29 C
Yangon
May 23, 2018
  • Home
  • Lifestyle
  • Sex Education
  • ကေလးမ်ားကို ေဘးကင္းလံုၿခံဳစြာ ကာကြယ္ ေစာင့္ေရွာက္ျခင္း
Sex Education

ကေလးမ်ားကို ေဘးကင္းလံုၿခံဳစြာ ကာကြယ္ ေစာင့္ေရွာက္ျခင္း

ယခုမ်က္ေမွာက္မွာ မိဘေတြအားလံုးက သူတို႔ကေလးေတြရဲ႕ ေဘးကင္းလံုၿခံဳ မႈႏွင့္ ပတ္သက္ၿပီး တူညီတဲ့ စိုးရိမ္ပူပန္မႈမ်ားႏွင့္ ရင္ဆိုင္ေနရပါတယ္။ ဘယ္သူက ယံုၾကည္စိတ္ခ်ရတယ္၊ ဘယ္သူက မယံုၾကည္ရဘူးလဲ ဆိုတာကို ဘယ္လိုသင္ရမလဲ? ဘာကို သင္ေပးရမလဲဆိုတဲ့ ျပႆနာမ်ားကို ရင္ဆိုင္ေနရပါတယ္။
မိဘေတြက မေသခ်ာမေရရာတဲ့ အေျခအေနေတြကို ဘယ္လိုခြဲျခားမလဲ၊ ဘယ္လိုထိန္းေက်ာင္းမလဲဆိုတာကို ကေလးေတြကို သင္ဖို႔ လိုအပ္ေပမယ့္ ကေလးေတြ သြားေရာက္လည္ပတ္တဲ့ သူငယ္ခ်င္းရဲ႕ပတ္၀န္းက်င္က ေဘးကင္းလံုၿခံဳေၾကာင္း ေသခ်ာဖို႔ လုိအပ္ပါတယ္။

သားေကာင္မ်ားရဲ႕ အႏၱရာယ္မွ သူတို႔ကို ေဘးကင္းလံုၿခံဳေအာင္ ေစာင့္ေရွာက္ျခင္း
ကၽြန္ေတာ္တို႔သည္ ကေလးေတြကို သံသယရွိတဲ့သူ ဒါမွမဟုတ္ စိတ္မခ်ရတဲ့အလားအလာရွိသူမ်ားႏွင့္ အေျခအေနမ်ားကို အသိအမွတ္ျပဳ ကူညီဖို႔ လုိအပ္ၿပီး သူတို႔ကိုယ္သူတို႔ ေစာင့္ေရွာက္ဖို႔ အသိပညာႏွင့္ ကၽြမ္းက်င္မႈေပးဖို႔ လိုအပ္ပါတယ္။ မိဘအမ်ားစုက သူတို႔မသိတဲ့ အလြဲသံုးစားျပဳႏိုင္ေခ်ရွိတဲ့သူမ်ားႏွင့္ ပတ္သတ္ၿပီး စိုးရိမ္ပူပန္ေသာ္လည္း သားေကာင္အျဖစ္အမ်ားဆံုးက အကၽြမ္းတ၀င္ရွိတဲ့သူမ်ားျဖစ္ၾကပါတယ္။ ဒါက ကေလးေတြကို လံုၿခံဳစိတ္ခ်ရတဲ့ ေနထိုင္မႈအေၾကာင္း ပညာေပးတဲ့အခါမွာ ေျခာက္လွန္႔တဲ့နည္းဗ်ဴဟာကို အသံုးျပဳဖို႔အတြက္္ အေထာက္အကူျဖစ္ေစမွာ မဟုတ္သလို ထိေရာက္မႈလည္းမရွိပါဘူး။ ဒါ့ေၾကာင့္ သားေကာင္ေတြကေန ကေလးေတြ ေဘးကင္းလံုၿခံဳေအာင္ ေစာင့္ေရွာက္ဖို႔အတြက္ အနညး္ငယ္ အႀကံေပးခ်င္ပါတယ္။

