30 C
Yangon
May 21, 2018
  • Home
  • Lifestyle
  • Health & Beauty
  • ကျွမ်းကျင်သူများ မျှဝေထားတဲ့ ဂျင်းစားသုံးခြင်းရဲ့ အကျိုးကျေးဇူး ၁၂ ခု
Health & Beauty

ကျွမ်းကျင်သူများ မျှဝေထားတဲ့ ဂျင်းစားသုံးခြင်းရဲ့ အကျိုးကျေးဇူး ၁၂ ခု

ဂျင်း

ဂျင်းမှာ အသုံးဝင်ဆုံး ဆေးဖက်ဝင်ဂုဏ်သတ္တိများစွာ ရှိတာကို ပိာုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကရှာဖွေတွေ.ရှိခဲ့ကြပါတယ်။ ဂျင်းသည် ခန္ဓာကိုယ်ပေါ်က ရောင်ရမ်းမှုကို လျော့နည်းစေပြီး ဗီတာမင်၊ အာဟာရနှင့် essential oilsတို့ရဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ဂျင်းက ကိုယ်ဝန်ဆောင်စတွင် နံနက်ခင်းတိုင်းခံစားရလေ့ရှိတဲ့ မူးဝေအော့အန်ခြင်း၊ အအေးမိနှာစေးခြင်း၊ နာကျင်ကိုက်ခဲခြင်းတို့ကို သက်သာပျောက်ကင်းစေသလို အစာအိမ်နှင့် အူလမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါကိုလည်း ထိရောက်စွာ ဟန်တားပေးပါတယ်။ ဂျင်းက ကျန်းမာရေးအတွက်သာမက အလှအပအတွက်ပါ အလွန်အသုံးဝင်ပါတယ်။ ဒါ့ကြောင့် သင့်ကျန်းမာရေးနှင့် သဘာဝအလှကို ထိန်းသိမ်းဖို့ အသုံးဝင်တဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ခေါင်းကိုက်ခြင်း အမျိုးအစား ၄မျိုးနှင့် သူတို့ကို ကုသဖို့အကောင်းဆုံးနည်းလမ်း

သတိပြုရန်
– သင့်မှာ ချွဲအမြှေးပါး ပျက်စီးနေလျှင်၊ သင့်ခန္ဓာကိုယ်အပူချိန် မြင့်မားနေလျှင်၊ နှလုံးသွေးကြောနှင့် အသည်းပြဿနာများ ရှိပါက ဂျင်းကို အသုံးမပြုသင့်ပါဘူး။ ကိုယ်ဝန် 2ပတ်နှင့် 3ပတ်မှာ ဖြစ်လျှင်၊ ဒဏ်ရာများ သွေးယိုစီးခြင်းရှိလျှင် ဂျင်းကိုမသုံးသင့်ပါဘူး။
– ဂျင်းကို ဟင်းလျာများ၊ ဖျော်ရည်များမှာ ထည့်နိုင်ပါတယ်။
– ဂျင်းကို mask တစ်ခုအဖြစ်မလိမ်းခင်မှာ ဓါတ်မတည့်တာရှိ/မရှိ သင့်တံတောင်ဆစ်ကွေးမှာ လိမ်းကြည့်ပြီး စမ်းသပ်ပါ။

၁။ Cellulite တွေကိုတိုက်ဖျက်ပေးပါတယ်

သွေးလည်ပတ်မှုတိုးတတ်စေဖို့နှင့် သင့်အရေပြားပြန်ပြီးနွေးစေဖို့ ဂျင်းနှင့် ပွတ်တိုက်ပေးနိုင်ပါတယ်။ ဂျင်းက Cellulite အသစ်ဖွဲ့စည်းခြင်းကို ကာကွယ်တားဆီးဖို့ ရောင်ရမ်းခြင်းကို ဖယ်ရှားပေးပါတယ်။
ဂျင်းဖျော်ရည် (0.5)လီတာနှင့် ဂျင်းခြစ်ထားပြီးသား စားပွဲတင်ဇွန်း၁ဇွန်းကို ရောပါ။ ပင်လယ်ဆားကြမ်းကို ဖန်ခွက် ၁ခွက် ထည့်မွှေပါ။ ရေမြှုပ်တစ်ခုနှင့်အတူ ဒီScrubကို ပွတ်ပြီး လိမ်းပေးပါ။

၂။ ပျို့အန်ခြင်းကိုဖယ်ရှားပေးပြီး အစာခြေဖျက်မှုလုပ်ငန်းစဉ်ကို တိုးမြှင့်ပေးပါတယ်

သင့်မှာ အစာခြေပြဿနာများရှိလျှင်၊သို့မဟုတ် ကိုယ်ဝန်ဆောင်စဉ် မူးဝေခြင်း၊ ပျို့အန်ခြင်းကို ခံစားနေရလျှင် လတ်ဆတ်တဲ့ ဂျင်းကို လက်ဖက်ရည်ထဲထည့်သောက်ခြင်း၊ ဂျင်းကို ၀ါးစားခြင်းများ ပြုလုပ်နိုင်ပါတယ်။

