ကၽြန္ေတာ္တို႔ေတြ သဲထိတ္ရင္ဖိုဇာတ္ကားေတြကို ႏွစ္သက္ရျခင္းရဲ႕ အေၾကာင္းရင္း (၆) ခ်က္

0
15

လူတိုင္းလိုလို ဇာတ္ကားေတြၾကည့္တဲ့အခါ ထိတ္လန္႔စရာေကာင္းတဲ့ သဲထိတ္ရင္ဖိုဇာတ္ကားေတြကို ပိုမိုစိတ္၀င္စားၾကေၾကာင္း ေလ့လာသိရွိရပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ကမာၻႀကီးမွာ ထိတ္လန္႔စရာေကာင္းတဲ့ အျဖစ္အပ်က္ေတြ ေန႔စဥ္ျဖစ္ပြားေနေသာ္လည္း လူအေတာ္မ်ားမ်ားကေတာ့ ေဖ်ာ္ေျဖေရးအေနနဲ႕ ဟာသကားေတြထက္ သဲထိတ္ရင္ဖိုစိတ္ကားေတြကိုပဲ ဘာေၾကာင့္ႀကိဳက္ႏွစ္သက္ၾကတာလဲ။ ဒီအေၾကာင္းကို သုေတသနျပဳေလ့လာတဲ့အခါမွာေတာ့ သင့္အတြက္အံ့ၾသသြားေစမယ့္ အေျဖတခ်ိဳ႕ကို ရရွိခဲ့ၾကပါတယ္။

-Advertisement-

၁။ Horror ဖန္ေတြတကယ္ေၾကာက္တတ္ေစဖို႔ မဟုတ္ပါ
Purdue တကၠသိုလ္မွာျပဳလုပ္တဲ့ ပြဲတစ္ခုမွာ Brain Lamb ေက်ာင္းရဲ႕ပေရာဖက္ဖက္ဆာျဖစ္သူ Glenn Sparks ေျပာသြားတာက သူကိုယ္တိုင္ သဲထိတ္ရင္ဖိုဇာတ္ကားေတြကို ႏွစ္သက္သူျဖစ္ၿပီး ေၾကာက္မက္ဖြယ္ဇာတ္ကားေတြရဲ႕ ေနာက္ကြယ္ကိုေလ့လာတဲ့အခါမွာ
ေၾကာက္စရာဇာတ္ကားေတြက လူေတြတကယ္ကိုေၾကာက္လန္႔ေစဖို႔ ဦးတည္တာမဟုတ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ တကယ္ေတာ့ အေၾကာက္တရားဆိုတာ မေကာင္းတဲ့ခံစားခ်က္တစ္ခုပါ လိုလည္းသူကရွင္းျပခဲ့ပါတယ္။ လူေတြဟာ အျခားအရာေတြဆီကေန အေတြ႕အၾကံဳယူတာကို ႏွစ္သက္ၾကၿပီး ႏွလံုးခုန္ႏႈန္းျမန္လာမႈေၾကာင့္ Adrenaline အရည္ေတြပိုမိုထြက္ရွိၿပီး စိတ္ထဲမွာဇေ၀ဇ၀ါျဖစ္ရတဲ့ အေတြ႕အၾကံဳကိုပိုမိုႏွစ္သက္တာေၾကာင့္ ျဖစ္ပါတယ္လို႔ သူကရွင္းျပပါတယ္။

