29 C
Yangon
May 23, 2018
  • Home
  • Lifestyle
  • Sex Education
  • ကိုယ့္ကေလးကို ဘယ္လိုကာကြယ္မလဲ ဘာမွမျဖစ္ခင္မွာ အခ်ိန္မွီဘယ္လိုတားဆီးမလဲ
Sex Education

ကိုယ့္ကေလးကို ဘယ္လိုကာကြယ္မလဲ ဘာမွမျဖစ္ခင္မွာ အခ်ိန္မွီဘယ္လိုတားဆီးမလဲ

ကေလး

အခုေရးထားတာက Australia Child abuse Royal Commission ကေန မိဘ ဆရာေတြ တျခားတာဝန္ရွိသူေတြ သတိထားဖို႕ထုတ္ထားတဲ့ စာရြက္စာတမ္းေတြႏွင့္ Oprah မွာ Forensic psychiatrist Dr. Michael Welner ေျပာထားတာေတြကို မွီကိုးထားတာပါ

1. ကေလးကို ဘယ္လိုေရြးခ်ယ္ျပင္ဆင္လဲ

Australia မွာကေလးေတြကို ကိုယ့္ကို လူတစ္ေယာက္က လာေရာက္ခ်ဥ္းကပ္လာရင္ ဘယ္လိုအျပဳအမူေတြကို ေရွာင္ရမယ္ဆိုတာ ေက်ာင္းမွာလည္းသင္ေပးပါတယ္ ဒီမွာေတာ့ grooming လို႕ေျပာႏိုင္တဲ့ မသင့္ေတာ္တဲ့ အျပဳအမူေတြ ကေလးကို သြားလုပ္ေနရင္ေတာင္ ျပစ္မူအေနႏွင့္ တရားစြဲလို႕ရပါတယ္

Grooming ဆိုတာ နည္းအမ်ဳိးမ်ဳိး ပံုစံမ်ဳိးစံုႏွင့္ အားနည္းခ်က္ရွိေနတဲ့ ကေလးရဲ႕ ယံုၾကည္ခ်က္ရေအာင္ႀကိဳးစားၿပီး ကိုယ့္လိုခ်င္တာကို အခြင့္အေရးရေအာင္ ယူတာပါ

Grooming ကမ်ားေသာအားျဖင့္ မျမင္ကြယ္ရာမွာ ျဖစ္တာမဟုတ္ပါဘူး လူအမ်ားေရွ႕မွာတင္ပဲ ျဖစ္တာပါ ဥပမာ ေက်ာင္း, ဘာသာေရးေက်ာင္း, အသိမိတ္ေဆြအမ်ဳိးေတြရဲ႕ အိမ္ေတြမွာ ျဖစ္တာပါ။ Grooming က ကေလးကိုတင္လုပ္တာ မဟုတ္ပါဘူး ကေလးရဲ႕ အုပ္ထိန္းသူကိုလည္း ကေလးႏွင့္ အနီးစပ္ေနရေအာင္ ယံုၾကည္ရအာင္

ႀကိဳးစားပါတယ္ Grooming ေတာ္ေတာ္မ်ားမ်ားက ဘာမွ မထူးဆန္းပါဘူး ကေလးကို ခ်စ္လို႕ သနားလို႕ဆိုတဲ့ ႐ိုး႐ိုးသားသား ပံုစံမ်ဳိးႏွင့္စတာပါပဲ ေနာက္ကြယ္က သူရဲ႕ ရည္ရြယ္ခ်က္ကသာ မ႐ိုးသားတာပါ

2. ရည္ရြယ္ခ်က္ကို ဘယ္လိုသိမလဲ

အၿမဲသတိထားပါ ဘယ္ေနရာမဆို ကိုယ့္မ်က္စိေရွ႕တင္ျဖစ္ႏိုင္ပါတယ္ ကိုယ့္ကေလးကို အရမ္းခ်စ္သလို ဂ႐ုစိုက္သလိုကေန စတက္ပါတယ္ ကေလးကို လိုအပ္တာထက္ပိုတဲ့ ေစ်းႀကီးတဲ့ေဆာ့စရာ အ႐ုပ္ေတြ ဝယ္ေပးတက္တယ္။ ေနာက္အေရးႀကီးတာတခုက ကေလးႏွင့္သူ႕ရဲ႕ ဆက္ဆံမူကို လ်ဳိဝွက္ခ်က္အေနႏွင့္ ဘယ္သူမွ မေျပာဖို႕ မွာတက္တယ္ ကေလးရဲ႕ ခႏၲာကိုယ္ကို ထိကိုင္ဖို႕ႀကိဳးစားတက္တယ္