၁။ သင့္ကေလးေတြ ေျပာတာကို နားေထာင္ပါ

သင့္ကေလးေတြကို မည္သည့္ စိုးရိမ္ပူပန္မႈ၊ မည္သည့္ ျပႆနာမဆို သင္တို႔ဆီကိုလာႏိုင္တယ္ဆိုတာ သိပါေစ။ သင္သူတို႔ႏွင့္ စကားေျပာတဲ့အခါ ကေလးေတြအေပၚ သင့္ရဲ႕အာရံုစူးစိုက္မႈကို ထားေပးျခငး္ႏွင့္ ကေလးေတြရဲ႕ စကားကို နားေထာင္တတ္ဖိို႔ လက္ေတြ႕က်င့္သံုးေပးပါ။ သင့္ကေလးေတြအေပၚ အျပည့္အ၀အာရံုစိုက္ႏို္င္စြမ္းကို အေႏွာက္အယွက္ျဖစ္ေစမယ့္ Phone Screen ေတြကို ပိတ္ထား၊ ဖယ္ရွားထားပါ။

၂။ ျပႆနာေျဖရွင္းႏိုင္တဲ့ စြမ္းရည္ကို သင္ေပးပါ။

သင့္ကေလးေတြကို ႀကိဳတင္ကာကြယ္ရမယ့္ အေျခအေနတခုမွာ ေကာင္းတဲ့ေရြးခ်ယ္မႈ ျပဳလုပ္နိုင္ေအာင္ ျပႆနာေျဖရွင္းႏိုင္တဲ့ စြမ္းရည္ကို သင္ေပးပါ။ ကိုယ့္ကိုအဆင္မေျပေအာင္၊ စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ လုပ္တာႀကံဳလာတဲ့အခါ လူႀကီးေတြမို႔လို႔ဆိုၿပီး သည္းခံၿပီး ေနစရာမလိုဘူးဆိုတဲ့အေၾကာင္းနဲ႔ သူတို႔မွာထြက္သြားခြင့္ရွိတယ္ဆိုတာ သင္ေပးထားပါ။ သင္သည္ သင့္ကေလးေတြကို အားေပးစကားေျပာျခင္း တို႔ကို ျပဳလုပ္ေပးပါ။ ေျဖရွင္းနည္းမ်ားျဖင့္ အေျဖရွာျခင္း၊ ျပႆနာမ်ားကို တဆင့္ေတြးေတာျခင္း၊ အတူတကြ ေအးေဆးတည္ၿငိမ္စြာ ေန႔စဥ္စိန္ေခၚမႈမ်ားကို ခ်ဥ္းကပ္ျခင္းျဖင့္ ဒါကို ျပဳလုပ္ႏိုင္ပါတယ္။

၃။သူတို႔ရဲ႕ စိတ္ခံစားမႈမ်ားႏွင့္ သူတို႔စိတ္ထဲက ယံုၾကည္မႈမ်ားကို အသိအမွတ္ျပဳဖို႔ သင့္ကေလးေတြကို သင္ေပးပါ။

