယုံၾကည္မႈကို တစ္ခါေလးပဲအမွားလုပ္ၾကည့္လိုက္ပါ ဒီအမွားတစ္ခုက ေနာက္ပိုင္း သင္မွန္မွန္ကန္ကန္လုပ္လည္း သင့္ကို ဘယ္လိုမွ ယံုၾကည္မွာမဟုတ္ေတာ့ပါဘူး။ ဒါ့ေၾကာင့္ သင့္ျပဳလုပ္ခ်င္တဲ့အရာရွိတဲ့အခါ ပြင့္ပြင့္လင္းလင္းအမွန္တိုင္းေျပာဆိုၿပီးမွ ျပဳလုပ္သင့္ပါတယ္။ ဒီလိုပြင့္လင္းတာက သင့္အတြက္ ေနာက္ထပ္အခြင့္အေရးရွိပါေသးတယ္။ သင့္အေပၚ ထားရွိတဲ့ ယုံၾကည္မႈကေလ်ာ့မသြားျခင္းမရွိပါဘူး။ ဒါ့ေၾကာင့္ သင့္ကို ယုံၾကည္မႈအျပည့္ရွိတဲ့သူအေပၚမွာတစ္ႀကိမ္ေလာက္ျဖင့္ျဖင့္ ယုံၾကည္မႈကို အလြဲသုံးစားမလုပ္လိုက္ပါနဲ႔။ ဒါက သင့္အတြက္ ေနာက္ထပ္ရမဲ့ အခြင့္အေရးေတြကိုပါ လက္လြတ္ဆုံး႐ႈံးသြားပါလိမ့္မယ္။

လိုအပ္ခ်က္ကို သင္ေပးပါ။ အျပစ္တင္မေဝဖန္ပါနဲ႔။


ကိစၥရပ္တိုင္းမွာ ေဝဖန္မႈမ်ားမရပ္မနားျပဳလုပ္ေနရင္ေတာ့ အဆင္မေျပမႈကလဲ ခဏခဏႀကံဳေတြေန႔ရမွာပါပဲ။ ခဏခဏေဝဖန္တာမ်ားလာေတာ့ ဗီဇတစ္ခုလိုျဖစ္လာၿပီး ထိုသူ လုပ္သမွ်အရာအားလုံးကို လိုက္ၿပီးေဝဖန္ပါေတာ့တယ္။ အဓိကကေတာ့ ေကာင္းျခင္းဆိုးျခင္းကေဝဖန္တာက မိမိရဲ႕ စိတ္နဲ႔သာ သက္ဆိုင္ပါတယ္။ တစ္ေယာက္တစ္ေယာက္နဲ႔ ႏိႈင္းယွဥ္ေဝဖန္တဲ့အခါမွာ ေဝဖန္ခံရသူအတြက္လည္း မနာလိုစိတ္ေတြျဖစ္ေပၚလာပါတယ္။ ဒါ့ေၾကာင့္ လိုအပ္ခ်က္ေတြရွိေနရင္ တစ္ေယာက္နဲ႔တစ္ေယာက္ သင္ယူမႈေတြအခ်င္းခ်င္းဖလွယ္ၾကၿပီး နားလည္းစြာ ရပ္တည္ေပးလိုက္ပါ။ ဒါက သင့္တို႔အတြက္ ေရရွည္ေကာင္းမြန္တဲ့ ဆက္ဆံေရးကိုရရွိႏိုင္မွာျဖစ္ပါတယ္။