3. ကေလးေတြကို မဟုတ္တာလုပ္တဲ့သူ သံုးမ်ဳိးရွိပါတယ္

အဲဒါသိျခင္းျဖင့္ အဲလိုလူေတြႏွင့္ ျဖစ္လာႏိုင္တဲ့ အေျခအေနကို ေရွာင္ႏိုင္ပါတယ္

– Predatory perpetrators လို႕ေခၚတဲ့သူေတြက paedophilia (ကေလးသူငယ္ေတြကို မဟုတ္တာလုပ္တဲ့သူေတြပါ), သူတို႕က ကေလးေတြကိုပဲ ႀကိဳက္ပါတယ္ သူတို႕က ကေလးကို မဟုတ္တာလုပ္ဖို႕ နည္းမ်ဳိးစံုႏွင့္ႀကိဳးစားပါမယ္ ကေလးကို အ႐ုပ္ေတြ မုန္႕ေတြေပးကာ ယံုၾကည္မူရေအာင္လုပ္ပါမယ္

– Opportunistic perpetrators ကေတာ့ ကေလးက္ို မဟုတ္တာ လုပ္တဲ့အျပင္ တျခားျပစ္မူေတြလည္း က်ဳးလြန္တဲ့သူမ်ဳိးပါ ကေလးလူႀကီးမေရြး မဟုတ္တာ လုပ္ပါတယ္ မ်ားေသာအားျဖင့္ ကေလးမွာ လူႀကီးအုပ္ထိန္းမူ အားနည္းေနလို႕ လူႀကီးအနားမွာ မရွိလို႕ ျဖစ္တာမ်ားပါတယ္

– Situational perpetrators ဆိုတာ ကေလးကိုခ်ည္း ႀကိဳက္တဲ့သူမ်ဳိးမဟုတ္ပါဘူး သူတို႕မွာ လူႀကီးႏွင့္ ဖိုမဆက္ဆံမူ မရွိလို႕ မလုပ္ႏိုင္လို႕ အခြင့္အေရးရပါက ကေလးကို မဟုတ္လုပ္တာပါ

4. သတိရမယ့္ အေျခအေန ကိုးခ်က္ပါ

အရမ္းကူညီတဲ့သူ – မ်ားေသာအားျဖင့္ အေဖမရွိတဲ့ကေလးေတြကို သနားလို႕လာကူညီတယ္ဆိုတာမ်ဳိးပါ မိဘက အလုပ္အရမ္းရွဳပ္ေနလို႕ ကိုယ့္ကေလးကို လာကူထိန္းေပးတာမ်ဳိးပါ ကေလးကို လုပ္ေပးသင့္တာ ကူညီသင့္တာထက္ ေစတနာပိုေနတဲ့သူ မ်ဳိးပါ

ကေလးေတြႏွင့္အၿမဲအခ်ိန္ကုန္ေနတဲ့သူ – ကိုယ့္သူငယ္ခ်င္းေတြထက္ ကေလးေတြႏွင့္ ပိုအခ်ိန္ျဖဳန္းေနတဲ့သူ ပိုက္ဆံအကုန္ခံတဲ့သူ မ်ဳိးပါ အမ်ားအျမင္ ကေလးသိပ္ခ်စ္တဲ့သူမ်ဳိးပါ ကေလးတကယ္ခ်စ္တဲ့သူ ေတြရွိပါတယ္ ဒါေပမယ့္ ပံုမွန္လူေတြက ကေလးေတြကို ခ်စ္သလို ကိုယ့္သူငယ္ခ်င္းေတြႏွင့္လည္း စကားေျပာခ်င္ပါတယ္