၃။ ကိုယ်ခံစွမ်းအားကို အားကောင်းစေပါတယ်

အက်စ်ကောဘစ်အက်ဆစ်၏ ကြီးမားတဲ့စုစည်းမှု၊ ဗီတာမင်အေ နှင့်ဘီ၊ ဇင့်၊ ကယ်လစီယမ်၊ အိုင်အိုဒင်း၊ သဘာဝပဋိဇီဝဆေးများနှင့် antimycotics တို့ပါဝင်တာကြောင့် ဂျင်းက ကျွန်တော်တို့ ကိုယ်ခန္ဓာကို ခွန်အားတိုးစေပြီး အမျိုးမျိုးသော ရောဂါများကို ခုခံပေးနိုင်ပါတယ်။
– Black tea (or) green tea (250 မီလီ) ထဲကို ဂျင်းအမြစ် ခြစ်ထားပြီးသား လက်ဖက်စားဇွန်း၁ဇွန်းကို ထည့်ပြီး သောက်သုံးနိုင်ပါတယ်။

– လတ်ဆတ်တဲ့ ဂျင်း ၄၀၀ဂရမ်နှင့် သံပုရာ ၂-၄လုံးကို နုတ်နုတ်စင်းပြီး ပျားရည် ၂၅၀ ဂရမ်ထဲမှာ စိမ်ထားပေးပါ။ ဒါကို တုတ်ကွေးရာသီကာလများမှာ အစာမစားခင် မနက်တိုင်းစားပွဲတင်ဇွန်း ၁ဇွန်းသောက်ပေးပါ။

၎။ နာကျင်မှုကို လျော့ချပေးပါတယ်

ပြင်းထန်သော လေ့ကျင့်ခန်းလုပ်ပြီးနောက် ကြွက်သားနာကျင်မှု၊ အမျိုးသမီးများ ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲမှုဝေဒနာများ အဆစ်ရောင်ရမ်းမှုဖြစ်စဉ်များအတွက် ဂျင်းကကောင်းမွန်ပါတယ်။ ဂျင်းနှင့် နနွင်း ထဲကို သံပုရာသီး၂လုံးအရည်ညှစ်ပြီး ပျားရည်လက်ဖက်စားဇွန်း၁ဇွန်းနှင့် ရေထည့်ဖျော်ပြီး သောက်သုံးပါ။

၅။ ဦးနှောက်လုပ်ငန်းတွေကို လှုံ့ဆော်ပေးပါတယ်

ဂျင်းစားသုံးပါက ဦးနှောက်ဆဲလ်များ သေဆုံးခြင်း၊ အိုမင်းခြင်းကို နှေးကွေးစေပြီး အယ်လ်ဇိုင်းမားနှင့် ပါကင်ဆန်ကဲ့သို့သော neurodegenerativeရောဂါများကို ခုခံကာကွယ်ပေးပါတယ်။ ဂျင်းအမြစ်က ဦးနှောက်မှတ်ဥာဏ်ကိုတိုးတတ်ကောင်းမွန်စေပါတယ်။

၆။ အိုမင်းတဲ့ဖြစ်စဉ်ကို တိုက်ဖျက်ပေးပါတယ်

ဂျင်းမှာ အင်တီအောက်ဆီဒင့်ကြီးမားတဲ့ ပမာဏပါရှိပြီး ခန္ဓာကိုယ်ထဲမှာ သက်တမ်းတိုးမှုဖြစ်စဉ်များကို မြှင့်တင်ပေးပါတယ်။

၇။ ကိုယ်အလေးချိန်ကျဖို့ ကူညီပေးပါတယ်

ဂျင်းမှာ အစာစားချင်စိတ်ကို လျော့နည်းစေပါတယ်။ သင်သည်အစာမစားခင် မိနစ်၃၀မှာ ဂျင်းလက်ဖက်ရည်ကို သောက်လျှင် အစာနည်းနည်းပဲ စားပါလိမ့်မယ်။ ခြစ်ထားတဲ့ဂျင်းနှင့်အတူ ဒိန်ချဉ်တစ်ဖန်ခွက်ကို သစ်ကြံပိုး၊ ငရုတ်ကောင်းအနည်းငယ် ထည့်ပြီး သောက်နိုင်ပါတယ်။

၈။ အရေပြားကို တောက်ပစေပါတယ်

အသားအရေကို တောက်ပပြီး နုပျိုစေဖို့ သံပုရာရည်၊ ပျားရည်နှင့် ခြစ်ထားတဲ့ ဂျင်းကို ဆတူရောမွှေပြီး မိနစ်၃၀လောက် မျက်နှာပေါ်မှာ လိမ်းပေးပါ။