၂။ ထိတ္လန္႔စရာေကာင္းတဲ့ဇာတ္ကားေတြက ကိုယ့္ကိုကိုယ္ယံုၾကည္မႈကို ျမွင့္တင္ေပးႏိုင္တယ္
ေၾကာက္စရာဇာတ္ကားထုတ္လုပ္သူေတြဟာ ပရိသတ္ေတြအတြက္ စိန္ေခၚမႈအသစ္ေတြကို ဖန္တီးေနၾကသလို ႐ုပ္ရွင္မထြက္ခင္ preview မွာတည္းက ဆြဲေဆာင္ထားတတ္ၾကပါတယ္။ ဒါေၾကာင့္လည္း ေၾကာက္စရာေကာင္းတဲ့ဇာတ္ကားေတြကို ေအာင္ျမင္စြာၾကည့္ၿပီးသြားတဲ့အခါ ပရိသတ္ေတြအတြက္ ပိုေကာင္းတဲ့ခံစားခ်က္ေတြ ခံစားသြားရေစၿပီး ဇာတ္ကားထဲကလိုအေျခအေနမ်ိဳး သူတို႔အျပင္မွာ တကယ္ၾကံဳေတြ႔ခဲ့ရင္ေတာင္မွ ေကာင္းစြာေျဖရွင္းကိုင္တြယ္ ႏိုင္ၾကလိမ့္မယ္လို႔ ထုတ္လုပ္သူေတြက ယံုၾကည္ၾကပါတယ္။

ေလ့လာမႈေတြအရ ဥာဏ္ရည္ထက္ျမက္တဲ့ အမ်ိဳးသမီးေတြအမ်ားစု Single ျဖစ္ေနရတဲ့အေၾကာင္းရင္း

၃။ ထိတ္လန္႔မႈဟာ ဦးေႏွာက္အလုပ္လုပ္မႈနဲ႕ ဘယ္လိုဆက္စပ္ေနလဲ
ေၾကာက္စရာေကာင္းတဲ့ဇာတ္ကား ၾကည့္ေနတဲ့အခ်ိန္မွာ thalamus နဲ႕ amygdala လို႔ေခၚတဲ့ ကၽြန္ေတာ္တု႔ိရဲ႕ဦးေႏွာက္ အပိုင္းႏွစ္ခုဟာ အသက္၀င္သြားပါတယ္။ thalamus ဆိုတဲ့အပိုင္းဟာ ခႏၶာကိုယ္ကေန ကနဦးမက္ေဆ့ခ်္ ေတြရရွိၿပီး amygdala ဆိုတဲ့အပိုင္းကေတာ့
အမွန္တကယ္ေၾကာက္႐ြံ႕မႈကို သ႐ုပ္ေဖာ္ရန္အတြက္ လူေတြကိုဆံုးျဖတ္ႏိုင္ေအာင္ ကူညီေပးပါတယ္။ သို႔မဟုတ္ တျခားတစ္ဖက္မွာ ရွင္သန္ေအာင္ႀကိဳးစားဖို႔အတြက္ အစီအစဥ္ေတြကိုခ်မွတ္ျခင္း ပံုတူကူးျခင္းတို႔ကို ျပဳလုပ္ေပးပါတယ္။ ဒါေၾကာင့္ ၾကည့္ေနတဲ့႐ုပ္ရွင္ကို ႀကိဳက္မႀကိဳက္ဆိုတာဟာ ဦးေႏွာက္အလုပ္လုပ္ပံုအေပၚမူတည္ေနပါတယ္။

၄။ စိတ္ပိုင္းဆိုင္ရာကို မေကာင္းတဲ့သက္ေရာက္မႈေတြ ၾကံဳေတြ႕ႏိုင္တယ္
ေၾကာက္မက္ဖြယ္ေကာင္းတဲ့ လူသတ္ကားေတြ ေသြးသံရဲရဲကားေတြက တခ်ိဳ႕လူေတြအတြက္ စိတ္ပိုင္းဆိုင္ရာမေကာင္းတဲ့ သက္ေရာက္မႈေတြလည္းၾကံဳေတြ႕ႏိုင္ပါတယ္။ အျပင္ေလာကမွာလည္း ဇာတ္ကားထဲကလိုရက္ရက္စက္စက္ ညွင္းဆဲသတ္ျဖတ္မႈေတြ ျဖစ္ေနတာေၾကာင့္ စိတ္ပိုင္းဆိုင္ရာသက္ေရာက္မႈေတြကို ထည့္မတြက္လို႔မရပါဘူး။ တခ်ိဳ႕က ဇာတ္လိုက္ကိုအတုယူၾကေပမယ့္ စိတ္ပိုင္းဆိုင္ရာခ်ိဳ႕တဲ့သူေတြကေတာ့ လူသတ္သမားရဲ႕ ရက္ရက္စက္စက္သတ္ျဖတ္မႈေတြကို စြဲလမ္းေနတတ္ပါတယ္။

