30 C
Yangon
May 21, 2018
  • Home
  • Lifestyle
  • Fashion
  • ကိုယ့္ခႏၶာကိုယ္နဲ႔ ေတာ္တဲ့ ဂ်င္းေဘာင္းဘီကို ဘယ္လိုေရြးခ်ယ္ ၀ယ္ယူမလဲ?
Fashion

ကိုယ့္ခႏၶာကိုယ္နဲ႔ ေတာ္တဲ့ ဂ်င္းေဘာင္းဘီကို ဘယ္လိုေရြးခ်ယ္ ၀ယ္ယူမလဲ?

ဂ်င္းေဘာင္းဘီကို

ဂ်င္းသားဟာ ၾကာရွည္ခံျခင္း၊ ဆြဲေဆာင္မႈရွိျခင္း၊ လြတ္လပ္ေပါ့ပါးျခင္း၊ အၾကမ္းခံျခင္းတို႔ေၾကာင့္ လူအမ်ားက ႀကိဳက္ႏွစ္သက္ၾကပါတယ္။ ဂ်င္းေဘာင္းဘီက ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ ရိုးမသြားတဲ့ ဖက္ရွင္တစ္ခုပါ။ ဒါ့ေၾကာင့္ စတိုးဆိုင္မွာ ဂ်င္းေဘာင္းဘီတစ္ထည္ ၀ယ္တဲ့အခါမွာ ကိုယ္နဲ႔ေတာ္၊ မေတာ္ဆိုတာ ၀တ္ၾကည့္ဖို႔မလိုပဲ အလြယ္တကူ ေရြးခ်ယ္ႏိုင္တဲ့ နည္း(၃)နည္းကို မွ်ေ၀ေပးခ်င္ပါတယ္။

လူတိုင္းေလ့လာထားသင့္တဲ့ ၀တ္စံု၀တ္ဆင္ျခင္းႏွင့္ ပတ္သတ္တဲ့စည္းမ်ဥ္းမ်ား

၁။ အရြယ္အစားကို ေရြးခ်ယ္ပါ
မွန္ကန္တဲ့ ဆိုဒ္ကိုေရြးခ်ယ္ဖို႔ ဂ်င္းေဘာင္းဘီခါးအစြန္းႏွစ္ဖက္ကို ကိုင္ၿပီး သင့္လည္ပင္းပတ္လည္ႏွင့္ တိုင္းၾကည့္ပါ။ အစြန္းတစ္ဖက္ႏွင့္တစ္ဖက္ အလြယ္တကူ ထိေနလွ်င္ သင့္ရဲ႕ ဆိုဒ္ပါပဲ။ ခါးအစြန္းႏွစ္ဖက္က အတိအက်ႀကီး ဆံုေနဖို႔ေတာ့ မလိုအပ္ပါဘူး။ လည္ပင္းပတ္ပတ္လည္ကို အလြယ္တကူပတ္လို႔ရတယ္ဆိုရင္ ရပါတယ္။


၂။ ခါးအက်ယ္ကို သတ္မွတ္ပါ
ကုိယ့္ခါးနဲ႔ ကြက္တိျဖစ္မယ့္အက်ယ္ကို ရွာေနလွ်င္ေတာ့ ဒီိလိုလုပ္ၾကည့္ပါ။ လက္သီးဆုပ္ၿပီး သင့္ တံေတာင္ဆစ္ကို ေကြးပါ။ ဇစ္ပိတ္ထားတဲ့ ဂ်င္းေဘာင္းဘီ အတြင္းခါးပတ္လည္ထဲကို တိုင္းၾကည့္ပါက သင့္တံေတာင္ဆစ္ေကြးနဲ႔ ကြက္တိျဖစ္ေနရပါမယ္။ လည္ပင္းပတ္လည္ႏွင့္ တိုင္းစရာမလိုပဲ ျမန္ျမန္ဆန္ဆန္ ေရြးခ်ယ္ႏိုင္မယ့္ နည္းပါ။
ဒီနည္းလမ္းက standard ခါးႏွင့္ ဂ်င္း၀တ္တဲ့သူေတြအတြက္သာ အလုပ္ျဖစ္ပါလိမ့္မယ္။ တကယ္လို႔ ဂ်င္းေဘာင္းဘီက ခါးအျမင့္ ဂ်င္းေတြျဖစ္လွ်င္ သင့္တံေတာင္ဆစ္ေကြးႏွင့္ လံုး၀ကြက္တိျဖစ္မွာမဟုတ္ပါဘူး။