ကေလးေတြကို အၿမဲထိကိုင္ခ်င္သူ – အဲလိုလူေတြကကေလးေတြ သူတို႕ႏွင့္ကိုယ္လက္ထိေတြ႕ရတာ က်င့္သားရေစခ်င္ပါတယ္ ။ ကေလးေတြက္ို တခ်ိန္လံုး ဖက္မယ္ နမ္းမယ္ ကိ္ုင္မယ္ ကလိထိုးမယ္ တက္ႏိုင္သေလာက္ အခြင့္အေရးရသလို ထိေတြ႕ေနပါမယ္ တခါတေလ ကေလးရဲ႕ မသင့္ေတာ္တဲ့ေနရာေတြေတာင္ ထိၿပီး ကေလးက ျပန္ေျပာသလားလို႕ စမ္းၾကည့္ပါမယ္ မ်ားေသာအားျဖင့္ဒါေတြက လူအမ်ားေရွ႕မွာတင္ ျဖစ္တာပါ

ကေလးရဲ႕အထူးသူငယ္ခ်င္း – ကေလးကို ေစ်းႀကီးတဲ့ လက္ေဆာင္ေတြ ခဏခဏေပးမယ္ အထူးအခြင့္အေရးေပးမယ္ ကေလးသြားခ်င္တဲ့ေနရာကို ေခၚသြားမယ္ ကိုယ္ကေလးကို လူတစ္ေယာက္က လိုအပ္တာထက္ အထူးအခြင့္အေရး အရမ္းေပးေနရင္ သတိထားသင့္ပါတယ္

ကေလးေတြသူဆီလာေအာင္လုပ္တာ – သူမွာကေလးမရွိေပမယ့္ ကေလးကစားစရာေတြ အမ်ားႀကီး ဝယ္ထားၿပီး ကေလးေတြကို သူအိမ္လာေအာင္ သူဆီမွာ ေပ်ာ္ေအာင္လုပ္တာပါ ဘယ္ေတာ့မွကိုယ့္ကေလးကို အဲလို အိမ္တစ္ေယာက္တည္း မလႊတ္ပါႏွင့္

ကေလးကိုနားလည္တဲ့သူ – ကေလးေတြအကုန္လံုးက မိဘက စည္းကမ္းသတ္မွတ္တာကို မႀကိဳက္ၾကပါဘူး ကေလးက မိဘေတြကို မႀကိဳက္တာ မေက်နပ္တာကို သူနားလည္ေၾကာင္း ေျပာမယ္ ကေလးက္ို ႏွစ္သိမ့္မယ္ မိဘ ခြင့္မျပဳတဲ့ ကေလး လုပ္ခ်င္တာေတြကို ေနာက္ကြယ္မွာ ေပးလုပ္ေပးမယ္ ကေလးရဲ႕ယံုၾကည္မူကို ရယူပါလိမ့္မယ္

ကိုယ့္ယံုၾကည္မူကို အသံုးခ်ျခင္း – ကိုယ္က ကေလးထိန္းကို စိတ္ခ်ရတဲ့သူကိုဌားထားတာပါ ဒါေပမယ့္ ကိုယ့္စိတ္ခ်တဲ့သူက ေနမေကာင္းဘူး မအားလို႕ တျခားအစားထိုးလူတစ္ေယာက္ထည့္ေပးလိုက္တယ္ ကိုယ့္ကလည္း ကိုယ့္ယံုရတဲ့သူက လႊတ္တာပဲ တစ္ရက္ပဲ တစ္ ပတ္ပဲဆိုၿပီး လက္ခံလိုက္ပါတယ္ ကိုယ့္ယံုၾကည္မူကို အရင္ရေအာင္လုပ္ၿပီး အသံုးခ်တာပါ

ထူးခြ်န္တဲ့ကေလး – ကိုယ့္မွာ အားကစားဒါမဟုတ္ အႏုပညာထူးခြ်န္တဲ့ကေလးရွိပါတယ္ ဒါေၾကာင့္ကေလးကို သင္ၾကားေပးႏိုင္တဲ့သူႏွင့္ တေန႕လံုး ႏွစ္ေယာက္တည္း လႊတ္ထားပါတယ္ ကိုယ့္ကေလး ကို တကယ္ေစတနာထား သင္ေပးေနတာလည္း ျဖစ္ႏိုင္ပါတယ္ မဟုတ္တာ လုပ္ဖို႕လည္းသူမွာ အခြင့္အေရး အမ်ားႀကီးရသြားပါတယ္

ကိုယ္မထင္တဲ့သူ – ကိုယ့္ကေလးႏွင့္တကယ္ယံုၾကည္ရတဲ့သူ ကိုယ္ဘယ္ေတာ့မွ မဟုတ္တာလုပ္မယ္လို႕ မထင္တဲ့သူက လုပ္တာမ်ဳိးပါ