သူတို႔ရဲ႕ ပင္ကိုအသိစိတ္က သူတို႔ကို လံုၿခံဳေအာင္ ေစာင့္ေရွာက္ဖို႔ ျဖစ္တယ္ဆိုတာ သင့္ကေလးေတြကုိ နားလည္ေအာင္ ကူညီပါ။ ဒါက တခုခုက လံုၿခံဳတယ္ ဒါမွမဟုတ္ မလံုျခံဳလွ်င္ သူတို႔ထဲမွာ ခံစားေနရတာကို ေျပာျပျခင္းက အနည္းငယ္ေသာ ထုတ္ေဖာ္မႈပါပဲ။ သူတို႔ပင္ကိုယ္အသိစိတ္က တခါတရံမွာ မွားႏိုင္တာကို သူတို႔ကို သင္ေျပာျပႏိုင္ပါတယ္။ ဒါေပမယ့္ သူတို႔ကို အႏၱရာယ္ရွိႏို္င္တဲ့ မလံုၿခံဳတဲ့အေျခအေနျဖစ္ပါက ေျပာျပဖို႔ သူတို႔ကို ရွင္းျပေပးပါ။ သူတို႔ေျပာတာကိုလညး္ အၿမဲတမ္းနားေထာင္ေပးသင့္ပါတယ္။ သူတုိ႔ အၿမဲတမ္း စိတ္အေႏွာက္အယွက္ ဒါမွမဟုတ္ ေၾကာက္လန္႔ျခင္းကို ခံစားမိလွ်င္ တတ္ႏိုင္သမွ်အေ၀းကို ေရွာင္သင့္ေၾကာင္းႏွင့္ ဘာျဖစ္ခဲ့တယ္ဆိုတာကို ယံုၾကည္စိတ္ခ်ရတဲ့ လူႀကီးကို ေျပာျပသင့္ေၾကာင္း ရွင္းျပပါ။

၄။ သင့္ကေလးကို ဘယ္သူကစိတ္ခ်ရသူ၊ ဘယ္သူက စိတ္မခ်ရဘူးလဲဆိုတာကို နားလည္ေအာင္ ကူညီပါ

သင့္ကေလးေတြကို လွည့္စားတတ္တဲ့သူေတြအေၾကာင္္းကို ေျပာျပေပးပါ။ လွည့္စားတတ္တဲ့သူေတြက နည္းအမ်ဳိးမ်ဳိး ပံုစံမ်ဳိးစံုႏွင့္ အားနည္းခ်က္ရွိေနတဲ့ ကေလးရဲ႕ ယံုၾကည္ခ်က္ရေအာင္ႀကိဳးစားၿပီး သူတို႔လိုခ်င္တာကို အခြင့္အေရးရေအာင္ ယူတတ္ၾကပါတယ္။ လွည့္စားတတ္တဲ့သူေတြက ကေလးေတြရဲ႕ အကူအညီကို ရရွိဖို႔ႀကိဳးစားႏိုင္ၿပီး ဒါကို သင့္ကေလးေတြ အသိအမွတ္မျပဳဖို႔ အေရးႀကီးပါတယ္။ အထူးသျဖင့္ အရြယ္ေရာက္တဲ့ ကေလးေတြသည္ သူတို႔မသိတဲ့သူေတြရဲ႕ အကူအညီေတာင္းဆိုမႈဟာ လွည့္စားတတ္တဲ့သူရဲ႕ လကၡဏာျဖစ္ႏိုင္တာကို နားလည္သေဘာေပါက္ရပါမယ္။

၅။ လံုၿခံဳစိတ္ခ်ရတဲ့လူမ်ားနဲ႔ ေနရာတို႔ကို ဆန္းစစ္ပါ

သူတို႔ျပႆနာ ရွိခဲ့လွ်င္ လံုၿခံဳတဲ့ေနရာ ဘယ္ေနရာကို သြားဖို႔ ၊ အကူအညီေတာငး္ဖို႔ ဘယ္သူက စိတ္ခ်ရတဲ့သူ၊ ကစားဖို႔ ဘယ္ေနရာက လံုၿခံဳစိတ္ခ်ရတဲ့ေနရာဆိုတာ ခဲြျခားသတ္မွတ္တတ္ဖို႔ သင့္ကေလးေတြကို ကူညီပါ။ ကေလးေတြကို ကိုယ့္ကို လူတစ္ေယာက္က လာေရာက္ခ်ဥ္းကပ္လာရင္ ဘယ္လိုအျပဳအမူေတြကို ေရွာင္ရမယ္ဆိုတာကို သင္ၾကားေပးသင့္ပါတယ္။ သင့္ကေလးေတြအတြက္ ေစာင့္ၾကည့္ေပးဖို႔ ယံုၾကည္စိ္တ္္ခ်ရတဲ့ လူႀကီးတစ္ေယာက္ ရွိသင့္ပါတယ္။
ဒါမွမဟုတ္ မိခင္က ကေလးေတြကို အၿမဲတမ္းေစာင့္ၾကည့္ေနသင့္ပါတယ္။
#Nandar
Souce: heysigmund