၅။ မိတ္ေဆြေတြကို ပိုမိုခင္မင္ေစတယ္
သဲထိတ္ရင္ဖိုဇာတ္ကားေတြမွာ ဇာတ္ေကာင္ေတြက အသက္ရွင္ရပ္တည္ဖို႔အတြက္ မိတ္ေဆြေတြအခ်င္းခ်င္းကယ္တင္တာေတြက အျပင္ေလာကမွာ သူငယ္ခ်င္းေတြကို ပိုမိုခင္မင္ေစပါတယ္လို႔ သုေတသနျပဳသူေတြက ဆိုပါတယ္။

၆။ ေၾကာက္စရာ႐ုပ္ရွင္ေတြက ကယ္လိုရီေတြကို ေလာင္ကၽြမ္းေစတယ္
လူေတြေၾကာက္လန္႔တဲ့အခါ ဇိ၀ျဖစ္စဥ္ႏႈန္းတိုးပြားလာတာေၾကာင့္ ကယ္လိုရီေတြကို ပိုမိုေလာင္ကၽြမ္ေစပါတယ္။ Westminster တကၠသိုလ္ရဲ႕ The Telegraph မွာေဖာ္ျပခ်က္အရ လူဆယ္ဦးကို သဲထိတ္ရင္ဖိုဇာတ္ကားၾကည့္ေစၿပီး ေလ့လာတဲ့အခါ ဇာတ္ကားတစ္ကားၿပီးတဲ့အခ်ိန္ ကယ္လိုရီႏွစ္ရာခန္႔ ေလာင္ကၽြမ္းေၾကာင္းသိရွိရပါတယ္။ တကယ္လို႔သင္ဟာ Horror Movies ေတြကိုႏွစ္သက္သူတစ္ေယာက္ဆိုရင္ သင့္ရဲ႕အျမင္နဲ႕ ေကာင္းက်ိဳး၊ ဆိုးက်ိဳးေတြကို ေအာက္မွာ ကြန္းမန္႔ေပးခဲ့ႏိုင္ပါတယ္။

#LM_Naung_Naung
#Lifestyle Myanmar

Ref-livestrong

Unicode Version

ကျွန်တော်တို့တွေ သဲထိတ်ရင်ဖိုဇာတ်ကားတွေကို နှစ်သက်ရခြင်းရဲ့ အကြောင်းရင်း (၆) ချက်

လူတိုင်းလိုလို ဇာတ်ကားတွေကြည့်တဲ့အခါ ထိတ်လန့်စရာကောင်းတဲ့ သဲထိတ်ရင်ဖိုဇာတ်ကားတွေကို ပိုမိုစိတ်ဝင်စားကြကြောင်း လေ့လာသိရှိရပါတယ်။ ကျွန်တော်တို့ရဲ့ကမ္ဘာကြီးမှာ ထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်တွေ နေ့စဉ်ဖြစ်ပွားနေသော်လည်း လူအတော်များများကတော့ ဖျော်ဖြေရေးအနေနဲ့ ဟာသကားတွေထက် သဲထိတ်ရင်ဖိုစိတ်ကားတွေကိုပဲ ဘာကြောင့်ကြိုက်နှစ်သက်ကြတာလဲ။ ဒီအကြောင်းကို သုတေသနပြုလေ့လာတဲ့အခါမှာတော့ သင့်အတွက်အံ့သြသွားစေမယ့် အဖြေတချို့ကို ရရှိခဲ့ကြပါတယ်။