ခ်စ္တဲ့သူက ေပးတဲ့ပစၥည္းတိုင္းကို တန္ဖိုးထားပါ။


ကိုယ္က အျမတ္တႏိုးတဲ့ သူ႔အတြက္ ပစၥည္း ဒါမမဟုတ္ လက္ေဆာင္ေလးေတြဝယ္လာၿပီး ေပးရင္ သူ႔ဘက္ကကိုယ္ေပးလိုက္တဲ့ ပစၥည္းအေပၚ ျမတ္ႏိုးတန္းဖိုးထားၿပီး ေပ်ာ္ရႊင္ေနတဲ့အမူအရာမ်ိဳး ျဖစ္သြားတာကိုလုိခ်င္ၾကတဲ့သူေတြခ်ည္းပါပဲ။ခ်စ္သူပဲျဖစ္ျဖစ္ သူငယ္ခ်င္းမိတ္ေဆြပဲျဖစ္ျဖစ္ ကိုယ္ေပးတဲ့ ပစၥည္း သို႔မဟုတ္ လက္ေဆာင္အေပၚ သူ႔ဘက္က ေပ်ာ္ရႊင္ျခင္းအရိပ္အေယာက္မေျပာနဲ႔ ဘာတုန္႔ျပန္မႈမွမရွိဘူးဆုိရင္ ေပးရသူအဖို႔ အရမ္းကို ခံစားရပါတယ္။ ကိုယ္ေပးတဲ့ပစၥည္းက အဖိုး
ႀကီးႀကီးေသးေသး တန္ဖိုးမထားရင္လည္း ဘာမွထူးလာမွမဟုတ္ပါဘူး။ ခ်စ္သူ/ အိမ္ေထာင္သည္ဘဝမွာ ဒါက သင့္တို႔ႏွစ္ဦးရဲ႕ ဆက္ဆံေရးကို ပိုမိုေကာင္းေအာင္မစြမ္းေဆာင္ႏိုင္တဲ့အျပင္ မေကာင္းတဲ့ဆိုးက်ိဳးဘက္ကို ဦးတည္သြားပါလိမ့္မယ္။ ဒါ့ေၾကာင့္ကိုယ့္ကို ခ်စ္တဲ့သူက ေပးရင္ သူေပးတဲ့ ပစၥည္းက တန္ဖိုးႀကီးႀကီးေသးေသး အျမတ္တႏိုးတန္ဖိုးထားေပးဖို႔လိုအပ္ပါတယ္။

သင့္ဘက္က စိတ္ေကာက္တဲ့အခါ အေကာင္းဆုံးအေၾကာင္းျပခ်က္ေပးပါ။


မိန္းကေလးအမ်ားစုကေတာ့ ကိုယ္မႏွစ္သက္တဲ့ အရာတစ္ခုခုရွိေနရင္ စိတ္ေကာက္တတ္ၾကပါတယ္။ တခါတေလမွာ စိတ္ေကာက္ရာကေန မစီမဆိုင္တဲ့ ျပႆနာေတြျဖစ္ေပၚလာၿပီး ရွင္းမရတဲ့ အေျခအေနမ်ိဳးေတြထိျဖစ္တတ္ပါတယ္။ မိန္းကေလးအမ်ားစုကမိမိရဲ႕ စိတ္အလိုအက်မႈကိုျပန္ၿပီး ေျဖသိမ့္ေပးဖို႔ စိတ္ေကာက္တဲ့ နည္းလမ္းကို အသုံးျပဳတတ္ၾကပါတယ္။ ဒါေပမဲ့ ဘာေၾကာင့္ စိတ္ေကာက္ရတယ္ဆိုတဲ့ အေၾကာင္းျပခ်က္ကိုေတာ့ ထုတ္ေဖာ္ေျပာျပေလ့ သိပ့္မရွိတတ္ၾကပါဘူး။ ဒါေပမဲ့ မိမိကို ျပန္ေခ်ာ့ခံခ်င္လို႔ စိတ္ေကာက္လိုက္ေပမဲ့ ျပန္ေခ်ာ့တဲ့ အေျခအေနကိုမေရာက္ဘဲ နားလည္မႈလြဲၿပီး မဆိုင္ျပႆနာျဖစ္မဲ့ဘက္ကုိ ဦးတည္သြားပါတယ္။ ဒါ့ေၾကာင့္ စိတ္ေကာက္တဲ့အခါ အေကာင္းဆုံးအေၾကာင္းျပခ်က္ေပးပါ။ ဥပမာအားျဖင့္ – ငါ့ကို ဒါေလးလုပ္ေပးပါ၊ ငါမလုပ္ေပးႏိုင္ဘူးကိုယ့္ပါသာကိုယ္လုပ္ ဆိုတာထက္ ငါေခါင္းကိုက္ေနလို႔ ကိုယ့္ပါသာကိုယ္ လုပ္လိုက္ပါဆိုတဲ့ အေၾကာင္းျပခ်က္က သင္တို႔ႏွစ္ဦးကို နားလည္မႈလႊဲၿပီး ျပႆနာႀကီးမားလာဖို႔အတြက္ ရာခိုင္ႏႈန္းနည္းပါတယ္။

#Lifestyle_Myanmar

#Thar_Nage

အိမ္ေထာင္တစ္ခုကို တည္ေဆာက္မယ္ဆိုရင္ေတာ့ ႏွစ္ဦးစလုံးဒီအခ်က္ေတြကိုသိထားဖို႔လိုၿပီေနာ္။