ကေလးေတြကို မဟုတ္တာလုပ္တဲ့သူေတြရဲ႕ 90% ကမိဘက သိတဲ့သူေတြပါ 40%က ယံုျကည္စိတ္ခ်ရတဲ့ ကိုယ့္မိသားစုေမာင္ႏွမ ေဆြမ်ဳိး မိတ္ေဆြအေပါင္းအသင္းထဲကပါ 50% ကသူငယ္ခ်င္း ဆရာဆရာမ ကိုယ့္ပတ္ဝန္းက်င္ အိမ္နီးနားခ်င္းေတြက လုပ္တာပါ

5. ကေလးကို မဟုတ္တာလုပ္ဖို႕ ဘယ္လိုျပင္ဆင္သလဲ ဘယ္လို အဆင့္ေတြရွိသလဲ

Stage 1: အရင္ေရြးခ်ယ္တယ္

ဘယ္လိုကေလးမ်ဳိးက လြယ္ကူမလဲ ဥပမာ တစ္ေယာက္တည္းေခၚသြားလို႕လြယ္လား အားနည္းခ်က္ဘာရွိလဲ လူႀကီးမိဘက အလုပ္မ်ားလို႕ ေသခ်ာဂ႐ုမစိုက္ႏိုင္ရင္ ပိုႀကိဳက္ပါတယ္

Stage 2: ယံုၾကည္မူရေအာင္ယူတယ္

ကေလးက္ို ေစာင့္ၾကည့္ၿပီး ကေလးႏွင့္ပက္သက္တဲ့ အခ်က္ေတြရေအာင္ရယူတယ္ ကေလးမိဘ ကေလးထိန္းႏွင့္ ရင္းႏွီးေအာင္လုပ္ပါတယ္ ဘယ္အခ်ိန္မွာ ဘယ္လိုလူပ္ရွားရမယ္ဆိုတာ စီစဥ္အကြက္ခ်ပါတယ္

Stage 3: လိုအပ္ခ်က္ေတြ ျဖည့္ေပးတယ္ ကူညီတယ္

ကေလးက္ို အရမ္းခ်စ္ျပတယ္ လိုအပ္တာေတြကူညီတယ္ ကေလးဘဝမွာ အေရးႀကီးတဲ့သူျဖစ္ေအာင္ႀကိဳးစားပါတယ္ လက္ေဆာင္ေပးတယ္ ကေလးႏွင့္ လိုအပ္တာထက္ အခ်ိန္ျဖဳန္းတယ္

Stage 4: ကေလးကို တစ္ေယာက္တည္းခြဲထုတ္မယ္

ယံုၾကည္ရၿပီးတဲ့အခါ ကေလးႏွင့္သူႏွင့္ ႏွစ္ေယာက္တည္းျဖစ္မယ့္အေျခအေနမ်ဳိး ျဖစ္ေအာင္ႀကိဳးစားမယ္ အခြင့္အေရးယူပါမယ္ ကေလးက သူကိုခ်စ္တယ္လို႕ခံစားရေအာင္ ဆက္ဆံေရး ကိုတိုးတက္ေအာင္ႀကိဳးစားမယ္

Stage 5: မဟုတ္တာစသင္ေပးျခင္း

ကေလးဆီက ယံုၾကည္မူရတဲ့အခါ ကေလးက္ို မဟုတ္လုပ္ဖို႕ စပါေတာ့မယ္ ကေလးက္ို မဟုတ္တဲ့ပံုျပင္ေတြ ဓါတ္ပံုေတြ ႐ုပ္ရွင္ေတြျပမယ္ ဥပမာ ကေလးႏွင့္ႏွစ္ေယာက္တည္း ေရကူးသြားမယ္ဆိုတာေတြ လုပ္ပါမယ္

ကေလးဆိုတာ စူးစမ္းတဲ့သဘာဝရွိတဲ့အတြက္ သူက္ို မဟုတ္တာ သင္ေပးတာေတြ အထူးအဆန္းလုပ္တာေတြကို သေဘာက်ေနတက္ၿပီး သူတို႕ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကို ေကာင္းတယ္ ထင္ေနတက္ပါမယ္