ကေလးမ်ားကို  ေဘးကင္းလံုၿခံဳစြာ ကာကြယ္ ေစာင့္ေရွာက္ျခင္း

————————————————–
Unicode
ကလေးများကို  ဘေးကင်းလုံခြုံစွာ ကာကွယ် စောင့်ရှောက်ခြင်း

ယခုမျက်မှောက်မှာ မိဘတွေအားလုံးက သူတို့ကလေးတွေရဲ့ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်ပြီး တူညီတဲ့ စိုးရိမ်ပူပန်မှုများနှင့် ရင်ဆိုင်နေရပါတယ်။ ဘယ်သူက ယုံကြည်စိတ်ချရတယ်၊ ဘယ်သူက မယုံကြည်ရဘူးလဲ ဆိုတာကို ဘယ်လိုသင်ရမလဲ? ဘာကို သင်ပေးရမလဲဆိုတဲ့ ပြဿနာများကို ရင်ဆိုင်နေရပါတယ်။
မိဘတွေက မသေချာမရေရာတဲ့ အခြေအနေတွေကို ဘယ်လိုခွဲခြားမလဲ၊ ဘယ်လိုထိန်းကျောင်းမလဲဆိုတာကို ကလေးတွေကို သင်ဖို့ လိုအပ်ပေမယ့် ကလေးတွေ သွားရောက်လည်ပတ်တဲ့ သူငယ်ချင်းရဲ့ပတ်ဝန်းကျင်က ဘေးကင်းလုံခြံုကြောင်း သေချာဖို့ လိုအပ်ပါတယ်။

သားကောင်များရဲ့ အန္တရာယ်မှ သူတို့ကို ဘေးကင်းလုံခြံုအောင် စောင့်ရှောက်ခြင်း

ကျွန်တော်တို့သည် ကလေးတွေကို သံသယရှိတဲ့သူ ဒါမှမဟုတ် စိတ်မချရတဲ့အလားအလာရှိသူများနှင့် အခြေအနေများကို အသိအမှတ်ပြု ကူညီဖို့ လိုအပ်ပြီး သူတို့ကိုယ်သူတို့ စောင့်ရှောက်ဖို့ အသိပညာနှင့် ကျွမ်းကျင်မှုပေးဖို့ လိုအပ်ပါတယ်။ မိဘအများစုက သူတို့မသိတဲ့ အလွဲသုံးစားပြုနိုင်ချေရှိတဲ့သူများနှင့် ပတ်သတ်ပြီး စိုးရိမ်ပူပန်သော်လည်း သားကောင်အဖြစ်အများဆုံးက အကျွမ်းတဝင်ရှိတဲ့သူများဖြစ်ကြပါတယ်။ ဒါက ကလေးတွေကို လုံခြံုစိတ်ချရတဲ့ နေထိုင်မှုအကြောင်း ပညာပေးတဲ့အခါမှာ ခြောက်လှန့်တဲ့နည်းဗျူဟာကို အသုံးပြုဖို့အတွက်် အထောက်အကူဖြစ်စေမှာ မဟုတ်သလို ထိရောက်မှုလည်းမရှိပါဘူး။ ဒါ့ကြောင့် သားကောင်တွေကနေ ကလေးတွေ ဘေးကင်းလုံခြံုအောင် စောင့်ရှောက်ဖို့အတွက် အနညး်ငယ် အကြံပေးချင်ပါတယ်။

