ကုိယ္၀န္ေဆာင္စဥ္အတြင္း စိတ္္ဖိစီးမွုေတြကို ဘယ္လိုနည္းနဲ႔ေျဖေဖ်ာက္ၾကမလဲ ?

0
7

ကိုယ္၀န္ေဆာင္ အမ်ိဳးသမီးအမ်ားစုသည္ ကုိယ္ဝန္ေဆာင္တဲ့အခ်ိန္မွာ ကိုယ္ဝန္ေဆာင္တာနဲ႔ ပတ္သက္ျပီး စိတ္္ဖိစီးမွုမ်ားကို ခံစားၾကရတတ္ပါတယ္။ အထူးသျဖင့္ ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္း ခႏၶာကိုယ္ေျပာင္းလဲမႈ၊ ညဘက္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္မေပ်ာ္တာ၊ မေမြးဖြားေသးတဲ့သားသားမီးမီးအတြက္ စိုးရိမ္ေသာကေရာက္ရတာေတြအတြက္ စိတ္ဖိစီးမႈမ်ား ျဖစ္ေပၚတတ္ပါတယ္။ စိုးရိမ္ပူပန္မႈ ျမင့္မားျခင္းက အမွန္တကယ္ ကေလးကို ထိခိုက္ေစႏိုင္ပါတယ္။ Cortisol ၊ စိတ္ဖိစီးမႈေဟာ္မုန္းက အခ်င္းကို ျဖတ္သန္းသြားႏိုင္ၿပီး ကေလးရဲ႕စိတ္ပိုင္းဆိုင္ရာဖြံၿဖိဳးတိုးတတ္မႈအေပၚ အက်ိဳးသက္ေရာက္မႈ ရွိႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္၀န္ေဆာင္စဥ္အတြင္း စိတ္ဖိစီးမႈမျဖစ္ေအာင္ ႏွင့္ စိတ္ဖိစီးမႈကို ဘယ္လိုနည္းနဲ႔ ေျဖေဖ်ာက္မလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

ကိုယ္၀န္ေဆာင္အမ်ိဳးသမီးမ်ားအတြက္ အေကာင္းဆံုး အစားအစာမ်ား

၁။ ေကာင္းမြန္စြာ အနားယူပါ။
ကုိယ္၀န္ေဆာင္ထားရတဲ့ မိခင္ေတြက ကိုယ့္ကိုကိုယ္ ဂရုစိုက္ၿပီး စိတ္ေရာ ကိုယ္ပါ အနားယူဖို႔ တကယ္လိုအပ္ပါတယ္။ အလုပ္လုပ္ေနရတဲ့ ကိုယ္၀န္ေဆာင္ေတြအတြက္ ကေလးအေပၚ အာရံုစုိက္ဖို႔ သင့္အလုပ္ေတြထဲက အခ်ိန္တခ်ိဳ႕ကို ယူဖို႔ အလြန္အေရးႀကီးပါတယ္။


၂။ တစ္ေယာက္ေယာက္ႏွင့္ စကားေျပာပါ
သင့္ခႏၶာကိုယ္ထဲမွာ ေဟာ္မုန္းအဆင့္ေတြက ေျပာင္းလဲမႈမ်ားႀကံဳရႏိုင္တာေၾကာင့္ သင့္ကေလးႏွင့္ပတ္သတ္ၿပီး သို႔မဟုတ္ တျခားကိစၥေတြမွာ စိတ္ဖိစီးမႈ ခံစားေနရလွ်င္ တစ္ေယာက္ေယာက္ႏွင့္ တိုင္ပင္စကားေျပာတာက အေကာင္းဆံုးစိတ္ကူးတစ္ခု ျဖစ္ႏိုင္ပါတယ္။ စိတ္ဖိစီးမႈ ျမင့္မားျခင္းက ကေလးကို ထိခိုက္ေစႏိုင္တာေၾကာင့္ ကိုယ္ဝန္ေဆာင္တာနဲ႔ပတ္သက္ျပီး ျဖစ္ေပၚလာတဲ့ အေၾကာင္းအရာမ်ားအားလံုးကို ကိုယ့္ပတ္ဝန္းက်င္မွာရွိတဲ့ မိဘ၊ ေဆြမ်ိဳး မ်ားႏွင့္အတူ တျခား ကိုယ္၀န္ေဆာင္မ်ား၊ ကေလးမိခင္မ်ားနဲ႔ ေျပာျပတိုင္ပင္ၿပီး အေတြ႕အၾကံဳမ်ား ဖလွယ္ေပးပါ။