Stage 6: ထိန္းခ်ဳပ္ထားျခင္း

ကေလးက္ို မဟုတ္တာလုပ္တာကို မိဘျပန္မေျပာေအာင္ လ်ဳိ႕ဝွက္ထားခိုင္းျခင္း ကေလးကို အဲလိုျဖစ္တာသူ႕အျပစ္လို႕ ခ်ိန္းေျခာက္ထားျခင္း ျဖင့္ ကေလးကို ထိန္းခ်ဳပ္ထားႏိုင္ပါတယ္

Ref: IHeartZoe

#Nandar

ကိုယ့္ကေလးကို ဘယ္လိုကာကြယ္မလဲ ဘာမွမျဖစ္ခင္မွာ အခ်ိန္မွီဘယ္လိုတားဆီးမလဲ

———————————–

Unicode

ကိုယ့်ကလေးကို ဘယ်လိုကာကွယ်မလဲ ဘာမှမဖြစ်ခင်မှာ အချိန်မှီဘယ်လိုတားဆီးမလဲ

အခုရေးထားတာက Australia Child abuse Royal Commission ကနေ မိဘ ဆရာတွေ တခြားတာဝန်ရှိသူတွေ သတိထားဖို့ထုတ်ထားတဲ့ စာရွက်စာတမ်းတွေနှင့် Oprah မှာ Forensic psychiatrist Dr. Michael Welner ပြောထားတာတွေကို မှီကိုးထားတာပါ

1. ကလေးကို ဘယ်လိုရွေးချယ်ပြင်ဆင်လဲ

Australia မှာကလေးတွေကို ကိုယ့်ကို လူတစ်ယောက်က လာရောက်ချဉ်းကပ်လာရင် ဘယ်လိုအပြုအမူတွေကို ရှောင်ရမယ်ဆိုတာ ကျောင်းမှာလည်းသင်ပေးပါတယ် ဒီမှာတော့ grooming လို့ပြောနိုင်တဲ့ မသင့်တော်တဲ့ အပြုအမူတွေ ကလေးကို သွားလုပ်နေရင်တောင် ပြစ်မူအနေနှင့် တရားစွဲလို့ရပါတယ်

Grooming ဆိုတာ နည်းအမျိုးမျိုး ပုံစံမျိုးစုံနှင့် အားနည်းချက်ရှိနေတဲ့ ကလေးရဲ့ ယုံကြည်ချက်ရအောင်ကြိုးစားပြီး ကိုယ့်လိုချင်တာကို အခွင့်အရေးရအောင် ယူတာပါ

Grooming ကများသောအားဖြင့် မမြင်ကွယ်ရာမှာ ဖြစ်တာမဟုတ်ပါဘူး လူအများရှေ့မှာတင်ပဲ ဖြစ်တာပါ ဥပမာ ကျောင်း, ဘာသာရေးကျောင်း, အသိမိတ်ဆွေအမျိုးတွေရဲ့ အိမ်တွေမှာ ဖြစ်တာပါ။ Grooming က ကလေးကိုတင်လုပ်တာ မဟုတ်ပါဘူး ကလေးရဲ့ အုပ်ထိန်းသူကိုလည်း ကလေးနှင့် အနီးစပ်နေရအောင် ယုံကြည်ရအာင်

ကြိုးစားပါတယ် Grooming တော်တော်များများက ဘာမှ မထူးဆန်းပါဘူး ကလေးကို ချစ်လို့ သနားလို့ဆိုတဲ့ ရိုးရိုးသားသား ပုံစံမျိုးနှင့်စတာပါပဲ နောက်ကွယ်က သူရဲ့ ရည်ရွယ်ချက်ကသာ မရိုးသားတာပါ

2. ရည်ရွယ်ချက်ကို ဘယ်လိုသိမလဲ

အမြဲသတိထားပါ ဘယ်နေရာမဆို ကိုယ့်မျက်စိရှေ့တင်ဖြစ်နိုင်ပါတယ် ကိုယ့်ကလေးကို အရမ်းချစ်သလို ဂရုစိုက်သလိုကနေ စတက်ပါတယ် ကလေးကို လိုအပ်တာထက်ပိုတဲ့ စျေးကြီးတဲ့ဆော့စရာ အရုပ်တွေ ဝယ်ပေးတက်တယ်။ နောက်အရေးကြီးတာတခုက ကလေးနှင့်သူ့ရဲ့ ဆက်ဆံမူကို လျိုဝှက်ချက်အနေနှင့် ဘယ်သူမှ မပြောဖို့ မှာတက်တယ် ကလေးရဲ့ ခန္တာကိုယ်ကို ထိကိုင်ဖို့ကြိုးစားတက်တယ်