၃။ ေဘာင္းဘီအရွည္ကို စစ္ေဆးပါ
ဂ်င္းေဘာင္းဘီရဲ႕ အရွည္ကို ေနာက္ဆံုးမွာ စစ္ေဆးပါ။ ေဘာင္းဘီေျခေထာက္အနားစြန္းေတြကို ကုိင္ထားၿပီး သင့္လက္ေမာင္းႏွစ္ဖက္ကို ဆန္႔ႏိုင္သေလာက္ ဆန္႔ထားပါ။ ဂ်င္းေဘာင္းဘီရဲ႕အလယ္က သင့္ေမးေစ့ေအာက္မွာ မွန္ေနလွ်င္ သင့္ေရြးခ်ယ္မႈ ျပည့္စံုပါတယ္။


အသားကပ္ဂ်င္းေဘာင္းဘီႏွင့္ သင့္ေျခေထာက္ ကြက္တိက်မက်ဆိုတာ ဘယ္လိုစစ္ေဆးမလဲ?
အသားကပ္ ခပ္က်ပ္က်ပ္ ဂ်င္းေေတြ ၀ယ္တဲ့အခါ ကိုယ္နဲ႔ေတာ္၊ မေတာ္ဆိုတာ အလြယ္တကူသိခ်င္လွ်င္ သင့္လက္သီးကို ဆုပ္ၿပီး ဂ်င္းေဘာင္းဘီေျခ၀ထဲသို႔ ေတာ္၊မေတာ္ တိုင္းၾကည့္ပါ။


ဒီအဆင့္ ၃ဆင့္နဲ႔ ျပည့္စံုပါက သင့္ဂ်င္းေဘာင္းဘီက သင္နဲ႔ ကြက္တိျဖစ္ပါတယ္။


#Lifestyle_Myanmar
#TB_Nandar

Unicode

ကိုယ့်ခန္ဓာကိုယ်နဲ့ တော်တဲ့ ဂျင်းဘောင်းဘီကို ဘယ်လိုရွေးချယ် ၀ယ်ယူမလဲ?
ဂျင်းသားဟာ ကြာရှည်ခံခြင်း၊ ဆွဲဆောင်မှုရှိခြင်း၊ လွတ်လပ်ပေါ့ပါးခြင်း၊ အကြမ်းခံခြင်းတို့ကြောင့် လူအများက ကြိုက်နှစ်သက်ကြပါတယ်။ ဂျင်းဘောင်းဘီက ဘယ်အချိန်ပဲဖြစ်ဖြစ် ရိုးမသွားတဲ့ ဖက်ရှင်တစ်ခုပါ။ ဒါ့ကြောင့် စတိုးဆိုင်မှာ ဂျင်းဘောင်းဘီတစ်ထည် ၀ယ်တဲ့အခါမှာ ကိုယ်နဲ့တော်၊ မတော်ဆိုတာ ၀တ်ကြည့်ဖို့မလိုပဲ အလွယ်တကူ ရွေးချယ်နိုင်တဲ့ နည်း(၃)နည်းကို မျှဝေပေးချင်ပါတယ်။

၁။ အရွယ်အစားကို ရွေးချယ်ပါ
မှန်ကန်တဲ့ ဆိုဒ်ကိုရွေးချယ်ဖို့ ဂျင်းဘောင်းဘီခါးအစွန်းနှစ်ဖက်ကို ကိုင်ပြီး သင့်လည်ပင်းပတ်လည်နှင့် တိုင်းကြည့်ပါ။ အစွန်းတစ်ဖက်နှင့်တစ်ဖက် အလွယ်တကူ ထိနေလျှင် သင့်ရဲ့ ဆိုဒ်ပါပဲ။ ခါးအစွန်းနှစ်ဖက်က အတိအကျကြီး ဆုံနေဖို့တော့ မလိုအပ်ပါဘူး။ လည်ပင်းပတ်ပတ်လည်ကို အလွယ်တကူပတ်လို့ရတယ်ဆိုရင် ရပါတယ်။

