29 C
Yangon
May 23, 2018
  • Home
  • Lifestyle
  • ကေလးတစ္ဦးရဲ႕ အနာဂတ္ေအာင္ျမင္မႈကို အက်ိဳးသက္ေရာက္လာႏိုင္တဲ့ မိဘအုပ္ထိန္းမႈ အေလ့အထမ်ား
Lifestyle Relationship

ကေလးတစ္ဦးရဲ႕ အနာဂတ္ေအာင္ျမင္မႈကို အက်ိဳးသက္ေရာက္လာႏိုင္တဲ့ မိဘအုပ္ထိန္းမႈ အေလ့အထမ်ား

ကေလးတစ္ဦးရဲ႕ အနာဂတ္ေအာင္ျမင္မႈကို

မိဘတစ္ဦးျဖစ္ရတာက ႀကီးမားတဲ့ တာ၀န္ယူမႈ ျဖစ္ပါတယ္။ ကိုယ္က မွန္ကန္တဲ့အရာေတြကို ျပဳလုပ္ေျပာဆိုျခင္းျဖင့္ ကိုယ့္ရဲ႕ကေလးကို လမ္းေၾကာင္းမွန္ကို သတ္မွတ္ေပးရပါမယ္။ ေသခ်ာပါတယ္။ ဘယ္သူကမွ ျပည့္စံုတဲ့မိဘဆိုတာ မရွိေပမယ့္ ကၽြႏု္ပ္တို႔သည္ အနာဂတ္မွာ က်ရံႈးႏိုင္ဖြယ္ရာရွိတဲ့ ကေလးေတြကို ျပဳစုပ်ိဳးေထာင္မႈရဲ႕ အေလ့အက်င့္မွား အခ်ိဳ႕ကို ေလ့လာၾကည့္ႏိုင္ပါတယ္။

သင့္ကေလး ကိုယ့္ကိုကိုယ္ယံုၾကည္မႈရွိေစဖို႔ အေကာင္းဆံုးအၾကံေပးခ်က္ (၁၀) ခ်က္

၁။ ကိုယ္ေျပာခဲ့တဲ့အရာကို က်င့္သံုးျခငး္မရွိတာ

ဒါက ကေလးေတြကို ျပဳစုပ်ိဳးေထာင္တဲ့အခါ အႏၱရာယ္မ်ားတဲ့ အေလ့အက်င့္တစ္ခုျဖစ္ပါတယ္။ သင့္ကေလးေတြသည္ သင္လုပ္တဲ့အမႈအရာေတြကိုၾကည့္ၿပီး သင္ဘာေျပာေျပာ နားမေထာင္ၾကေတာ့ပါဘူး။ သင္သည္ေရွ႕ကျပဳလုပ္မိခဲ့လွ်င္ သူတို႔ကို တစ္စံုတစ္ခုက ဘယ္ေလာက္မွားယြင္းေနေၾကာင္း ေျပာေနပါေစ ။ သူတို႔က သင့္စကားကို နားေထာင္ဖို႔ဆိုတာမ်ိဳးက မျဖစ္ႏိုင္ပါဘူး။ ဥပမာ သင္သည္ အရင္က မိသားစုညစာစားေနစဥ္မွာ ဖုန္းအသံုးျပဳခဲ့မယ္ဆိုရင္ သူတို႔ အဲ့လိုျပဳလုပ္လာတဲ့အခါ မွားယြင္းေနေၾကာင္း ေျပာလို႔မရႏိုင္ပါဘူး။