၁။ သင့်ကလေးတွေ ပြောတာကို နားထောင်ပါ

သင့်ကလေးတွေကို မည်သည့် စိုးရိမ်ပူပန်မှု၊ မည်သည့် ပြဿနာမဆို သင်တို့ဆီကိုလာနိုင်တယ်ဆိုတာ သိပါစေ။ သင်သူတို့နှင့် စကားပြောတဲ့အခါ ကလေးတွေအပေါ် သင့်ရဲ့အာရုံစူးစိုက်မှုကို ထားပေးခြငး်နှင့် ကလေးတွေရဲ့ စကားကို နားထောင်တတ်ဖိို့ လက်တွေ့ကျင့်သုံးပေးပါ။ သင့်ကလေးတွေအပေါ် အပြည့်အဝအာရုံစိုက်နို်င်စွမ်းကို အနှောက်အယှက်ဖြစ်စေမယ့် Phone Screen တွေကို ပိတ်ထား၊ ဖယ်ရှားထားပါ။

၂။ ပြဿနာဖြေရှင်းနိုင်တဲ့ စွမ်းရည်ကို သင်ပေးပါ။

သင့်ကလေးတွေကို ကြိုတင်ကာကွယ်ရမယ့် အခြေအနေတခုမှာ ကောင်းတဲ့ရွေးချယ်မှု ပြုလုပ်နိုင်အောင် ပြဿနာဖြေရှင်းနိုင်တဲ့ စွမ်းရည်ကို သင်ပေးပါ။ ကိုယ့်ကိုအဆင်မပြေအောင်၊ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တာကြံုလာတဲ့အခါ လူကြီးတွေမို့လို့ဆိုပြီး သည်းခံပြီး နေစရာမလိုဘူးဆိုတဲ့အကြောင်းနဲ့ သူတို့မှာထွက်သွားခွင့်ရှိတယ်ဆိုတာ သင်ပေးထားပါ။ သင်သည် သင့်ကလေးတွေကို အားပေးစကားပြောခြင်း တို့ကို ပြုလုပ်ပေးပါ။ ဖြေရှင်းနည်းများဖြင့် အဖြေရှာခြင်း၊ ပြဿနာများကို တဆင့်တွေးတောခြင်း၊ အတူတကွ အေးဆေးတည်ငြိမ်စွာ နေ့စဉ်စိန်ခေါ်မှုများကို ချဉ်းကပ်ခြင်းဖြင့် ဒါကို ပြုလုပ်နိုင်ပါတယ်။

၃။သူတို့ရဲ့ စိတ်ခံစားမှုများနှင့် သူတို့စိတ်ထဲက ယုံကြည်မှုများကို အသိအမှတ်ပြုဖို့ သင့်ကလေးတွေကို သင်ပေးပါ။

သူတို့ရဲ့ ပင်ကိုအသိစိတ်က သူတို့ကို လုံခြံုအောင် စောင့်ရှောက်ဖို့ ဖြစ်တယ်ဆိုတာ သင့်ကလေးတွေကို နားလည်အောင် ကူညီပါ။ ဒါက တခုခုက လုံခြံုတယ် ဒါမှမဟုတ် မလုံခြံုလျှင် သူတို့ထဲမှာ ခံစားနေရတာကို ပြောပြခြင်းက အနည်းငယ်သော ထုတ်ဖော်မှုပါပဲ။ သူတို့ပင်ကိုယ်အသိစိတ်က တခါတရံမှာ မှားနိုင်တာကို သူတို့ကို သင်ပြောပြနိုင်ပါတယ်။ ဒါပေမယ့် သူတို့ကို အန္တရာယ်ရှိနို်င်တဲ့ မလုံခြံုတဲ့အခြေအနေဖြစ်ပါက ပြောပြဖို့ သူတို့ကို ရှင်းပြပေးပါ။ သူတို့ပြောတာကိုလညး် အမြဲတမ်းနားထောင်ပေးသင့်ပါတယ်။ သူတို့ အမြဲတမ်း စိတ်အနှောက်အယှက် ဒါမှမဟုတ် ကြောက်လန့်ခြင်းကို ခံစားမိလျှင် တတ်နိုင်သမျှအဝေးကို ရှောင်သင့်ကြောင်းနှင့် ဘာဖြစ်ခဲ့တယ်ဆိုတာကို ယုံကြည်စိတ်ချရတဲ့ လူကြီးကို ပြောပြသင့်ကြောင်း ရှင်းပြပါ။