၂။ ခါးအကျယ်ကို သတ်မှတ်ပါ
ကိုယ့်ခါးနဲ့ ကွက်တိဖြစ်မယ့်အကျယ်ကို ရှာနေလျှင်တော့ ဒီိလိုလုပ်ကြည့်ပါ။ လက်သီးဆုပ်ပြီး သင့် တံတောင်ဆစ်ကို ကွေးပါ။ ဇစ်ပိတ်ထားတဲ့ ဂျင်းဘောင်းဘီ အတွင်းခါးပတ်လည်ထဲကို တိုင်းကြည့်ပါက သင့်တံတောင်ဆစ်ကွေးနဲ့ ကွက်တိဖြစ်နေရပါမယ်။ လည်ပင်းပတ်လည်နှင့် တိုင်းစရာမလိုပဲ မြန်မြန်ဆန်ဆန် ရွေးချယ်နိုင်မယ့် နည်းပါ။
ဒီနည်းလမ်းက standard ခါးနှင့် ဂျင်းဝတ်တဲ့သူတွေအတွက်သာ အလုပ်ဖြစ်ပါလိမ့်မယ်။ တကယ်လို့ ဂျင်းဘောင်းဘီက ခါးအမြင့် ဂျင်းတွေဖြစ်လျှင် သင့်တံတောင်ဆစ်ကွေးနှင့် လုံးဝကွက်တိဖြစ်မှာမဟုတ်ပါဘူး။

၃။ ဘောင်းဘီအရှည်ကို စစ်ဆေးပါ
ဂျင်းဘောင်းဘီရဲ့ အရှည်ကို နောက်ဆုံးမှာ စစ်ဆေးပါ။ ဘောင်းဘီခြေထောက်အနားစွန်းတွေကို ကိုင်ထားပြီး သင့်လက်မောင်းနှစ်ဖက်ကို ဆန့်နိုင်သလောက် ဆန့်ထားပါ။ ဂျင်းဘောင်းဘီရဲ့အလယ်က သင့်မေးစေ့အောက်မှာ မှန်နေလျှင် သင့်ရွေးချယ်မှု ပြည့်စုံပါတယ်။
အသားကပ်ဂျင်းဘောင်းဘီနှင့် သင့်ခြေထောက် ကွက်တိကျမကျဆိုတာ ဘယ်လိုစစ်ဆေးမလဲ?
အသားကပ် ခပ်ကျပ်ကျပ် ဂျင်းေတွေ ၀ယ်တဲ့အခါ ကိုယ်နဲ့တော်၊ မတော်ဆိုတာ အလွယ်တကူသိချင်လျှင် သင့်လက်သီးကို ဆုပ်ပြီး ဂျင်းဘောင်းဘီခြေဝထဲသို့ တော်၊မတော် တိုင်းကြည့်ပါ။
ဒီအဆင့် ၃ဆင့်နဲ့ ပြည့်စုံပါက သင့်ဂျင်းဘောင်းဘီက သင်နဲ့ ကွက်တိဖြစ်ပါတယ်။
#Lifestyle_Myanmar
#TB_Nandar

Related posts

၀က္ျခံႏွင့္ တင္းတိတ္ကို ေခ်ဖ်က္ႏုိင္၍ က်န္းမာစိုေျပေသာ အသားအေရ ျဖစ္ေအာင္ ျပဳျပင္ၾကပါစို႕လား!

OMCTC

ခပ္ဆုိးဆုိး ခပ္မုိက္မိုက္ပုံရွိတဲ့ ေယာက္်ားေတြကို မိန္းမေတြက ဘာေၾကာင့္သေဘာက် ၾကတာလဲ ..

OMCTC

ခံတြင္းက်န္းမာေရးအတြက္ သံုးသင့္တာေတြ

OMCTC

Leave a Comment