၂။ အလြန္ ကာကြယ္ေပးသူျဖစ္ျခင္း

သင့္ကေလးကို ကိုယ့္ကိုယ္ကို ေလးစားမႈ၊ ယံုၾကည္မႈႏွင့္အတူ ႀကီးျပင္းေစခ်င္လွ်င္ သူတို႔ကို အမွားေတြ လုပ္ေစလိုပါတယ္။ မိဘေတြရဲ႕ပထမဆံုးဗီဇက မ်ားေသာအားျဖင့္ ကေလးေတြကို ကာကြယ္ေစာင့္ေရွာက္တတ္ၾကတာေၾကာင့္ သူတို႔မွာ အမွားနည္းတတ္ၾကပါတယ္။ ဒါေပမယ့္ ေရရွည္မွာ သူတို႔ကို ဒီလိုလုပ္ေပးႏိုင္မွာ မဟုတ္ပါဘူး။ သူတို႔က်ရံႈးၿပီဆိုပါစို႔။ သူတို႔မွာ ျပန္ထႏိုင္စြမ္းရွိရင္ ကိုယ္ပိုင္အစြမ္းအစႏွင့္ သူတို႔စိတ္ကို သူတို႔ ဘာလုပ္ႏိုင္လဲဆိုတာ သိပါလိမ့္မယ္။ သူတို႔ကိုယ္တိုင္ ျပႆနာေတြကို ေျဖရွင္းဖို႔ အခြင့္အလမ္းတစ္ခု ေပးပါ။ စူးစမ္းေလ့လာႏိုင္မယ့္ေနရာႏွင့္ အခြင့္အလမ္းတစ္ခု ေပးထားမယ္ဆိုရင္ သူတို႔ဘာလုပ္ရမလဲဆုိတာ သူတို႔ေလ့လာပါလိမ့္မယ္။ သင့္ကိုေတာင္ အံ့ၾသသြားေစမွာပါ။

happy little girl playing toys with parents on bedroom floor

၃။ သင္လုပ္ခဲ့တဲ့ အမွားေတြကို မဖြင့္ဟတာ

သင္သည္ ဘယ္ေတာ့မွ အမွားမလုပ္သလို ေနျခင္းက သင့္ကေလးေတြ အမွားျပဳလုပ္မိတဲ့အခါ သင့္ကိုတိုင္ပင္ ဖြင့္ဟမွာ မဟုတ္ပါဘူး။ သူတို႔အေပၚမွာ မေကာင္းတဲ့ ဆံုးျဖတ္ခ်က္ေတြ ျပဳလုပ္္မိခဲ့ရင္ ဖြင့္ေျပာၿပီး သူတို႔ဆီက ဘာေျပာလာမလဲဆိုတာ ေလ့လာပါ။ လူတိုင္းက အမွားႏွင့္မကင္းဘူးဆိုတာ သူတို႔သိပါေစ။ ဒါက တရားသျဖင့္ သူတို႔အမွားလုပ္မိတဲ့ အေၾကာင္းကို သင့္ဆီမွာ ရင္ဖြင့္လာႏိုင္ပါတယ္။ မိသားစုအၾကား ခိုင္မာတဲ့ သံေယာဇဥ္တစ္ခု ေတြ႔ႀကံဳခံစားရပါလိမ့္မယ္။

၄။ အလြန္ ခ်ီးက်ဴးျခင္း

သူတို႔ကိုခ်ီးမြန္းျခင္းျဖင့္ သင့္ကေလးေတြရဲ႕ ကိုယ္ပိုင္ယံုၾကည္မႈကို ျမွင့္တင္သင့္ပါတယ္။ ဒါေပမယ့္ သာမာန္လုပ္ရပ္တိုင္းကို ႀကံဖန္ၿပီး ဂုဏ္ျပဳေပးဖို႔ မလိုပါဘူး။ သူတို႔သည္ ခ်ီးမြန္းျခင္းကို ရရွိခဲ့တယ္ဆိုတာ သိဖို႔ လိုအပ္ပါတယ္။ သူတို႔ျပဳလုပ္သမွ် အရာအားလံုးကို ခ်ီးက်ဴးထားမယ္ဆိုလွ်င္ အဲ့ဒီစကားက မၾကာခင္မွာ အဓိပၸာယ္ ဆံုးရံႈးပါတယ္။ ကေလးဟာ သူ႔ကုိယ္သူ အရာရာတိုင္း ယံုၾကည္မႈ လြန္ကဲသူတစ္ေယာက္ ျဖစ္လာႏိုင္ပါတယ္။ ဒါက သူ႔ရဲ႕ Self-confidence ကို ထိခိုက္ေစပါလိမ့္မယ္။