Unicode

ယုံကြည်မှုကို အလွဲသုံးစားမလုပ်ပါနဲ့။
ကိုယ့်ကို ယုံကြည်လို့ အားလုံးလုပ်ပိုင်ခွင့်ပေးထားတဲ့အခါမှာ သင့်ဘက်က ယုံကြည်မှုကို တစ်ခါလေးပဲအမှားလုပ်ကြည့်လိုက်ပါ ဒီအမှားတစ်ခုက နောက်ပိုင်း သင်မှန်မှန်ကန်ကန်လုပ်လည်း သင့်ကို ဘယ်လိုမှ ယုံကြည်မှာမဟုတ်တော့ပါဘူး။ ဒါ့ကြောင့် သင့်ပြုလုပ်ချင်တဲ့အရာရှိတဲ့အခါ ပွင့်ပွင့်လင်းလင်းအမှန်တိုင်းပြောဆိုပြီးမှ ပြုလုပ်သင့်ပါတယ်။ ဒီလိုပွင့်လင်းတာက သင့်အတွက် နောက်ထပ်အခွင့်အရေးရှိပါသေးတယ်။ သင့်အပေါ် ထားရှိတဲ့ ယုံကြည်မှုကလျော့မသွားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်ကို ယုံကြည်မှုအပြည့်ရှိတဲ့သူအပေါ်မှာတစ်ကြိမ်လောက်ဖြင့်ဖြင့် ယုံကြည်မှုကို အလွဲသုံးစားမလုပ်လိုက်ပါနဲ့။ ဒါက သင့်အတွက် နောက်ထပ်ရမဲ့ အခွင့်အရေးတွေကိုပါ လက်လွတ်ဆုံးရှုံးသွားပါလိမ့်မယ်။

လိုအပ်ချက်ကို သင်ပေးပါ။ အပြစ်တင်မဝေဖန်ပါနဲ့။
ကိစ္စရပ်တိုင်းမှာ ဝေဖန်မှုများမရပ်မနားပြုလုပ်နေရင်တော့ အဆင်မပြေမှုကလဲ ခဏခဏကြုံတွေနေ့ရမှာပါပဲ။ ခဏခဏဝေဖန်တာများလာတော့ ဗီဇတစ်ခုလိုဖြစ်လာပြီး ထိုသူ လုပ်သမျှအရာအားလုံးကို လိုက်ပြီးဝေဖန်ပါတော့တယ်။ အဓိကကတော့ ကောင်းခြင်းဆိုးခြင်းကဝေဖန်တာက မိမိရဲ့ စိတ်နဲ့သာ သက်ဆိုင်ပါတယ်။ တစ်ယောက်တစ်ယောက်နဲ့ နှိုင်းယှဉ်ဝေဖန်တဲ့အခါမှာ ဝေဖန်ခံရသူအတွက်လည်း မနာလိုစိတ်တွေဖြစ်ပေါ်လာပါတယ်။ ဒါ့ကြောင့် လိုအပ်ချက်တွေရှိနေရင် တစ်ယောက်နဲ့တစ်ယောက် သင်ယူမှုတွေအချင်းချင်းဖလှယ်ကြပြီး နားလည်းစွာ ရပ်တည်ပေးလိုက်ပါ။ ဒါက သင့်တို့အတွက် ရေရှည်ကောင်းမွန်တဲ့ ဆက်ဆံရေးကိုရရှိနိုင်မှာဖြစ်ပါတယ်။