3. ကလေးတွေကို မဟုတ်တာလုပ်တဲ့သူ သုံးမျိုးရှိပါတယ်

အဲဒါသိခြင်းဖြင့် အဲလိုလူတွေနှင့် ဖြစ်လာနိုင်တဲ့ အခြေအနေကို ရှောင်နိုင်ပါတယ်

– Predatory perpetrators လို့ခေါ်တဲ့သူတွေက paedophilia (ကလေးသူငယ်တွေကို မဟုတ်တာလုပ်တဲ့သူတွေပါ), သူတို့က ကလေးတွေကိုပဲ ကြိုက်ပါတယ် သူတို့က ကလေးကို မဟုတ်တာလုပ်ဖို့ နည်းမျိုးစုံနှင့်ကြိုးစားပါမယ် ကလေးကို အရုပ်တွေ မုန့်တွေပေးကာ ယုံကြည်မူရအောင်လုပ်ပါမယ်

– Opportunistic perpetrators ကတော့ ကလေးက်ို မဟုတ်တာ လုပ်တဲ့အပြင် တခြားပြစ်မူတွေလည်း ကျုးလွန်တဲ့သူမျိုးပါ ကလေးလူကြီးမရွေး မဟုတ်တာ လုပ်ပါတယ် များသောအားဖြင့် ကလေးမှာ လူကြီးအုပ်ထိန်းမူ အားနည်းနေလို့ လူကြီးအနားမှာ မရှိလို့ ဖြစ်တာများပါတယ်

– Situational perpetrators ဆိုတာ ကလေးကိုချည်း ကြိုက်တဲ့သူမျိုးမဟုတ်ပါဘူး သူတို့မှာ လူကြီးနှင့် ဖိုမဆက်ဆံမူ မရှိလို့ မလုပ်နိုင်လို့ အခွင့်အရေးရပါက ကလေးကို မဟုတ်လုပ်တာပါ

4. သတိရမယ့် အခြေအနေ ကိုးချက်ပါ

အရမ်းကူညီတဲ့သူ – များသောအားဖြင့် အဖေမရှိတဲ့ကလေးတွေကို သနားလို့လာကူညီတယ်ဆိုတာမျိုးပါ မိဘက အလုပ်အရမ်းရှုပ်နေလို့ ကိုယ့်ကလေးကို လာကူထိန်းပေးတာမျိုးပါ ကလေးကို လုပ်ပေးသင့်တာ ကူညီသင့်တာထက် စေတနာပိုနေတဲ့သူ မျိုးပါ

ကလေးတွေနှင့်အမြဲအချိန်ကုန်နေတဲ့သူ – ကိုယ့်သူငယ်ချင်းတွေထက် ကလေးတွေနှင့် ပိုအချိန်ဖြုန်းနေတဲ့သူ ပိုက်ဆံအကုန်ခံတဲ့သူ မျိုးပါ အများအမြင် ကလေးသိပ်ချစ်တဲ့သူမျိုးပါ ကလေးတကယ်ချစ်တဲ့သူ တွေရှိပါတယ် ဒါပေမယ့် ပုံမှန်လူတွေက ကလေးတွေကို ချစ်သလို ကိုယ့်သူငယ်ချင်းတွေနှင့်လည်း စကားပြောချင်ပါတယ်

ကလေးတွေကို အမြဲထိကိုင်ချင်သူ – အဲလိုလူတွေကကလေးတွေ သူတို့နှင့်ကိုယ်လက်ထိတွေ့ရတာ ကျင့်သားရစေချင်ပါတယ် ။ ကလေးတွေက်ို တချိန်လုံး ဖက်မယ် နမ်းမယ် ကိ်ုင်မယ် ကလိထိုးမယ် တက်နိုင်သလောက် အခွင့်အရေးရသလို ထိတွေ့နေပါမယ် တခါတလေ ကလေးရဲ့ မသင့်တော်တဲ့နေရာတွေတောင် ထိပြီး ကလေးက ပြန်ပြောသလားလို့ စမ်းကြည့်ပါမယ် များသောအားဖြင့်ဒါတွေက လူအများရှေ့မှာတင် ဖြစ်တာပါ