I am very proud of you my little boy

ဒီအေရးႀကီးတဲ့ အရာေတြက သင့္ကေလးအတြက္ ခ်စ္ျခင္းေမတၱာကို ခံစားရဖို႔ ျဖစ္ေပမယ့္လည္း အကန္႔အသတ္ရဲ႕သေဘာတရားကိုလည္း သင္ေပးပါ။ အခ်ိန္တိုင္းေတာ့ မွန္ကန္တဲ့သူ တစ္ေယာက္မွ မရွိပါဘူး။
#Lifestyle_Myanmar
#TB_Nandar

Unicode

ကလေးတစ်ဦးရဲ့ အနာဂတ်အောင်မြင်မှုကို အကျိုးသက်ရောက်လာနိုင်တဲ့ မိဘအုပ်ထိန်းမှု အလေ့အထများ
မိဘတစ်ဦးဖြစ်ရတာက ကြီးမားတဲ့ တာဝန်ယူမှု ဖြစ်ပါတယ်။ ကိုယ်က မှန်ကန်တဲ့အရာတွေကို ပြုလုပ်ပြောဆိုခြင်းဖြင့် ကိုယ့်ရဲ့ကလေးကို လမ်းကြောင်းမှန်ကို သတ်မှတ်ပေးရပါမယ်။ သေချာပါတယ်။ ဘယ်သူကမှ ပြည့်စုံတဲ့မိဘဆိုတာ မရှိပေမယ့် ကျွနု်ပ်တို့သည် အနာဂတ်မှာ ကျရှုံးနိုင်ဖွယ်ရာရှိတဲ့ ကလေးတွေကို ပြုစုပျိုးထောင်မှုရဲ့ အလေ့အကျင့်မှား အချို့ကို လေ့လာကြည့်နိုင်ပါတယ်။

၁။ ကိုယ်ပြောခဲ့တဲ့အရာကို ကျင့်သုံးခြငး်မရှိတာ

ဒါက ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါ အန္တရာယ်များတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ သင့်ကလေးတွေသည် သင်လုပ်တဲ့အမှုအရာတွေကိုကြည့်ပြီး သင်ဘာပြောပြော နားမထောင်ကြတော့ပါဘူး။ သင်သည်ရှေ့ကပြုလုပ်မိခဲ့လျှင် သူတို့ကို တစ်စုံတစ်ခုက ဘယ်လောက်မှားယွင်းနေကြောင်း ပြောနေပါစေ ။ သူတို့က သင့်စကားကို နားထောင်ဖို့ဆိုတာမျိုးက မဖြစ်နိုင်ပါဘူး။ ဥပမာ သင်သည် အရင်က မိသားစုညစာစားနေစဉ်မှာ ဖုန်းအသုံးပြုခဲ့မယ်ဆိုရင် သူတို့ အဲ့လိုပြုလုပ်လာတဲ့အခါ မှားယွင်းနေကြောင်း ပြောလို့မရနိုင်ပါဘူး။

၂။ အလွန် ကာကွယ်ပေးသူဖြစ်ခြင်း

သင့်ကလေးကို ကိုယ့်ကိုယ်ကို လေးစားမှု၊ ယုံကြည်မှုနှင့်အတူ ကြီးပြင်းစေချင်လျှင် သူတို့ကို အမှားတွေ လုပ်စေလိုပါတယ်။ မိဘတွေရဲ့ပထမဆုံးဗီဇက များသောအားဖြင့် ကလေးတွေကို ကာကွယ်စောင့်ရှောက်တတ်ကြတာကြောင့် သူတို့မှာ အမှားနည်းတတ်ကြပါတယ်။ ဒါပေမယ့် ရေရှည်မှာ သူတို့ကို ဒီလိုလုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ သူတို့ကျရှုံးပြီဆိုပါစို့။ သူတို့မှာ ပြန်ထနိုင်စွမ်းရှိရင် ကိုယ်ပိုင်အစွမ်းအစနှင့် သူတို့စိတ်ကို သူတို့ ဘာလုပ်နိုင်လဲဆိုတာ သိပါလိမ့်မယ်။ သူတို့ကိုယ်တိုင် ပြဿနာတွေကို ဖြေရှင်းဖို့ အခွင့်အလမ်းတစ်ခု ပေးပါ။ စူးစမ်းလေ့လာနိုင်မယ့်နေရာနှင့် အခွင့်အလမ်းတစ်ခု ပေးထားမယ်ဆိုရင် သူတို့ဘာလုပ်ရမလဲဆိုတာ သူတို့လေ့လာပါလိမ့်မယ်။ သင့်ကိုတောင် အံ့သြသွားစေမှာပါ။