၁။ Horror ဖန်တွေတကယ်ကြောက်တတ်စေဖို့ မဟုတ်ပါ
Purdue တက္ကသိုလ်မှာပြုလုပ်တဲ့ ပွဲတစ်ခုမှာ Brain Lamb ကျောင်းရဲ့ပရောဖက်ဖက်ဆာဖြစ်သူ Glenn Sparks ပြောသွားတာက သူကိုယ်တိုင် သဲထိတ်ရင်ဖိုဇာတ်ကားတွေကို နှစ်သက်သူဖြစ်ပြီး ကြောက်မက်ဖွယ်ဇာတ်ကားတွေရဲ့ နောက်ကွယ်ကိုလေ့လာတဲ့အခါမှာ
ကြောက်စရာဇာတ်ကားတွေက လူတွေတကယ်ကိုကြောက်လန့်စေဖို့ ဦးတည်တာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ တကယ်တော့ အကြောက်တရားဆိုတာ မကောင်းတဲ့ခံစားချက်တစ်ခုပါ လိုလည်းသူကရှင်းပြခဲ့ပါတယ်။ လူတွေဟာ အခြားအရာတွေဆီကနေ အတွေ့အကြုံယူတာကို နှစ်သက်ကြပြီး နှလုံးခုန်နှုန်းမြန်လာမှုကြောင့် Adrenaline အရည်တွေပိုမိုထွက်ရှိပြီး စိတ်ထဲမှာဇဝေဇဝါဖြစ်ရတဲ့ အတွေ့အကြံုကိုပိုမိုနှစ်သက်တာကြောင့် ဖြစ်ပါတယ်လို့ သူကရှင်းပြပါတယ်။

၂။ ထိတ်လန့်စရာကောင်းတဲ့ဇာတ်ကားတွေက ကိုယ့်ကိုကိုယ်ယုံကြည်မှုကို မြှင့်တင်ပေးနိုင်တယ်
ကြောက်စရာဇာတ်ကားထုတ်လုပ်သူတွေဟာ ပရိသတ်တွေအတွက် စိန်ခေါ်မှုအသစ်တွေကို ဖန်တီးနေကြသလို ရုပ်ရှင်မထွက်ခင် preview မှာတည်းက ဆွဲဆောင်ထားတတ်ကြပါတယ်။ ဒါကြောင့်လည်း ကြောက်စရာကောင်းတဲ့ဇာတ်ကားတွေကို အောင်မြင်စွာကြည့်ပြီးသွားတဲ့အခါ ပရိသတ်တွေအတွက် ပိုကောင်းတဲ့ခံစားချက်တွေ ခံစားသွားရစေပြီး ဇာတ်ကားထဲကလိုအခြေအနေမျိုး သူတို့အပြင်မှာ တကယ်ကြံုတွေ့ခဲ့ရင်တောင်မှ ကောင်းစွာဖြေရှင်းကိုင်တွယ် နိုင်ကြလိမ့်မယ်လို့ ထုတ်လုပ်သူတွေက ယုံကြည်ကြပါတယ်။