၄။ သင့်ကလေးကို ဘယ်သူကစိတ်ချရသူ၊ ဘယ်သူက စိတ်မချရဘူးလဲဆိုတာကို နားလည်အောင် ကူညီပါ

သင့်ကလေးတွေကို လှည့်စားတတ်တဲ့သူတွေအကြောင််းကို ပြောပြပေးပါ။ လှည့်စားတတ်တဲ့သူတွေက နည်းအမျိုးမျိုး ပုံစံမျိုးစုံနှင့် အားနည်းချက်ရှိနေတဲ့ ကလေးရဲ့ ယုံကြည်ချက်ရအောင်ကြိုးစားပြီး သူတို့လိုချင်တာကို အခွင့်အရေးရအောင် ယူတတ်ကြပါတယ်။ လှည့်စားတတ်တဲ့သူတွေက ကလေးတွေရဲ့ အကူအညီကို ရရှိဖို့ကြိုးစားနိုင်ပြီး ဒါကို သင့်ကလေးတွေ အသိအမှတ်မပြုဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အရွယ်ရောက်တဲ့ ကလေးတွေသည် သူတို့မသိတဲ့သူတွေရဲ့ အကူအညီတောင်းဆိုမှုဟာ လှည့်စားတတ်တဲ့သူရဲ့ လက္ခဏာဖြစ်နိုင်တာကို နားလည်သဘောပေါက်ရပါမယ်။

၅။ လုံခြံုစိတ်ချရတဲ့လူများနဲ့ နေရာတို့ကို ဆန်းစစ်ပါ

သူတို့ပြဿနာ ရှိခဲ့လျှင် လုံခြံုတဲ့နေရာ ဘယ်နေရာကို သွားဖို့ ၊ အကူအညီတောငး်ဖို့ ဘယ်သူက စိတ်ချရတဲ့သူ၊ ကစားဖို့ ဘယ်နေရာက လုံခြံုစိတ်ချရတဲ့နေရာဆိုတာ ခွဲခြားသတ်မှတ်တတ်ဖို့ သင့်ကလေးတွေကို ကူညီပါ။ ကလေးတွေကို ကိုယ့်ကို လူတစ်ယောက်က လာရောက်ချဉ်းကပ်လာရင် ဘယ်လိုအပြုအမူတွေကို ရှောင်ရမယ်ဆိုတာကို သင်ကြားပေးသင့်ပါတယ်။ သင့်ကလေးတွေအတွက် စောင့်ကြည့်ပေးဖို့ ယုံကြည်စိ်တ််ချရတဲ့ လူကြီးတစ်ယောက် ရှိသင့်ပါတယ်။
ဒါမှမဟုတ် မိခင်က ကလေးတွေကို အမြဲတမ်းစောင့်ကြည့်နေသင့်ပါတယ်။
#Nandar
Souce: heysigmund

Related posts

xHamster နဲ႔ IDOLL ကုမၸဏီႏွစ္ခု ပူးေပါင္းၿပီး ပထမဦးဆုံး လိင္ဆက္ဆံေဖာ္ စီလီကြန္အ႐ုပ္မ မ်ားဖန္တီးထုတ္လုပ္

Kyaw Htike Aung

Sex Doll အရုပ္မ်ားလူကဲ့သို႕စကားအျပန္အလွန္ေျပာႏိုင္ေတ့ာမည္

OMCTC

ပလပ္စတစ္ လိင္အ႐ုပ္မေတြနဲ႔ လူတစ္ေယာက္ရဲ႕ အခ်စ္စိတ္ကူး

Kyaw Htike Aung

Leave a Comment