ကလေးရဲ့အထူးသူငယ်ချင်း – ကလေးကို စျေးကြီးတဲ့ လက်ဆောင်တွေ ခဏခဏပေးမယ် အထူးအခွင့်အရေးပေးမယ် ကလေးသွားချင်တဲ့နေရာကို ခေါ်သွားမယ် ကိုယ်ကလေးကို လူတစ်ယောက်က လိုအပ်တာထက် အထူးအခွင့်အရေး အရမ်းပေးနေရင် သတိထားသင့်ပါတယ်

ကလေးတွေသူဆီလာအောင်လုပ်တာ – သူမှာကလေးမရှိပေမယ့် ကလေးကစားစရာတွေ အများကြီး ဝယ်ထားပြီး ကလေးတွေကို သူအိမ်လာအောင် သူဆီမှာ ပျော်အောင်လုပ်တာပါ ဘယ်တော့မှကိုယ့်ကလေးကို အဲလို အိမ်တစ်ယောက်တည်း မလွှတ်ပါနှင့်

ကလေးကိုနားလည်တဲ့သူ – ကလေးတွေအကုန်လုံးက မိဘက စည်းကမ်းသတ်မှတ်တာကို မကြိုက်ကြပါဘူး ကလေးက မိဘတွေကို မကြိုက်တာ မကျေနပ်တာကို သူနားလည်ကြောင်း ပြောမယ် ကလေးက်ို နှစ်သိမ့်မယ် မိဘ ခွင့်မပြုတဲ့ ကလေး လုပ်ချင်တာတွေကို နောက်ကွယ်မှာ ပေးလုပ်ပေးမယ် ကလေးရဲ့ယုံကြည်မူကို ရယူပါလိမ့်မယ်

ကိုယ့်ယုံကြည်မူကို အသုံးချခြင်း – ကိုယ်က ကလေးထိန်းကို စိတ်ချရတဲ့သူကိုဌားထားတာပါ ဒါပေမယ့် ကိုယ့်စိတ်ချတဲ့သူက နေမကောင်းဘူး မအားလို့ တခြားအစားထိုးလူတစ်ယောက်ထည့်ပေးလိုက်တယ် ကိုယ့်ကလည်း ကိုယ့်ယုံရတဲ့သူက လွှတ်တာပဲ တစ်ရက်ပဲ တစ် ပတ်ပဲဆိုပြီး လက်ခံလိုက်ပါတယ် ကိုယ့်ယုံကြည်မူကို အရင်ရအောင်လုပ်ပြီး အသုံးချတာပါ

ထူးချွန်တဲ့ကလေး – ကိုယ့်မှာ အားကစားဒါမဟုတ် အနုပညာထူးချွန်တဲ့ကလေးရှိပါတယ် ဒါကြောင့်ကလေးကို သင်ကြားပေးနိုင်တဲ့သူနှင့် တနေ့လုံး နှစ်ယောက်တည်း လွှတ်ထားပါတယ် ကိုယ့်ကလေး ကို တကယ်စေတနာထား သင်ပေးနေတာလည်း ဖြစ်နိုင်ပါတယ် မဟုတ်တာ လုပ်ဖို့လည်းသူမှာ အခွင့်အရေး အများကြီးရသွားပါတယ်

ကိုယ်မထင်တဲ့သူ – ကိုယ့်ကလေးနှင့်တကယ်ယုံကြည်ရတဲ့သူ ကိုယ်ဘယ်တော့မှ မဟုတ်တာလုပ်မယ်လို့ မထင်တဲ့သူက လုပ်တာမျိုးပါ

ကလေးတွေကို မဟုတ်တာလုပ်တဲ့သူတွေရဲ့ 90% ကမိဘက သိတဲ့သူတွေပါ 40%က ယုံကြည်စိတ်ချရတဲ့ ကိုယ့်မိသားစုမောင်နှမ ဆွေမျိုး မိတ်ဆွေအပေါင်းအသင်းထဲကပါ 50% ကသူငယ်ချင်း ဆရာဆရာမ ကိုယ့်ပတ်ဝန်းကျင် အိမ်နီးနားချင်းတွေက လုပ်တာပါ