၃။ ထိတ်လန့်မှုဟာ ဦးနှောက်အလုပ်လုပ်မှုနဲ့ ဘယ်လိုဆက်စပ်နေလဲ
ကြောက်စရာကောင်းတဲ့ဇာတ်ကား ကြည့်နေတဲ့အချိန်မှာ thalamus နဲ့ amygdala လို့ခေါ်တဲ့ ကျွန်တော်တို့ရဲ့ဦးနှောက် အပိုင်းနှစ်ခုဟာ အသက်ဝင်သွားပါတယ်။ thalamus ဆိုတဲ့အပိုင်းဟာ ခန္ဓာကိုယ်ကနေ ကနဦးမက်ဆေ့ချ် တွေရရှိပြီး amygdala ဆိုတဲ့အပိုင်းကတော့
အမှန်တကယ်ကြောက်ရွံ့မှုကို သရုပ်ဖော်ရန်အတွက် လူတွေကိုဆုံးဖြတ်နိုင်အောင် ကူညီပေးပါတယ်။ သို့မဟုတ် တခြားတစ်ဖက်မှာ ရှင်သန်အောင်ကြိုးစားဖို့အတွက် အစီအစဉ်တွေကိုချမှတ်ခြင်း ပုံတူကူးခြင်းတို့ကို ပြုလုပ်ပေးပါတယ်။ ဒါကြောင့် ကြည့်နေတဲ့ရုပ်ရှင်ကို ကြိုက်မကြိုက်ဆိုတာဟာ ဦးနှောက်အလုပ်လုပ်ပုံအပေါ်မူတည်နေပါတယ်။

၄။ စိတ်ပိုင်းဆိုင်ရာကို မကောင်းတဲ့သက်ရောက်မှုတွေ ကြံုတွေ့နိုင်တယ်
ကြောက်မက်ဖွယ်ကောင်းတဲ့ လူသတ်ကားတွေ သွေးသံရဲရဲကားတွေက တချို့လူတွေအတွက် စိတ်ပိုင်းဆိုင်ရာမကောင်းတဲ့ သက်ရောက်မှုတွေလည်းကြံုတွေ့နိုင်ပါတယ်။ အပြင်လောကမှာလည်း ဇာတ်ကားထဲကလိုရက်ရက်စက်စက် ညှင်းဆဲသတ်ဖြတ်မှုတွေ ဖြစ်နေတာကြောင့် စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတွေကို ထည့်မတွက်လို့မရပါဘူး။ တချို့က ဇာတ်လိုက်ကိုအတုယူကြပေမယ့် စိတ်ပိုင်းဆိုင်ရာချို့တဲ့သူတွေကတော့ လူသတ်သမားရဲ့ ရက်ရက်စက်စက်သတ်ဖြတ်မှုတွေကို စွဲလမ်းနေတတ်ပါတယ်။

၅။ မိတ်ဆွေတွေကို ပိုမိုခင်မင်စေတယ်
သဲထိတ်ရင်ဖိုဇာတ်ကားတွေမှာ ဇာတ်ကောင်တွေက အသက်ရှင်ရပ်တည်ဖို့အတွက် မိတ်ဆွေတွေအချင်းချင်းကယ်တင်တာတွေက အပြင်လောကမှာ သူငယ်ချင်းတွေကို ပိုမိုခင်မင်စေပါတယ်လို့ သုတေသနပြုသူတွေက ဆိုပါတယ်။

၆။ ကြောက်စရာရုပ်ရှင်တွေက ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်
လူတွေကြောက်လန့်တဲ့အခါ ဇိ၀ဖြစ်စဉ်နှုန်းတိုးပွားလာတာကြောင့် ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်စေပါတယ်။ Westminster တက္ကသိုလ်ရဲ့ The Telegraph မှာဖော်ပြချက်အရ လူဆယ်ဦးကို သဲထိတ်ရင်ဖိုဇာတ်ကားကြည့်စေပြီး လေ့လာတဲ့အခါ ဇာတ်ကားတစ်ကားပြီးတဲ့အချိန် ကယ်လိုရီနှစ်ရာခန့် လောင်ကျွမ်းကြောင်းသိရှိရပါတယ်။ တကယ်လို့သင်ဟာ Horror Movies တွေကိုနှစ်သက်သူတစ်ယောက်ဆိုရင် သင့်ရဲ့အမြင်နဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို အောက်မှာ ကွန်းမန့်ပေးခဲ့နိုင်ပါတယ်။

#LM_Naung_Naung
#Lifestyle Myanmar

Ref-livestrong

LEAVE A REPLY

Please enter your comment!
Please enter your name here