ချစ်တဲ့သူက ပေးတဲ့ပစ္စည်းတိုင်းကို တန်ဖိုးထားပါ။
ကိုယ်က အမြတ်တနိုးတဲ့ သူ့အတွက် ပစ္စည်း ဒါမမဟုတ် လက်ဆောင်လေးတွေဝယ်လာပြီး ပေးရင် သူ့ဘက်ကကိုယ်ပေးလိုက်တဲ့ ပစ္စည်းအပေါ် မြတ်နိုးတန်းဖိုးထားပြီး ပျော်ရွှင်နေတဲ့အမူအရာမျိုး ဖြစ်သွားတာကိုလိုချင်ကြတဲ့သူတွေချည်းပါပဲ။ချစ်သူပဲဖြစ်ဖြစ် သူငယ်ချင်းမိတ်ဆွေပဲဖြစ်ဖြစ် ကိုယ်ပေးတဲ့ ပစ္စည်း သို့မဟုတ် လက်ဆောင်အပေါ် သူ့ဘက်က ပျော်ရွှင်ခြင်းအရိပ်အယောက်မပြောနဲ့ ဘာတုန့်ပြန်မှုမှမရှိဘူးဆိုရင် ပေးရသူအဖို့ အရမ်းကို ခံစားရပါတယ်။ ကိုယ်ပေးတဲ့ပစ္စည်းက အဖိုး
ကြီးကြီးသေးသေး တန်ဖိုးမထားရင်လည်း ဘာမှထူးလာမှမဟုတ်ပါဘူး။ ချစ်သူ/ အိမ်ထောင်သည်ဘဝမှာ ဒါက သင့်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ပိုမိုကောင်းအောင်မစွမ်းဆောင်နိုင်တဲ့အပြင် မကောင်းတဲ့ဆိုးကျိုးဘက်ကို ဦးတည်သွားပါလိမ့်မယ်။ ဒါ့ကြောင့်ကိုယ့်ကို ချစ်တဲ့သူက ပေးရင် သူပေးတဲ့ ပစ္စည်းက တန်ဖိုးကြီးကြီးသေးသေး အမြတ်တနိုးတန်ဖိုးထားပေးဖို့လိုအပ်ပါတယ်။

သင့်ဘက်က စိတ်ကောက်တဲ့အခါ အကောင်းဆုံးအကြောင်းပြချက်ပေးပါ။
မိန်းကလေးအများစုကတော့ ကိုယ်မနှစ်သက်တဲ့ အရာတစ်ခုခုရှိနေရင် စိတ်ကောက်တတ်ကြပါတယ်။ တခါတလေမှာ စိတ်ကောက်ရာကနေ မစီမဆိုင်တဲ့ ပြဿနာတွေဖြစ်ပေါ်လာပြီး ရှင်းမရတဲ့ အခြေအနေမျိုးတွေထိဖြစ်တတ်ပါတယ်။ မိန်းကလေးအများစုကမိမိရဲ့ စိတ်အလိုအကျမှုကိုပြန်ပြီး ဖြေသိမ့်ပေးဖို့ စိတ်ကောက်တဲ့ နည်းလမ်းကို အသုံးပြုတတ်ကြပါတယ်။ ဒါပေမဲ့ ဘာကြောင့် စိတ်ကောက်ရတယ်ဆိုတဲ့ အကြောင်းပြချက်ကိုတော့ ထုတ်ဖော်ပြောပြလေ့ သိပ့်မရှိတတ်ကြပါဘူး။ ဒါပေမဲ့ မိမိကို ပြန်ချော့ခံချင်လို့ စိတ်ကောက်လိုက်ပေမဲ့ ပြန်ချော့တဲ့ အခြေအနေကိုမရောက်ဘဲ နားလည်မှုလွဲပြီး မဆိုင်ပြဿနာဖြစ်မဲ့ဘက်ကို ဦးတည်သွားပါတယ်။ ဒါ့ကြောင့် စိတ်ကောက်တဲ့အခါ အကောင်းဆုံးအကြောင်းပြချက်ပေးပါ။ ဥပမာအားဖြင့် – ငါ့ကို ဒါလေးလုပ်ပေးပါ၊ ငါမလုပ်ပေးနိုင်ဘူးကိုယ့်ပါသာကိုယ်လုပ် ဆိုတာထက် ငါခေါင်းကိုက်နေလို့ ကိုယ့်ပါသာကိုယ် လုပ်လိုက်ပါဆိုတဲ့ အကြောင်းပြချက်က သင်တို့နှစ်ဦးကို နားလည်မှုလွှဲပြီး ပြဿနာကြီးမားလာဖို့အတွက် ရာခိုင်နှုန်းနည်းပါတယ်။

Related posts

အမ်ိဳးသမီးတစ္ေယာက္ မွီခိုအားထားရာ ျဖစ္ဖို႔

OMCTC

သင့္ရဲ႕ဆြဲေဆာင္မႈကို က်ဆင္းေစတဲ့ အမွား (၁၀) ခု

Naung Naung

သင့္အမ်ိဳးသားအတြက္ ဘယ္ေတာ့မွ မျပဳလုပ္သင့္တဲ့အရာ ၆ခု

Nandar Lwin

Leave a Comment