5. ကလေးကို မဟုတ်တာလုပ်ဖို့ ဘယ်လိုပြင်ဆင်သလဲ ဘယ်လို အဆင့်တွေရှိသလဲ

Stage 1: အရင်ရွေးချယ်တယ်

ဘယ်လိုကလေးမျိုးက လွယ်ကူမလဲ ဥပမာ တစ်ယောက်တည်းခေါ်သွားလို့လွယ်လား အားနည်းချက်ဘာရှိလဲ လူကြီးမိဘက အလုပ်များလို့ သေချာဂရုမစိုက်နိုင်ရင် ပိုကြိုက်ပါတယ်

Stage 2: ယုံကြည်မူရအောင်ယူတယ်

ကလေးက်ို စောင့်ကြည့်ပြီး ကလေးနှင့်ပက်သက်တဲ့ အချက်တွေရအောင်ရယူတယ် ကလေးမိဘ ကလေးထိန်းနှင့် ရင်းနှီးအောင်လုပ်ပါတယ် ဘယ်အချိန်မှာ ဘယ်လိုလူပ်ရှားရမယ်ဆိုတာ စီစဉ်အကွက်ချပါတယ်

Stage 3: လိုအပ်ချက်တွေ ဖြည့်ပေးတယ် ကူညီတယ်

ကလေးက်ို အရမ်းချစ်ပြတယ် လိုအပ်တာတွေကူညီတယ် ကလေးဘဝမှာ အရေးကြီးတဲ့သူဖြစ်အောင်ကြိုးစားပါတယ် လက်ဆောင်ပေးတယ် ကလေးနှင့် လိုအပ်တာထက် အချိန်ဖြုန်းတယ်

Stage 4: ကလေးကို တစ်ယောက်တည်းခွဲထုတ်မယ်

ယုံကြည်ရပြီးတဲ့အခါ ကလေးနှင့်သူနှင့် နှစ်ယောက်တည်းဖြစ်မယ့်အခြေအနေမျိုး ဖြစ်အောင်ကြိုးစားမယ် အခွင့်အရေးယူပါမယ် ကလေးက သူကိုချစ်တယ်လို့ခံစားရအောင် ဆက်ဆံရေး ကိုတိုးတက်အောင်ကြိုးစားမယ်

Stage 5: မဟုတ်တာစသင်ပေးခြင်း

ကလေးဆီက ယုံကြည်မူရတဲ့အခါ ကလေးက်ို မဟုတ်လုပ်ဖို့ စပါတော့မယ် ကလေးက်ို မဟုတ်တဲ့ပုံပြင်တွေ ဓါတ်ပုံတွေ ရုပ်ရှင်တွေပြမယ် ဥပမာ ကလေးနှင့်နှစ်ယောက်တည်း ရေကူးသွားမယ်ဆိုတာတွေ လုပ်ပါမယ်

ကလေးဆိုတာ စူးစမ်းတဲ့သဘာဝရှိတဲ့အတွက် သူက်ို မဟုတ်တာ သင်ပေးတာတွေ အထူးအဆန်းလုပ်တာတွေကို သဘောကျနေတက်ပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ကောင်းတယ် ထင်နေတက်ပါမယ်

Stage 6: ထိန်းချုပ်ထားခြင်း

ကလေးက်ို မဟုတ်တာလုပ်တာကို မိဘပြန်မပြောအောင် လျို့ဝှက်ထားခိုင်းခြင်း ကလေးကို အဲလိုဖြစ်တာသူ့အပြစ်လို့ ချိန်းခြောက်ထားခြင်း ဖြင့် ကလေးကို ထိန်းချုပ်ထားနိုင်ပါတယ်

Ref: IHeartZoe

#Nandar

Related posts

ညစ္ညမ္းဗီဒီယိုေတြက သင့္ကိုဘယ္လိုနည္းလမ္းနဲ႔ သက္ေရာက္မႈေတြ ေပးတတ္လဲ

Naung Naung

ကေလးမ်ားကို ေဘးကင္းလံုၿခံဳစြာ ကာကြယ္ ေစာင့္ေရွာက္ျခင္း

Nandar Lwin

Sex Doll အရုပ္မ်ားလူကဲ့သို႕စကားအျပန္အလွန္ေျပာႏိုင္ေတ့ာမည္

OMCTC

Leave a Comment