30 C
Yangon
May 21, 2018
  • Home
  • Technology
  • ကမ္ဘာကျော် Apple headphones တွေရဲ့ သင်မသိသေးတဲ့ လုပ်ဆောင်ချက် (၂၃) ချက်
Technology Technology News

ကမ္ဘာကျော် Apple headphones တွေရဲ့ သင်မသိသေးတဲ့ လုပ်ဆောင်ချက် (၂၃) ချက်

Today Bago စာဖတ်သူတွေအနေနဲ့ Apple ရဲ့ နားကြပ်တွေကို ဆရာကျကျသုံးနိုင်ဖို့အတွက် AirPods ,EarPods တွေအကြောင်းကို ရှာဖွေတင်ပြလိုက်ပါတယ်။
သင့်ကိုဆရာကျစေမယ့် ကြိုးမဲ့Apple AirPods ရဲ့လုပ်ဆောင်ချက်(၉) ချက်-


၁။ သင့်ရဲ့ AirPods ကဘတ္တရီအားနည်းနေရင်တောင်မှ သုံးလို့ရပါတယ်
သင့်ရဲ့အားနည်းနေတဲ့ AirPods ရဲ့တဖက်ကို Charging case ထဲမှာအားသွင်းထားရင်းနဲ အခြားတစ်ဖက်ကို အသုံးပြုလို့ရပါတယ်။ သင်နားကြပ်တစ်ဖက်တည်းနဲ့ နားထောင်နေတာတောင်မှ ဘယ်လိုစတီရီယိုသီချင်းမျိုးကိုမဆိုနားနှစ်ဖက်လုံးနဲ့ ကြားရသလိုကြားရမှာဖြစ်ပါတယ်။


၂။ သင့် AirPods ရဲ့အမည်ပြောင်းလဲခြင်း
သင့် AirPods ရဲ့အမည်ပြောင်းလဲထားခြင်းဖြင့် သင့်ရဲ့ iPhone,iPad,Mac,Apple Watch နဲ့ Apple TV တို့ကို Bluetooth နဲ့ချိတ်ဆက်တဲ့အခါမှာ နာမည်ကိုအလွယ်တကူရှာဖွေနိုင်မှာဖြစ်ပါတယ်။ သင့် iPhone ရဲ့ Setting ကနေ Bluetooth ကိုဝင်ပါ။ AirPods ရဲ့ ဘေးကအပြာရောင် i ပုံသဏ္ဍ်ာနအ၀ိုင်းပြာလေးကိုနှိပ်ပါ။Name Box လေးထဲမှာအမည်ပြောင်းလဲနိုင်ပါပြီ။


၃။ တစ်စုံတစ်ယောက်သင့်ကိုဖုန်းခေါ်တဲ့အချိန် သင့်ရဲ့ iPhone ကိုမကြည့်ပဲဘယ်သူခေါ်တယ်ဆိုသိနိုင်ပါတယ်
သင့် iPhone ရဲ့ Setting ထဲက Phone ကိုသွားပါ။ Announce Calls ဆိုတဲ့ feature လေးကို Enable လုပ်ပေးပါ။ တကယ်လို့သင်က Always ကိုပြောင်းထားမယ်ဆိုရင် သင်နားကြပ်မတပ်ထားတာတောင်မှ သင့်ဖုန်းကိုဘယ်သူခေါ်နေတယ်ဆိုတာ ပြောပြပေးသွားမှာပါ။ တကယ်လို့သင်ဟာ Headphones &Car ကိုပြောင်းထားမယ်ဆိုရင် သင်ကားထဲရောက်နေတဲ့အချိန် ဒါမှမဟုတ် AirPods လိုမျိုး နားကြပ်တွေတပ်ဆင်ထားတဲ့အချိန် သင့်ဖုန်းကတစ်စုံတစ်ယောက်ဖုန်းခေါ်တဲ့အခါမျိုးမှာ သင့်ကိုအသိပေးသွားမှာပါ။ တကယ်လို့ Headphone Only ကိုပြောင်းထားမယ်ဆိုရင် တစ်စုံတစ်ယောက်သင့်ကိုဖုန်းခေါ်တဲ့အခါ သင်နားကြပ်တပ်ထားတဲ့အချိန်ပဲ သင့်ဖုန်းကအသိပေးသွားမှာပါ။