၃။ အစားအေသာက္ အေလ့အထ
သင့္ရဲ႕အစားအေသာက္ကို ဂရုစိုက္ပါ။ ကိုယ္ဝန္ေဆာင္အခ်ိန္မွာ အာဟာရျပည့္ဝျပီး အရသာရွိတဲ့ အစားအစာမ်ားကို စားသံုးေပးဖို႔ အထူးလိုအပ္ပါတယ္။ ဗီတာမင္၊ သတၱဳဓါတ္ႏွင့္ အိုမီဂါ ၃ ဖက္တီးအက္ဆစ္ ၾကြယ္၀ေသာအစားအစာက သင့္ကိုေပ်ာ္ရြင္ေနေစဖို႔ ကူညီေပးႏိုင္ပါတယ္။ မရွိမျဖစ္လိုအပ္တဲ့ အမိုင္ႏိုအက္ဆစ္က သင့္စိတ္ခံစားမႈကို ျမွင့္တင္ဖို႔ ကူညီေပးႏိုင္ၿပီး ဒိန္ခ်ဥ္၊ ဥမ်ား၊ ေထာပတ္၊ ငါး၊ ၾကက္သား၊ အေစ့အဆန္မ်ား၊ အခြံမာသီးမ်ားမွာ ေတြ႕ႏိုင္္္ပါတယ္။ သင့္ခႏၶာကိုယ္ က်န္းမာၿပီး ေရဓါတ္ရရွိေနေစဖို႔ တစ္ေန႔ကို ေရ ၆ဖန္ခြက္မွ ၈ဖန္ခြက္၀န္းက်င္ ေရမ်ားမ်ားေသာက္သံုေပးဖို႔ လိုပါတယ္။


၄။ သင့္တင့္တဲ့ ေလ့က်င့္ခန္းကို ျပဳလုပ္ပါ
ေလ့က်င့္ခန္းက သင့္စိတ္ကို ျမွင့္တင္ဖို႔ ကူညီေပးႏိုင္ၿပီး ေလ့က်င့္ခန္းအမ်ိဳးအစားတခ်ိဳ႕က ျပဳလုပ္ဖို႔ လံုး၀စိတ္ခ်ႏိုင္ပါတယ္။ ေရကူးျခင္းက အေကာင္းဆံုးေလ့က်င့္ခန္းျဖစ္ႏိုင္ၿပီး ကိုယ္၀န္ေဆာင္ ေယာဂကစားျခင္း၊ အေၾကာေလွ်ာ့ျခင္း၊ မိနစ္၂၀ခန္႔ လမ္းေလွ်ာက္ျခင္း၊ အသက္ရႈေလ့က်င့္ခန္း၊ အပန္းေျဖျခင္း၊ တရားထုိင္ျခင္းေတြကလည္း စိတ္ဖိစီးမူကို ေလွ်ာ့ခ်ေပးႏိူင္ပါတယ္။ သင္သည္ အလုပ္လုပ္ေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္လွ်င္ ေလ့က်င့္ခန္းလုပ္ဖို႔ ခက္ခဲႏိုင္ပါတယ္။ အဲ့ဒီအတြက္ အခ်ိန္တခ်ိဳ႕မွာ သင့္ခႏၶာကိုယ္အေၾကာဆန္႔ျခင္း တခ်ိဳ႕ေလ့က်င့္ခန္းကို ျပဳလုပ္ေပးပါ။


၅။ ေမြးဖြားဖို႔ႏွင့္ မိသားစုဘ၀အတြက္ စတင္ျပင္ဆင္ပါ
မီးမဖြားမီ ႀကိဳတင္ျပင္ဆင္ျခင္းက စိတ္ကိုေပ်ာ္ရြင္ေစသလို စိတ္ဖိစီးမႈကိုလညး္ သက္သာေစပါတယ္။ သင့္ဆရာ၀န္ သို႔မဟုတ္ သားဖြားဆရာမနဲ႔ စကားေျပာျဖင္းႏွင့္ ကေလးေမြးဖြားမယ့္ အစီအစဥ္အတြက္ စီစဥ္ပါ။ ကေလးအတြက္လိုအပ္တာေတြလည္း ၾကိဳတင္စုေဆာင္းႏိုင္ပါတယ္။ အေတြ႕အႀကံဳရွိတဲ့ မိခင္မ်ားႏွင့္ စကားေျပာပါ။ မေမြးရေသးတဲ့ ရင္ေသြးႏွင့္အတူ မိသားစုဘ၀တစ္ခုအတြက္္ ႀကိဳတင္စီစဥ္ပါ။


