29 C
Yangon
May 23, 2018
  • Home
  • Lifestyle
  • Relationship
  • ကုိယ့္ခ်စ္သူကို လက္ထပ္ခြင့္ေတာင္းေတာ့မယ္ဆုိရင္
Relationship

ကုိယ့္ခ်စ္သူကို လက္ထပ္ခြင့္ေတာင္းေတာ့မယ္ဆုိရင္

သင္ဟာ ဒူးေထာက္ျပီး ကိုယ့္ခ်စ္သူကို လက္ထပ္ခြင့္ေတာင္းမယ္ဆုိျပီး စိတ္ကူးယဥ္ေကာင္း ယဥ္ဖူးႏိုင္ပါတယ္။  “မင္း ကိုယ့္ကို လက္ထပ္မွာလား” ဆိုတာ ဖြင့္ဟဖုိ႔ အမ်ဳိးသားေတြအတြက္ေတာ့ ထင္သေလာက္ လြယ္တဲ့ကိစၥေတာ့ မဟုတ္ပါ။ ဘာလုိ႕လည္းဆုိေတာ့ တစ္ဖက္လူက ေခါင္းညိတ္ႏိုင္သလို အဆင္သင့္မျဖစ္ေသးလုိ႕ ေခါင္းခါနိုင္တဲ့အေျခအေနမ်ိဳးလည္း ရွိလာႏိုင္တယ္ မဟုတ္လား။ အဲဒီေန႔ဟာ စိုးရိမ္မႈနဲ႔ ေမွ်ာ္လင့္ေစာင့္စားမႈတုိ႔ ေရာက္ရိွလာတဲ့ ေန႔တစ္ေန႕လည္း ျဖစ္ေနႏိုင္တယ္ေလ။ ဒါေပမယ့္ အဲဒီ စိုးရိမ္မႈေတြ ေလ်ာ့ခ်ျပီး ေမးခြန္းကို ေအာင္ျမင္စြာ ေျပာထုတ္ဖုိ႔ နည္းလမ္းေလးေတြ ရိွပါတယ္။

စိတ္ကို အရင္ဆုံး အသင့္ျပင္ဆင္ပါ

မိမိဟာ ဒီအဆင့္ၾကီး တက္ဖုိ႔ လုံးဝ အဆင္သင့္ ျဖစ္ေနျပီလား ဆုိတာ ကိုယ့္ကိုယ္ကို ေမးခြန္းထုတ္ပါ။ အဆင္သင့္ ျဖစ္ေနပါက ေနာက္တစ္ဆင့္ကို ေပ်ာ္ရႊင္စြာ ျဖတ္သန္းပါ။

သူ႔ေနရာနဲ႔သူ ျပင္ဆင္မႈေတြ ေသခ်ာလုပ္ပါ

တတ္ႏုိင္သမွ် အေကာင္းဆုံးနဲ႔ ရုိမန္တစ္ အက်ဆုံးျဖစ္ေအာင္ စီစဥ္ေဆာင္ရြက္ပါ။ ဘာလုိ႔လဲ ဆုိေတာ့ တစ္သက္မွာ တစ္ခါသာ လုပ္ရမွာမို႔ပါ။ ျပီးျပည့္စုံတဲ့ လက္ထပ္ခြင့္ေတာင္းဆုိမႈ တစ္ခုမွာ ေနာက္ခံအခင္းအက်င္းေကာင္းေလးရိွဖုိ႔ လိုအပ္ပါတယ္။ ဒီေတာ့ သူမအၾကိဳက္ႏွစ္သက္ဆုံး ပန္းေတြနဲ႔ ေတးသီခ်င္းကို အရံသင့္ စီစဥ္ေပးပါ။

အထုိက္အသင့္ေလးျဖစ္ေအာင္ ဝတ္ဆင္စားဆင္ယင္ပါ

ဒါသင့္ရဲ႕ တန္ဖိုးရိွတဲ့ အခိုက္အတန္႔ေလးျဖစ္တဲ့အတြက္ အထုိက္အသင့္ေလးေတာ့ ဝတ္ဆင္ပါ။ ရွပ္အက်ီၤေလးတစ္ထည္ ဝယ္ပါ ဒါမွမဟုတ္ သူမသေဘာက်မယ့္ ဟာေလးတစ္ခုခု ဝတ္ဆင္ပါ။

လက္စြပ္အရြယ္အစားကိစၥ

အၾကီးမားဆုံးစိတ္ပူပန္မႈေတြထဲ တစ္ခုက မေတာ္တဲ့ လက္စြပ္ယူလာမိျခင္းပါပဲ။ လက္စြပ္ကို ေနာက္မွ ျပန္လဲႏိုင္ေပမယ့္ သူမရဲ႕ လက္စြပ္ဆုိဒ္ကို သိေအာင္ အရင္လုပ္ပါ။

ၾကိဳတင္အစမ္းလုပ္ၾကည့္ပါ

စိတ္ထဲကေန ၾကိဳတင္ အကြက္ခ်ပါ။ ဒါမွ စိတ္မလႈပ္ရွားမွာေပါ့။ လက္တန္းလုပ္တာ ရယ္စရာေကာင္းပါတယ္။ ဒါ့ေၾကာင့္ စိတ္ထဲ ေပၚတာေလးေတြ အကုန္ဖြင့္ဟထုတ္ေျပာဖုိ႔လည္း မေၾကာက္ပါနဲ႔။