၎။ သင့် AirPods ရဲ့ ဘတ္တရီသက်တမ်းကို သင့်ဖုန်းထဲကနေစစ်ဆေးနိုင်ပါတယ်။
သင့် iPhone ရဲ့home screen>> widget ထဲမှာ AirPods နဲ့ AirPods case ရဲ့ဘတ္တရီသက်တမ်းကိုကြည့်လို့ရပါတယ်။
၅။သင့် AirPods ရဲ့ ဘတ္တရီသက်တမ်းကိုသင့်ရဲ့ Apple Watch ကနေတဆင့်လည်းကြည့်လို့ရပါသေးတယ်။
၆။ သင့် AirPods ရဲ့ ဘတ္တရီသက်တမ်းကိုသင့်ရဲ့ Mac ကနေတဆင့်ကြည့်ဖို့အတွက် Mac screen ရဲ့ထိပ်နားက Menu Bar မှာကြည့်လို့ရပါတယ်။


၇။ သင့် AirPods ရဲ့ double-tap feature ကိုအသုံးပြုဖို့အတွက် Setting>Bluetooth မှ Airpods ဘေးနားက i ကိုနှိပ်ပါ။ double-tap feature ကိုသုံးခြင်းဖြင့် Siri ကတဆင့်သီချင်းအဖွင့်အပိတ်ကို ခိုင်းစေနိုင်မှာဖြစ်ပါတယ်။
၈။ သင်ဟာ Siri ကတဆင့်ခိုင်းစေမယ်ဆိုရင်သင့် AirPods ရဲ့ double-tap ကိုဖွင့်ထားဖြင်းဖြင့် AirPods ရဲ့ဘေးတဖက်ကိုလက်နဲ့ နှစ်ချက်ထိပြီး အသံအတိုးအချဲ့၊ သီချင်းကျော်ခြင်း၊ သီချင်းအဖွင့်အပိတ်ကို မိမိအသံနဲ့
အင်္ဂလိပ်လိုခိုင်းစေနိုင်မှာဖြစ်ပါတယ်။အင်တာနက်ဖွင့်ထားဖို့တော့လိုပါတယ်။
၉။ AirPods ကိုရိုးရိုးမိုက်ခရိုဖုန်းကဲ့သို့ ဘယ်ညာရွေးချယ်ခြင်း
သင့်ရဲ့ AirPods setting ထဲကနေ Microphone ကိုရွေးချယ်ထားခြင်းဖြင့် ဘယ်သံညာသံကိုပြောင်းလဲနားထောင်နိုင်ပါတယ်။

