• Home
  • Lifestyle
  • Celebrity
Celebrity Fashion
#Lifestyle_Myanmar
#TB_Nandar
Unicode
ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့စတိုင်လေးနဲ့ Twice အဖွဲ့ဝင် Momoရဲ့ဖက်ရှင်လေးတွေ
တောင်ကိုရီးယား မိန်းကလေး အဆိုရှင် ၉ယောက်ဖြင့် ဖွဲ့စည်းထားတဲ့ TWICE K-Pop အဖွဲ့ထဲမှာ Momoဟာ အဆို၊ အကနှင့် Rapper တစ်ဦးဖြစ်ပါတယ်။ Twice အဖွဲ့ထဲမှာ Momo၊ Mina နှင့် Sana တို့သုံးယောက်ဟာ ဂျပန်လူမျိုးတွေ ဖြစ်ကြပါတယ်။ Momo ရဲ့မွေးသက္ကရစ်ကတော့ 1996၊ နိုဝင်ဘာလ 9ရက်နေ့ဖြစ်ပြီး သူမရဲ့အရပ်အမြင့်ကတော့ ၅ပေ၆လက်မရှိပြီး ကိုယ်အလေးချိန်က ၁၀၆ပေါင်ရှိပါတယ်။
သူမကို ဂျပန်နိုင်ငံ ကျိုတို၊ Kyōtanabe မှာမွေးဖွားခဲ့ပါတယ်။ Momo မှာအစ်မတစ်ယောက်ရှိပြီး သူမထက် ၂နှစ်ကြီးပါတယ်။ သူမအစ်မနဲ့ သူမရဲ့အကဗီဒီယိုက်ုိ မြင်ပြီးနောက်မှာ JYP Entertainment ကဆက်သွယ်ခဲ့ပါတယ်။ သူမသည် 2012မှာ စစ်ဆေးမှု အောင်မြင်ခဲ့ပါတယ်။ Momo ကို ep 6 of SIXTEEN မှာဖယ်ထုတ်ခဲ့ပေမယ့် J.Y Park ကသူမရဲ့အကကျွမ်းကျင်မှုကြောင့် Twice အဖွဲ့ဝင်အဖြစ်ထည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Momo ရဲ့အဓိပ္ပာယ်က ဂျပန်လို မက်မွန်လို့ဆိုလိုပါတယ်။ သူမသည် hip hop အကကို နှစ်သက်တယ်လို့ဆိုပါတယ်။ သူမရဲ့အကြိုက်ဆုံးနံပါတ်ကတော့ 64ဖြစ်တယ်လို့ဆိုပါတယ်။ ဘာလို့လဲဆိုတော့ သူမဖခင်ဘောလုံးကစားစဉ်က ဝတ်တဲ့ တီရှပ်အကျီ င်္ပေါ်က နံပါတ်ဖြစ်လို့ပါပဲ။
GOT7ရဲ့ “Stop Stop It” MV, Junho ရဲ့ “Feel” (Japanese) MV, miss Aရဲ့ “Only You” MV, Wooyoungရဲ့ “Rose” (Japanese) MV, Heechul နှင့် Min Kyung Hoonတို့ရဲ့ “Sweet Dream” MVတို့မှာ သူမပါဝင်ခဲ့ပါတယ်။
#Lifestyle_Myanmar
#TB_Nandar
Related posts
ကားမောင်းနေစဉ် ဖုန်းအသုံးပြုခဲ့မူကြောင်း ရဲဖမ်းခံလိုက်ရတဲ့ Justin Biber
OMCTC
အိမ်ထောင်ပြုပြီးနောက်ပိုင်း ပိုပြီးလူကြိုက်များလာကြတဲ့ နာမည်ကြီးစုံတွဲတွေ
Nandar Lwin
ရုပ်ရှင်တွေ ဆက်တိုက် ပြန်ရိုက်မယ့် ပြေတီဦး
OMCTC
Leave a Comment