၆။ ေငြေၾကးစုေဆာင္းထားပါ
သင္လိုအပ္တဲ့အရာေတြကို ၀ယ္ဖို႔အတြက္ႏွင့္ မီးဖြားဖို႔အတြက္ စာရင္းတစ္ခုျပဳလုပ္ၿပီး ေငြစုေဆာင္းထားပါ။ ကိုယ့္မွာ အဆင္သင့္မရွိလွ်င္ မိတ္ေဆြမ်ား ဒါမွမဟုတ္ မိသားစုထံမွ သင့္ကို ေခ်းႏိုင္မယ့္သူရွိမရွိ ရွာေဖြပါ။ သင့္ရဲ႕အလုပ္ခြင္ကေန သင့္ရဲ႕ ခြင့္အက်ိဳးခံစားခြင့္ကို သိဖို႔ HR ကိုယ္စားလွယ္မ်ားႏွင့္ စကားေျပာဆိုပါ။


သင့္မွာ စိတ္ဖိစီးမႈ ခံစားေနရဆဲဆိုလွ်င္ ဆရာ၀န္တစ္ဦးႏွင့္ တိုင္ပင္ေဆြးေႏြးတာက အေကာင္းဆံုး စိတ္ကူးတစ္ခု ျဖစ္ႏိုင္ပါတယ္။
#Lifestyle_Myanmar
#TB_Nandar