Apple EarPods ရဲ့လူသိပ်မသိတဲ့အသုံးဝင်ပုံ ၁၄ ချက်


Apple ရဲ့လက်ဟောင်း နားကြပ်ဖြစ်တဲ့ EarPods ဟာဆိုရင် သူ့ရဲ့ အသံအတိုးအချဲခလုတ်နဲ့တင် သင့်ဖုန်းကိုရီမုတစ်လုံးလိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။
၁။ သင့်ဖုန်းမှာ EarPods ကိုတပ်ဆင်ပြီးအသံအတိုးအချဲ့ခလုတ်နဲ့ ကင်မရာကိုလွယ်ကူမြန်ဆန်စွာရိုက်နိုင်ပါတယ်။ တခြားကင်မရာ App တွေမှာပါ အလုပ်လုပ်တာကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်။
၂။ EarPods ရဲ့အသံအတိုးခလုတ်အလယ်ကိုဖိပြီး Apple Music, Podcast,Spotify နဲ့အခြား App တွေရဲ့ အသံအဖွင့်အပိတ်ကိုထိန်းချုပ်နိုင်ပါတယ်။
၃။ EarPods ရဲ့အလယ်ခလုတ်ကို သုံးချက်နှိပ်ပြီးဖိထားခြင်းဖြင့် နောက်သို့ပြန်ရစ်နိုင်ပါတယ်။
၎။ သီချင်းတွေကိုနောက်သို့ တပုဒ်လုံးကျော်ဖို့အတွက် အလယ်ခလုတ်ကိုသုံးချက်နှိပ်ပါ။
၅။ရှေ့ကိုတစ်ပုဒ်လုံးကျော်ဖိုအတွက်အလယ်ခုလုတ်ကိုနှစ်ချက်နှိပ်ပါ။
၆။အလယ်ခလုတ်ကို နှစ်ချက်နှိပ်ပြီးဖိထားခြင်းဖြင့် ရှေ့ကိုကျော်နိုင်ပါတယ်။
၇။သင့်ဆီဖုန်းဝင်လာတဲ့အခါ EarPods ရဲ့အလယ်ခလုတ်ကိုနှိပ်ပြီး ဖုန်းကိုင်နိုင်ပါတယ်။
၈။ဖုန်းချချင်တဲ့အခါမှာလည်း အလယ်ခလုတ်ကိုနှိပ်ပြီး ဖုန်းချနိုင်ပါတယ်။
၉။သင့်ဆီဖုန်းဝင်လာလို့ မကိုင်ချင်တဲ့ဖုန်းဆိုရင်တော့ အလယ်ခလုတ်ကိုသာကြာကြာလေးဖိထားလိုက်ပါ။
၁၀။သင်ခေါ်ချင်တဲ့ဖုန်းကိုလည်း အလယ်ခလုတ်ကိုနှိပ်ပြီးခေါ်နိုင်ပါတယ်။
၁၁။ EarPods ကိုတပ်ပြီးဖုန်းပြောနေချိန် နောက်ထပ်အခြားတစ်ယောက်ကပြိုင်တူခေါ်လာခဲ့ရင်လည်း အလယ်ခလုတ်ကိုနှိပ်ပြီးနောက်တစ်ယောက်ကိုဖြေကြားနိုင်ပါတယ်။
၁၂။ အလယ်ခလုတ်ကို တကြိမ်စီနှိပ်ရုံနဲ့ နှစ်ယောက်စလုံးနဲ့ဖုန်းပြောနိုင်မှာပါ။
၁၃။ EarPods ရဲ့အလယ်ခလုတ်ကိုတစ်ချက်နှိပ်ပြီး ဖိထားခြင်းဖြင့်ပထမလူကိုဖုန်းချလိုက်ပြီးနောက်လူနဲ့ဆက်ပြောနိုင်ပါတယ်။
၁၄။ EarPods ရဲ့အလယ်ခလုတ်ကိုဖိထားခြင်းဖြင့် Siri ကိုလည်းအသက်သွင်းနိုင်ပါသေးတယ်။

မြန်မာနိုင်ငံတွင် စမတ်ဖုန်းဖြင့် ပထမဆုံးရိုက်ကူးသော မဂ္ဂဇင်းကာဗာ ရိုက်ကူးမှု

Source-BUSINESS INSIDER
#TB-naung_naung

 

 

 

 

 

 

 

 

 

Related posts

ကလေးငယ်များက ကိုယ်ပိုင်အရုပ်များ ဖန်တီးပြုလုပ်နိုင်မည့် ဒေါ်လာ ၃၀၀ တန် 3D

OMCTC

ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍ Facebook မှ အသိပညာ မြှင့်တင်ပေးမည်

OMCTC

Hibernate feature ကို Windows 10 တွင် Enable ပြုလုပ်ခြင်း

OMCTC

Leave a Comment