Ref: TOI

Happy young man gifting a ring to a beautiful surprised  young woman in a restaurant

—————————————————–

Unicode

ကိုယ့်ချစ်သူကို လက်ထပ်ခွင့်တောင်းတော့မယ်ဆိုရင်
သင်ဟာ ဒူးထောက်ပြီး ကိုယ့်ချစ်သူကို လက်ထပ်ခွင့်တောင်းမယ်ဆိုပြီး စိတ်ကူးယဉ်ကောင်း ယဉ်ဖူးနိုင်ပါတယ်။  “မင်း ကိုယ့်ကို လက်ထပ်မှာလား” ဆိုတာ ဖွင့်ဟဖို့ အမျိုးသားတွေအတွက်တော့ ထင်သလောက် လွယ်တဲ့ကိစ္စတော့ မဟုတ်ပါ။ ဘာလို့လည်းဆိုတော့ တစ်ဖက်လူက ခေါင်းညိတ်နိုင်သလို အဆင်သင့်မဖြစ်သေးလို့ ခေါင်းခါနိုင်တဲ့အခြေအနေမျိုးလည်း ရှိလာနိုင်တယ် မဟုတ်လား။ အဲဒီနေ့ဟာ စိုးရိမ်မှုနဲ့ မျှော်လင့်စောင့်စားမှုတို့ ရောက်ရှိလာတဲ့ နေ့တစ်နေ့လည်း ဖြစ်နေနိုင်တယ်လေ။ ဒါပေမယ့် အဲဒီ စိုးရိမ်မှုတွေ လျော့ချပြီး မေးခွန်းကို အောင်မြင်စွာ ပြောထုတ်ဖို့ နည်းလမ်းလေးတွေ ရှိပါတယ်။

စိတ်ကို အရင်ဆုံး အသင့်ပြင်ဆင်ပါ

မိမိဟာ ဒီအဆင့်ကြီး တက်ဖို့ လုံးဝ အဆင်သင့် ဖြစ်နေပြီလား ဆိုတာ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပါ။ အဆင်သင့် ဖြစ်နေပါက နောက်တစ်ဆင့်ကို ပျော်ရွှင်စွာ ဖြတ်သန်းပါ။

သူ့နေရာနဲ့သူ ပြင်ဆင်မှုတွေ သေချာလုပ်ပါ

တတ်နိုင်သမျှ အကောင်းဆုံးနဲ့ ရိုမန်တစ် အကျဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ပါ။ ဘာလို့လဲ ဆိုတော့ တစ်သက်မှာ တစ်ခါသာ လုပ်ရမှာမို့ပါ။ ပြီးပြည့်စုံတဲ့ လက်ထပ်ခွင့်တောင်းဆိုမှု တစ်ခုမှာ နောက်ခံအခင်းအကျင်းကောင်းလေးရှိဖို့ လိုအပ်ပါတယ်။ ဒီတော့ သူမအကြိုက်နှစ်သက်ဆုံး ပန်းတွေနဲ့ တေးသီချင်းကို အရံသင့် စီစဉ်ပေးပါ။

အထိုက်အသင့်လေးဖြစ်အောင် ဝတ်ဆင်စားဆင်ယင်ပါ

ဒါသင့်ရဲ့ တန်ဖိုးရှိတဲ့ အခိုက်အတန့်လေးဖြစ်တဲ့အတွက် အထိုက်အသင့်လေးတော့ ဝတ်ဆင်ပါ။ ရှပ်အကျီင်္လေးတစ်ထည် ဝယ်ပါ ဒါမှမဟုတ် သူမသဘောကျမယ့် ဟာလေးတစ်ခုခု ဝတ်ဆင်ပါ။

လက်စွပ်အရွယ်အစားကိစ္စ

အကြီးမားဆုံးစိတ်ပူပန်မှုတွေထဲ တစ်ခုက မတော်တဲ့ လက်စွပ်ယူလာမိခြင်းပါပဲ။ လက်စွပ်ကို နောက်မှ ပြန်လဲနိုင်ပေမယ့် သူမရဲ့ လက်စွပ်ဆိုဒ်ကို သိအောင် အရင်လုပ်ပါ။

ကြိုတင်အစမ်းလုပ်ကြည့်ပါ

စိတ်ထဲကနေ ကြိုတင် အကွက်ချပါ။ ဒါမှ စိတ်မလှုပ်ရှားမှာပေါ့။ လက်တန်းလုပ်တာ ရယ်စရာကောင်းပါတယ်။ ဒါ့ကြောင့် စိတ်ထဲ ပေါ်တာလေးတွေ အကုန်ဖွင့်ဟထုတ်ပြောဖို့လည်း မကြောက်ပါနဲ့။

Ref: TOI

Related posts

က်ေနာ့္ ခ်စ္သူကို အဲ့အခ်က္ေတြလိုက္နာေစခ်င္တယ္

OMCTC

သင့္ခ်စ္သူက ဒီလိုအျပဳအမူ (၁၀)ခ်က္ လုပ္ခဲ့ရင္ သင္ခန္႔မွန္းသလို သင့္ကိုတကယ္မခ်စ္ပါဘူး

Naung Naung

ကေလးငယ္ေတြ အႏၱရာယ္ကင္းေစဖို႔ အေရးအႀကီးဆံုး စည္းမ်ဥ္း(၄) ခ်က္

Naung Naung

Leave a Comment