31 C
Yangon
June 24, 2018
  • Home
  • Lifestyle
  • Celebrity
Celebrity Fashion
TWICE အဖွဲ့ဝင် Mina
TWICE အဖွဲ့ဝင် Nayeon ရဲ့ခရီးသွားဖက်ရှင်ဒီဇိုင်းများ
#Lifestyle_Myanmar
#TB_Nandar
Unicode
ချစ်စရာကောင်းတဲ့ အပြုံးလေးနဲ့ ပရိတ်သတ်အချစ်တော် TWICE အဖွဲ့ဝင် Mina
တောင်ကိုရီးယား မိန်းကလေး အဆိုရှင် ၉ယောက်ဖြင့် ဖွဲ့စည်းထားတဲ့ TWICE K-Pop အဖွဲ့ထဲက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Mina ဟာ ဂျပန်လူမျိုး တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့မွေးနေ့ကတော့ ၁၉၉၇ ၊မတ်လ ၂၄ရက်နေ့ဖြစ်ပါတယ်။ သူမရဲ့အရပ်အမြင့်က ၅ပေ၅လက်မရှိပြီး ကိုယ်အလေးချိန်က ၁၀၁ပေါင်ပါ။ သွေးအမျိုးအစားက အေသွေးဖြစ်ပါတယ်။
သူမကို US၊ တက္ကဆက်ပြည်နယ် San Antonio မှာ မွေးဖွားခဲ့ပြီး ကလေးဘဝမှာဘဲ ဂျပန်နိုင်ငံ Kobe သို့ရွေ့ပြောင်းခဲ့ပါတယ်။ သူမသည် ဂျပန်မှာ Obayashi Sacred Heart School ကို တတ်ရောက်ခဲ့ပါတယ်။ သူမသည် ဂျပန်မှာပြုလုပ်တဲ့ JYP အသံစစ်ဆေးမှုတစ်ခုမှာ အစမ်းသီဆိုသရုပ်ပြမှု ပြုလုပ်ခဲ့ပြီး ၂၀၁၄ ဇန်နဝါရီလတွင် တောင်ကိုရီးယားမှာ ထရိန်နင်ပရိုဂရမ်ကို ၀င်ရောက်လာခဲ့ပါတယ်။ သူမသည် Twice အဖွဲ့ဝင်အဖြစ် ပွဲဦးမထွက်ခင် ထရိန်နင်ကာလ အတိုဆုံးအဖွဲဲ့ဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။ သူမသည်Junho ရဲ့ “Feel” (ဂျပန်) MV, GOT7 ၏ “Stop Stop It”, Wooyoung ၏ “Rose” (ဂျပန်) MV, and miss A ရဲ့ “Only You” MV တို့မှာ ပါ၀င်ခဲ့ပါတယ်။ သူမသည် ဘဲလေးအကကို ၁၁နှစ်လောက် လေ့လာခဲ့ပြီး ပိုပြီးခေတ်မီတဲ့ အကလေ့ကျင့်ဖို့အတွက Urizip အကကျောင်းကို တတ်ရောက်ခဲ့ပါတယ်။ Mina ရဲ့နာမည်ပြောင်ကတော့ “ပင်ဂွင်း”နှင့် “ငန်းနက်” ဖြစ်ပါတယ်။
သူမသည် တိတ်ဆိတ်ငြိမ်သက်စွာ နေတတ်သူဖြစ်ပါတယ်။ သူမကြိုက်တဲ့ စီးရီးရုပ်ရှင်ကတော့ ဟယ်ရီပေါ်တာဖြစ်ပြီး Hermioneကိုလည်းကြိုက်ပါတယ်တဲ့။ သူမဟာ သရေစာမုန့်စားရတာကို နှစ်သက်ပြီး Americano သောက်ရတာကို ကြိုက်ပါတယ်။ Mina သည် ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်ပြီး စိတ်ဖိစီးမှုများလာတဲ့အခါ အော်ငိုတတ်ပါတယ်တဲ့။ သူမသည် စိတ်အပြောင်းအလဲများစွာရှိတယ်လို့ ဆိုပါတယ်။ သူမနှစ်သက်တဲ့အရောင်ကတော့ ခရမ်းရောင်နှင့် မဲနယ်ရောင်လို့ဆိုပါတယ်။ Mina ရဲ့ချစ်စရာကောင်းတဲ့ ဟန်ပန်လေးနဲ့ သူမဝတ်ဆင်တဲ့ ဖက်ရှင်ဒီဇိုင်းတွေကိိုမျှဝေပေးလိုက်ပါတယ်။
#Lifestyle_Myanmar
#TB_Nandar
Related posts
ပွဲလည်တင့်တဲ့ ဆံထုံးထုံးနည်းပုံးစံအမျိုးမျိုး
OMCTC
ဓါတ်ပုံရိုက်တဲ့အခါ နေရာဘယ်လောက်ဆိုးဆိုး ပုံကောင်းတွေ ရရှိနိုင်ကြောင်းကို သက်သေပြထားတဲ့ပုံများ
Naung Naung
၂၃ နှစ်အရွယ် အန်နီဆာဇန်နီရဲ့အလှ
OMCTC
Leave a Comment