Source-beautyhealthtips

ani studio

Gepostet von Ani Studio am Dienstag, 19. Dezember 2017

Unicode

ကိုယ်ဝန်ဆောင်စဉ်အတွင်း စိတ််ဖိစီးမှုတွေကို ဘယ်လိုနည်းနဲ့ဖြေဖျောက်ကြမလဲ ?
ကိုယ်ဝန်ဆောင် အမျိုးသမီးအများစုသည် ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ကိုယ်ဝန်ဆောင်တာနဲ့ ပတ်သက်ပြီး စိတ််ဖိစီးမှုများကို ခံစားကြရတတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်အတွင်း ခန္ဓာကိုယ်ပြောင်းလဲမှု၊ ညဘက်နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာ၊ မမွေးဖွားသေးတဲ့သားသားမီးမီးအတွက် စိုးရိမ်သောကရောက်ရတာတွေအတွက် စိတ်ဖိစီးမှုများ ဖြစ်ပေါ်တတ်ပါတယ်။ စိုးရိမ်ပူပန်မှု မြင့်မားခြင်းက အမှန်တကယ် ကလေးကို ထိခိုက်စေနိုင်ပါတယ်။ Cortisol ၊ စိတ်ဖိစီးမှုဟော်မုန်းက အချင်းကို ဖြတ်သန်းသွားနိုင်ပြီး ကလေးရဲ့စိတ်ပိုင်းဆိုင်ရာဖွံဖြိုးတိုးတတ်မှုအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း စိတ်ဖိစီးမှုမဖြစ်အောင် နှင့် စိတ်ဖိစီးမှုကို ဘယ်လိုနည်းနဲ့ ဖြေဖျောက်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ကောင်းမွန်စွာ အနားယူပါ။
ကိုယ်ဝန်ဆောင်ထားရတဲ့ မိခင်တွေက ကိုယ့်ကိုကိုယ် ဂရုစိုက်ပြီး စိတ်ရော ကိုယ်ပါ အနားယူဖို့ တကယ်လိုအပ်ပါတယ်။ အလုပ်လုပ်နေရတဲ့ ကိုယ်ဝန်ဆောင်တွေအတွက် ကလေးအပေါ် အာရုံစိုက်ဖို့ သင့်အလုပ်တွေထဲက အချိန်တချို့ကို ယူဖို့ အလွန်အရေးကြီးပါတယ်။
၂။ တစ်ယောက်ယောက်နှင့် စကားပြောပါ
သင့်ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းအဆင့်တွေက ပြောင်းလဲမှုများကြုံရနိုင်တာကြောင့် သင့်ကလေးနှင့်ပတ်သတ်ပြီး သို့မဟုတ် တခြားကိစ္စတွေမှာ စိတ်ဖိစီးမှု ခံစားနေရလျှင် တစ်ယောက်ယောက်နှင့် တိုင်ပင်စကားပြောတာက အကောင်းဆုံးစိတ်ကူးတစ်ခု ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှု မြင့်မားခြင်းက ကလေးကို ထိခိုက်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တာနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ အကြောင်းအရာများအားလုံးကို ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ မိဘ၊ ဆွေမျိုး များနှင့်အတူ တခြား ကိုယ်ဝန်ဆောင်များ၊ ကလေးမိခင်များနဲ့ ပြောပြတိုင်ပင်ပြီး အတွေ့အကြံုများ ဖလှယ်ပေးပါ။
၃။ အစားအသောက် အလေ့အထ
သင့်ရဲ့အစားအသောက်ကို ဂရုစိုက်ပါ။ ကိုယ်ဝန်ဆောင်အချိန်မှာ အာဟာရပြည့်ဝပြီး အရသာရှိတဲ့ အစားအစာများကို စားသုံးပေးဖို့ အထူးလိုအပ်ပါတယ်။ ဗီတာမင်၊ သတ္တုဓါတ်နှင့် အိုမီဂါ ၃ ဖက်တီးအက်ဆစ် ကြွယ်ဝသောအစားအစာက သင့်ကိုပျော်ရွင်နေစေဖို့ ကူညီပေးနိုင်ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်က သင့်စိတ်ခံစားမှုကို မြှင့်တင်ဖို့ ကူညီပေးနိုင်ပြီး ဒိန်ချဉ်၊ ဥများ၊ ထောပတ်၊ ငါး၊ ကြက်သား၊ အစေ့အဆန်များ၊ အခွံမာသီးများမှာ တွေ့နိုင်််ပါတယ်။ သင့်ခန္ဓာကိုယ် ကျန်းမာပြီး ရေဓါတ်ရရှိနေစေဖို့ တစ်နေ့ကို ရေ ၆ဖန်ခွက်မှ ၈ဖန်ခွက်ဝန်းကျင် ရေများများသောက်သုံပေးဖို့ လိုပါတယ်။
၄။ သင့်တင့်တဲ့ လေ့ကျင့်ခန်းကို ပြုလုပ်ပါ
လေ့ကျင့်ခန်းက သင့်စိတ်ကို မြှင့်တင်ဖို့ ကူညီပေးနိုင်ပြီး လေ့ကျင့်ခန်းအမျိုးအစားတချို့က ပြုလုပ်ဖို့ လုံးဝစိတ်ချနိုင်ပါတယ်။ ရေကူးခြင်းက အကောင်းဆုံးလေ့ကျင့်ခန်းဖြစ်နိုင်ပြီး ကိုယ်ဝန်ဆောင် ယောဂကစားခြင်း၊ အကြောလျှော့ခြင်း၊ မိနစ်၂၀ခန့် လမ်းလျှောက်ခြင်း၊ အသက်ရှုလေ့ကျင့်ခန်း၊ အပန်းဖြေခြင်း၊ တရားထိုင်ခြင်းတွေကလည်း စိတ်ဖိစီးမူကို လျှော့ချပေးနိူင်ပါတယ်။ သင်သည် အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လျှင် လေ့ကျင့်ခန်းလုပ်ဖို့ ခက်ခဲနိုင်ပါတယ်။ အဲ့ဒီအတွက် အချိန်တချို့မှာ သင့်ခန္ဓာကိုယ်အကြောဆန့်ခြင်း တချို့လေ့ကျင့်ခန်းကို ပြုလုပ်ပေးပါ။
၅။ မွေးဖွားဖို့နှင့် မိသားစုဘဝအတွက် စတင်ပြင်ဆင်ပါ
မီးမဖွားမီ ကြိုတင်ပြင်ဆင်ခြင်းက စိတ်ကိုပျော်ရွင်စေသလို စိတ်ဖိစီးမှုကိုလညး် သက်သာစေပါတယ်။ သင့်ဆရာဝန် သို့မဟုတ် သားဖွားဆရာမနဲ့ စကားပြောဖြင်းနှင့် ကလေးမွေးဖွားမယ့် အစီအစဉ်အတွက် စီစဉ်ပါ။ ကလေးအတွက်လိုအပ်တာတွေလည်း ကြိုတင်စုဆောင်းနိုင်ပါတယ်။ အတွေ့အကြံုရှိတဲ့ မိခင်များနှင့် စကားပြောပါ။ မမွေးရသေးတဲ့ ရင်သွေးနှင့်အတူ မိသားစုဘဝတစ်ခုအတွက်် ကြိုတင်စီစဉ်ပါ။
၆။ ငွေကြေးစုဆောင်းထားပါ
သင်လိုအပ်တဲ့အရာတွေကို ၀ယ်ဖို့အတွက်နှင့် မီးဖွားဖို့အတွက် စာရင်းတစ်ခုပြုလုပ်ပြီး ငွေစုဆောင်းထားပါ။ ကိုယ့်မှာ အဆင်သင့်မရှိလျှင် မိတ်ဆွေများ ဒါမှမဟုတ် မိသားစုထံမှ သင့်ကို ချေးနိုင်မယ့်သူရှိမရှိ ရှာဖွေပါ။ သင့်ရဲ့အလုပ်ခွင်ကနေ သင့်ရဲ့ ခွင့်အကျိုးခံစားခွင့်ကို သိဖို့ HR ကိုယ်စားလှယ်များနှင့် စကားပြောဆိုပါ။
သင့်မှာ စိတ်ဖိစီးမှု ခံစားနေရဆဲဆိုလျှင် ဆရာဝန်တစ်ဦးနှင့် တိုင်ပင်ဆွေးနွေးတာက အကောင်းဆုံး စိတ်ကူးတစ်ခု ဖြစ်နိုင်ပါတယ်။
#Lifestyle_Myanmar
#TB_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here