၃။ သင်လုပ်ခဲ့တဲ့ အမှားတွေကို မဖွင့်ဟတာ

သင်သည် ဘယ်တော့မှ အမှားမလုပ်သလို နေခြင်းက သင့်ကလေးတွေ အမှားပြုလုပ်မိတဲ့အခါ သင့်ကိုတိုင်ပင် ဖွင့်ဟမှာ မဟုတ်ပါဘူး။ သူတို့အပေါ်မှာ မကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ပြုလုပ််မိခဲ့ရင် ဖွင့်ပြောပြီး သူတို့ဆီက ဘာပြောလာမလဲဆိုတာ လေ့လာပါ။ လူတိုင်းက အမှားနှင့်မကင်းဘူးဆိုတာ သူတို့သိပါစေ။ ဒါက တရားသဖြင့် သူတို့အမှားလုပ်မိတဲ့ အကြောင်းကို သင့်ဆီမှာ ရင်ဖွင့်လာနိုင်ပါတယ်။ မိသားစုအကြား ခိုင်မာတဲ့ သံယောဇဉ်တစ်ခု တွေ့ကြုံခံစားရပါလိမ့်မယ်။

၄။ အလွန် ချီးကျူးခြင်း

သူတို့ကိုချီးမွန်းခြင်းဖြင့် သင့်ကလေးတွေရဲ့ ကိုယ်ပိုင်ယုံကြည်မှုကို မြှင့်တင်သင့်ပါတယ်။ ဒါပေမယ့် သာမာန်လုပ်ရပ်တိုင်းကို ကြံဖန်ပြီး ဂုဏ်ပြုပေးဖို့ မလိုပါဘူး။ သူတို့သည် ချီးမွန်းခြင်းကို ရရှိခဲ့တယ်ဆိုတာ သိဖို့ လိုအပ်ပါတယ်။ သူတို့ပြုလုပ်သမျှ အရာအားလုံးကို ချီးကျူးထားမယ်ဆိုလျှင် အဲ့ဒီစကားက မကြာခင်မှာ အဓိပ္ပာယ် ဆုံးရှုံးပါတယ်။ ကလေးဟာ သူ့ကိုယ်သူ အရာရာတိုင်း ယုံကြည်မှု လွန်ကဲသူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ဒါက သူ့ရဲ့ Self-confidence ကို ထိခိုက်စေပါလိမ့်မယ်။

ဒီအရေးကြီးတဲ့ အရာတွေက သင့်ကလေးအတွက် ချစ်ခြင်းမေတ္တာကို ခံစားရဖို့ ဖြစ်ပေမယ့်လည်း အကန့်အသတ်ရဲ့သဘောတရားကိုလည်း သင်ပေးပါ။ အချိန်တိုင်းတော့ မှန်ကန်တဲ့သူ တစ်ယောက်မှ မရှိပါဘူး။
#Lifestyle_Myanmar
#TB_Nandar

 

Related posts

ေန႔စဥ္ ပံုမွန္ေလ့က်င့္ခန္းျပဳလုပ္ျခင္းေၾကာင့္ ရရွိႏိုင္မယ့္ အက်ိဳးေက်းဇူး (၁၀) မ်ိဳး

Naung Naung

အျဖဴေရာင္ အ၀တ္အစားေတြကို ထိန္းသိမ္းႏိုင္မယ့္နည္းလမ္းေလးမ်ား

Nandar Lwin

ၿပီးျပည့္စံုတဲ့ အ၀တ္အစား တစ္စံုျဖစ္ဖို႔ ဘယ္အေရာင္ေတြကုိေပါင္းစပ္မလဲ?

Nandar Lwin

Leave a Comment