၉။ Antitumor အကျိုးသက်ရောက်မှု

ဂျင်းမှာ အချို့ဒြပ်စင်များက ဓါတုဆေးသွင်းကုသမှုကာလအတွင်း အခြေအနေကို လျော့ပါးသက်သားစေပြီး ကင်ဆာကိုတွန်းလှန်နိုင်ပါတယ်။

၁၀။ ၀က်ခြံတွေကို ဖယ်ရှားဖို့ ကူညီပေးပါတယ်

– ခြစ်ထားတဲ့ဂျင်း လက်ဖက်စားဇွန်း ၁ဇွန်းနှင့် ပန်းသီး cider ရှာလကာရည် လက်ဖက်စားဇွန်း ၁ဇွန်းကို ရောမွှေပါ။ ၀က်ခြံတစ်ခုစီပေါ်မှာ လိမ်းပါက ရောင်ရမ်းခြင်းနှင့် နီမြန်းခြင်းကို လျှင်မြန်စွာဖယ်ရှားပေးပါတယ်။

– ခြစ်ထားတဲ့ ဂျင်း လက်ဖက်စားဇွန်း ၁ဇွန်း ၊ ပျားရည်လက်ဖက်စားဇွန်း၁ဇွန်း၊ နို့အနည်းငယ်ကိုရောပါ။ သင့်မျက်နှာပေါ်မှာ လိမ်းပြီး ၁၀မိနစ် ၊၁၅မိနစ်လောက်နေမှ ရေနှင့်ဆေးကြောပေးပါ။

၁၁။ သွေးဖွဲ့စည်းမှုကို ပုံမှန်ဖြစ်စေပါတယ်

သုတေသနအရ ဂျင်းကို ပုံမှန်စားလျှင် ကိုလက်စထရောနှင့် သွေးတွင်းသကြားဓါတ်အဆင့်ကို ပုံမှန်ဖြစ်စေနိုင်ပါတယ်။ ရောဂါအစပျိုးခြင်းရဲ့ အန္တရာယ်ကို လျှော့ချနိုင်ပါတယ်။ ဂျင်းက သွေးတိုးခြင်းနှင့် သွေးခဲဖွဲ့စည်းခြင်းကို တွန်းလှန်ကူညီပေးပါတယ်။ သစ်ကြံပိုးတစ်ချောင်းနှင့်အတူ ဂျင်းအနည်းငယ်ကိုပြုတ်ပါ။ အအေးခံထားပြီး တစ်နေ့ ၂-၃ကြိမ်သောက်ပေးပါ။

၁၂ ။ဆံပင်သန်စွမ်းမှုကိုလှုံ့ဆော်ပေးပြီး ဆံပင်ကျွတ်ခြင်းနှင့် ဘောက်ကို ကာကွယ်တားဆီးပေးပါတယ်

ဂျင်းကဆံပင်ကျွတ်ခြင်းကို တားဆီးပေးပြီး ဆံပင်သန်စွမ်းစေပါတယ်။
ဆံပင်အားကောင်းစေဖို့ ပေါင်းတင်နည်း။ ခြစ်ထားတဲ့ဂျင်းနှင့် ဂျိုဂျိုးဘာ ဆီကိုပေါင်းစပ်ပြီး ဆံပင်နှင့် အရေပြားထဲသို့ စိမ့်ဝင်အောင် နှိပ်ပေးပါ။ မိနစ်၃၀နေလျှင် ဆေးကြောပေးပါ။
ဆံပင်သန်စွမ်းစေဖို့နည်းလမ်း။ ခြစ်ထားတဲ့ ဂျင်းအနည်းငယ်ကို ရေနှင့် ကြက်သွန်ဖြူနှင့်အတူ စိမ်ပြီး ခဏထားပါ။ သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီ ထပ်ထည့်ပြီး သင့်ဆံပင်အမြစ်တွေထဲသို့ စိမ့်ဝင်အောင် နှိပ်နယ်ပေးပါ။
ဘောက်ပျောက်ဖို့အတွက် ပေါင်းတင်နည်း။ လတ်ဆတ်တဲ့ဂျင်း ၂ပိုင်းကို သံလွင်ဆီ ဒါမှမဟုတ် နှမ်းဆီနှင့် ရောမွှေပါ။ သင့်ဦးရေပြားကို လိမ်းပြီး ၁၅မိနစ် ၂၅မိနစ်နေရင် ခေါင်းလျှော်ပေးပါ။ ဒါကို တစ်ပတ် ၂ကြိမ်အသုံးပြုပါ။
#Lifestyle_Myanmar
#TB_Nandar
Source-brightside

Related posts

မြင်းခွာရွက်မှရရှိတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေ

OMCTC

သင့်အလှအပနဲ့ ကျန်းမာရေးအတွက် အုန်းဆီကို ဘယ်လိုအသုံးပြုမလဲ?

Nandar Lwin

ခွဲစိတ်ကုသခြင်းမပြုလုပ်ပဲ လိပ်ခေါင်းရောဂါကို ပျောက်ကင်းနိုင်မဲ့ နည်းလမ်းအချို့

Kyaw Htike Aung

Leave a Comment